Thursday, 19 April 2012
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ပထမဆုံးအကြိမ် ရဟန်းခံရှင်ပြု သင်္ကြန်အတက်နေ့တွင် လူဝတ်ပြန်လဲခဲ့
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် ၄င်း၏ သားနှစ်ဦး ရဟန်း ခံခြင်း မြေးများ ရှင်ပြုသီလရှင်ဝတ်ခြင်းအလှူပွဲကို ဧပြီ ၉ရက် နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ်ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့်နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့က အမှူးပြု၍ အလှူဒါနပြုလုပ်ခဲ့ပြီး
ဦးခင်ညွန့်အပါအဝင် သားနှစ်ဦး နှင့် မြေး ၅ ဦးတို့ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးမှ ဥပဇ္ဈာယ်ပြုလျက် သာသနာ့ဘောင် သို့ သွတ်သွင်း ပေးခဲ့သည်။
”ဒါ ပထမဆုံး ရဟန်းခံတာပါ။ ရဟန်းဘဝနဲ့ တစ်ပတ်လောက်နေမယ်လို့ ပြောတယ်”ဟု ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက်တာဒေါ်ခင်ဝင်းရွှေ က ဆိုသည်။
အလှူရှင်မိသားစုက အလိုတော်ပြည့် ဆရာတော်ကြီးအား သိက္ခာထပ်ကံဆောင်ခြင်း ကုသိုလ်ကိုလည်း ပြုလုပ်ခဲ့ကြသည်။ ယင်း ရှင်ပြုရဟန်းခံပွဲသို့ အငြိမ်းစား အရာရှိကြီးများနှင့် ၄င်းနှင့် ဆက်စပ်သော အရာရှိအသိုင်းအဝိုင်းမှ ဧည့်ပရိသတ်ပေါင်း ၂ဝဝ ခန့် တရားနာ လာရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဧည့်သည်များပါ လာရောက် ၍ သိမ်ဆင်းလောင်းလှူ ခဲ့ကြသည်။
သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ရက်နေ့ ညနေ ၅ နာရီ ခန့်တွင်မူ ဦးခင်ညွန့်နှင့် သားမြေး မိသားစုတို့သည် သာသနာ့ဘောင်မှ လူ့ဘောင်သို့ပြန်လည် ဝင်ရောက် ခဲ့ကြသည်။
PN 039
Subscribe to:
Post Comments (Atom)
No comments:
Post a Comment