ဧဒင်အချစ်ပုံပြင်: ဗေဒင်
Showing posts with label ဗေဒင်. Show all posts
Showing posts with label ဗေဒင်. Show all posts

Sunday, 31 August 2014

အမျိုးသမီးများတွင် ထင်ရှားသောမှဲ့(၇)မျိုး


Photo: အမျိုးသမီးများတွင် ထင်ရှားသောမှဲ့(၇)မျိုး 
---------------------------------------------

-ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။

-ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။

-မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)

-မျက်ရည်ခံမှဲ့ (ညာရယ်)

-နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။

- ရွှပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။

- စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုး သမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုး ရှိ တယ်။

အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှား ရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေ တယ်ဆိုရင် အဲဒီမှဲ့ကို ၇တနာရွှေအိုးလို့ ခေါ် တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များ သောအားဖြင့် ကြွယ်ဝချမ်းသာလေ့ရှိတယ်။ နာမည်ဂုဏ်သတင်းကျော်ကြားတတ်တယ်။နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေ မှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိ တယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခနပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ရတနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီး တွေဟာ ကျောက်နီ ၊ ပတ္တမြား၊ စိန်နှစ်သက် ရာ တစ်ခုခုကို လက်သူကြွယ်မှာ ၀တ်ဆင် ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင် ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာ ဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုး သမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်း သာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။နောက်ပြီးသား ကောင်း ၊သမီးကောင်းတွေ ထွန်းကားကြ တယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော် ကြား တဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင် ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘ၀တွင် ဘာသာတရား လိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အ ထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ် လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ် လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ က တည်းက ကြမန်းတမ်းတဲ့ ဘ၀ခရီးကို အ ကွေ့ အကောက်များစွာနဲ့ ဖြတ်သန်းရတတ် တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များ တတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆို ရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မ၀တ်သင့်ဘူး။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ၀တ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက် အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြား မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်း ထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘ၀တစ်လျှောက်ဆုံး ရှုံးမှု့ကြီးများစွာနဲ့ ကြုံတွေ့ရတတ်ပြီးအသက် ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ် တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံး တတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ် တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အ မျိုးသမီးတွေဟာ ဘာသာတရားကို အထူး လိုက်စားပြီး ကိုယ်ကျင့်တရားအထူး ကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ် ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရ မယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ် အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်း၊ ဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ၀တ် ဆင်ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နား မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်း ထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တ ဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ် ၀တယ်။ မူယာမာယာ များတတ်ကြ တယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ်ပြောင်ခေါင်း စိမ်းရတနာတို့ကို ၀တ်ဆင်သင့်တယ်။ အနီ ရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ် တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင် ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ၀န်းရံ နေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီး တော့ လူချစ်လူခင် အားကြီးများတယ်။ စန်း ပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူ ရောင် အစိမ်းရောင် ရတနာမှန်သမျှ ၀တ် ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင် ထင် ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာ မည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့် အပေါ်ကို အိမ်ထောင်ဘက်ကချစ်ခင် အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက် လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာ တော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရ လေ့ရှိတယ်။ သူတို့တွေအတွက် အကောင်း ဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲ တန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့် တယ်။ အဖြူရောင် ကျောက်မျက်ရတနာမျိုး စုံနဲ့ သင့်မြတ်တယ်။

credit - ဆရာဟိန်းတင့်ဇော်
-ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။

-ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။

-မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)

-မျက်ရည်ခံမှဲ့ (ညာရယ်)

-နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။

- ရွှပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။

- စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုး သမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုး ရှိ တယ်။

Tuesday, 10 June 2014

ဘေးကျပ်နံကျပ် အခက်တွေ့နေသူများအတွက် ယတြာ


(ဗေဒင်ဝါသနာအိုး)


ယုံယုံကြည်ကြည်နဲ့လုပ်ကြည့်လိုက်ပါ။ အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။

အစွန်းအထင်းကင်းစင်သော စက္ကူဖြူ တစ်ခုအား ကတော့ထိုးပါ။ ၎င်းစက္ကူကတော့ အတွင်း၌ ပိတောက်ညွန့် (၁၂)ညွန့် ထည့်ပါ။ ထန်းလျှက်ခဲ (၁၁)ခဲ ထည့်ပါ။ ထို့နောက် နဂါးရုံဘုရား တစ်ဆူဆူတွင် နေ့သားအလိုက် သတ်မှတ်ထားသော အချိန်တွင် သွားရောက်လှူဒါန်းပူဇော် ဆုတောင်းပါ။

နေ့သားအလိုက် ဆောင်ရွက်ရမည့် အချိန်များ

Thursday, 13 February 2014

( ၇ ) ရက်သားသမီးများအတွက် ( ၁၃-၂-၂ဝ၁၂ မှ ၁၉-၂-၂ဝ၁၄ ) ဟောစတမ်း

တနင်္ဂနွေ
ကံသစ်ပွင့်၍ တိုးတက်မှုများ အဆင့်ဆင့်ရှိမည်။ အခက်အခဲများ ကျော် လွှားနိုင်မည်။ တိုင်းတစ်ပါးနှင့် စပ်လုပ်သောလုပ်ငန်းများ အထူးအကျိုးပေးမည်။ ရည်မှန်းချက်သစ်များကို လက်တွေ့ဆောင်ရွက်ရန် အခါကောင်း ကျရောက် သည်။ ပေါ်ပေါက်လာသော အခြေအနေမှန်ကို သုံးသပ်နိုင်စွမ်း ရှိမည်။
ယတြာ ။ ။ မွေးနေ့တွင် နှင်းဆီသုံးပွင့် မကြာခဏ ဘုရားလှူပါ။

Thursday, 14 November 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် ( ၁၄-၁၁-၂ဝ၁၃ မှ ၂ဝ-၁၁-၂ဝ၁၃ ) ဟောစတမ်း


တနင်္ဂနွေ
မတော်တဆ ထိရှမှု အထူးဂရုစိုက်ပါ။ ကိုယ်တိုင်လည်းကောင်း၊ မိသားစု တွင်လည်းကောင်း ကျန်းမာရေးအညံ့ရှိမည်။ ငွေလာချေးသူပေါ်က ဆုံးမည်။ အနီးကပ်ပြောစကားကို ယုံစားမိသောကြောင့် ဆုံးဖြတ်ချက် မှားယွင်းတတ်သည်။ သူတစ်ပါး မလုပ်ဝံ့သော လုပ်ငန်းများ မိမိလုပ်၍ အကျိုးရှိမည်။ အလိုရှိရာ ဆောင်ရွက်အောင်မြင်မည်။ နှောင့်ယှက်လာသူများအား ကျော်လွှားနိုင်မည်။ ပြဿနာဖြစ်က ဖြေရှင်းရခက်တတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် ကြယ်တာရာပန်း ဘုရားပန်းကပ်လှူပါ။

Thursday, 31 October 2013

( ၇ ) ရက်သားသမီးများအတွက် ( ၃၁-၁ဝ-၂ဝ၁၃ မှ ၆-၁၁-၂ဝ၁၃ ) ဟောစတမ်း

တနင်္ဂနွေ
စိတ်အေးချမ်းမည်။ အလိုပြည့်စုံမည်။ မိသားစုနှင့်ပတ်သက်သော ကောင်း သတင်းနှင့် တိုးတက်ခြင်းများကြုံမည်။ အလှူမင်္ဂလာကိစ္စများ ကြုံတွေ့မည်။ အမျိုးသမီးမိတ်ဆွေအကြီးအကဲတစ်ဦးထံမှ အထောက်အကူရရှိမည်။ တစ်ပါးသူ ၏ မေတ္တာရေး၊ အိမ်ထောင်ရေးနှင့်ပတ်သက်သောကိစ္စ

Tuesday, 15 October 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် ( ၁၇-၁ဝ-၂ဝ၁၃ မှ ၂၃-၁ဝ-၂ဝ၁၃ ) ဟောစတမ်း

တနင်္ဂနွေ
ထူးခြားသောကံ မြင့်မားခြင်း၊ လာဘ်ပွင့်ခြင်းရှိမည်။အလုပ်လျှောက် အလုပ် ရှာ၍ကောင်းသည်။ စိတ်ကူးရည်ရွယ်ချက်များ၊ အလုပ်အကြံအစည်များ အောင် မြင်အောင် ဆောင်ရွက်နိုင်သောကာလဖြစ်သည်။ အပြောအဆို စကားများတွင် အထူးအောင်မြင်မည်။ သူတစ်ပါးကိစ္စအတွက် စိတ်ပင်ပန်းရမည်။ ပညာရှာသူ များအဖို့

Wednesday, 2 October 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် ( ၃-၁ဝ-၂ဝ၁၃ မှ ၉-၁ဝ-၂ဝ၁၃ ) ဟောစတမ်း


တနင်္ဂနွေ
မိသားစု စီးပွားတက်မည်။ ရုတ်တရက် ပေါ်ပေါက်လာသော ပြဿနာများကို ဖြေရှင်းထိန်းချုပ်နိုင်မည်။ မိသားစုတွင် ကောင်းသောအလှူမင်္ဂလာကိစ္စများ ကြုံမည်။ ရတနာပစ္စည်းများ လက်ဆောင်ရတတ်သည်။ ခံတွင်းပျက်ခြင်း၊ သွား၊ သွားဖုံး ဒုက္ခ ပေးခြင်း ကြုံမည်။ အထူးသတိပေးလိုသည်မှာ တစ်ပါးသူပေးသော

Wednesday, 18 September 2013

ခုနှစ်ရက်သားသမီးများအတွက် ( ၁၈.၉.၁၃ ) မှ ( ၂၄.၉.၁၃ ) အထိတပတ်စာဗေဒင်ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့် ဆရာမဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
ရေခြားမြေခြား ပင်လယ်ရပ်ခြားခရီးသွားရတတ်သည်။ သို့မဟုတ် မိမိမရောက်ဖူးသောဒေသ

သို့သွားရတတ်သည်။ အလုပ်အကိုင်အစစအရာရာအဆင်ပြေနေတတ်သည်။
မိမိထံသို့ဘာသာရေးနှင့်ပတ်သက်သောပုံတော်များရောက်လာတတ်သည်။ ရောက်
လာပြီးသော်ထူးခြားမှုများဖြစ်လာတတ်သည်။

Friday, 13 September 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် ( ၁၂-၉-၂ဝ၁၃ မှ ၁၈-၉-၂ဝ၁၃ ) ဟောစတမ်း


တနင်္ဂနွေ
ငွေကြေးကံကောင်းမည်။ မိမိအကျိုး လိုလားသောသူများနှင့် ဆက်ဆံရ မည်။ ကာလအတန်ကြာ ကင်းကွာနေသော မိတ်ဆွေဟောင်း၊ ဝန်းကျင်ဟောင်း များနှင့် ပြန်လည်ဆုံစည်း ရမည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ မိသားစုတွင် အလုပ်စီးပွား တိုးတက်ခြင်း၊ ဝင်ငွေတိုးပွားခြင်း

Thursday, 5 September 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၅-၉-၂ဝ၁၃ မှ ၁၁-၉-၂ဝ၁၃) ဟောစတမ်း

တနင်္ဂနွေ
ဆက်ဆံရသော ဝန်းကျင်အတွင်း ကောင်းသောအပြောင်းအလဲ ဖြစ်မည်။ ခရီးနှင့်ပတ်သက်သော ကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ ဝေးကွာနေသော သူများနှင့် ပြန်လည်ဆုံစည်းမည်။ ပြီးဆုံးရပ်တန့်သွားပြီဟုထင်သော ကိစ္စများအား ပြန်လည်၍ ဆောင်ရွက်ရမည်။ ဘဝလမ်းကြောင်း အသစ်တစ်ခုသို့ ရည်ညွှန်း ဆောင်ရွက်ရန် အခါကောင်း ကျရောက်သည်။ မရောက်ဖူးသော အရပ်ဒေသ

Wednesday, 28 August 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၂၉-၈-၂ဝ၁၃ မှ ၄-၉-၂ဝ၁၃ ) ဟောစတမ်း


တနင်္ဂနွေ
ရင်းနှီးသူများနှင့် ပဋိပက္ခ စကားပြောရမည်။ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်မည်။ ကာလအတန်ကြာ စီစဉ်ထားသည့် လမ်းကြောင်းတစ်ခုအား ဦးတည် ချက်ပြောင်း၍လုပ်ရမည်။ ကာလအတန်ကြာ

Friday, 16 August 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၁၅-၈-၂ဝ၁၃ မှ ၂၁-၈-၂ဝ၁၃ ) ဟောစတမ်း


တနင်္ဂနွေ
ကောင်းသော အပြောင်းအလဲ ရှိမည်။ မိတ်ကောင်းများထံမှ အထောက် အကူရမည်။ အတိုက်အခံကြားမှ တိုးတက်မည်။ အပျောက်အရှ များတတ် သည်။ ငွေကြေး လက်လွန်တတ်သည်။ ဆောင်ရွက်လိုက်သော ကိစ္စများ ဆုံးခန်း မတိုင်မီ ရပ်တန့်သွားတတ်သည်။ လက်လွန်ထားသော ငွေကြေး၊ ပစ္စည်းအတွက်စကားပြောဆို ရအောင်မြင်မည်။
ယတြာ ။ ။ ယတြာ-မွေးနေ့တွင် အုန်းသီးစိတ် ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
သူတစ်ပါးအပေါ် ယုံစားလွန်း၍ စိတ်အနှောင့်အယှက် ဖြစ်တတ်သည်။ ဒုက္ခပေးသော သူများကြားမှ တိုတးက်မှုရှာရမည်။ စကားမတည်သောသူများနှင့် တွေ့မည်။ အလုပ်လုပ်ရင်း ငွေလက်လွန်တတ်သည်။ အတိတ်ကာလအတန်ကြာ ယုံကြည်စွာ ဆက်ဆံခဲ့သောသူမှ မိမိအပေါ် ဒုက္ခပေးခြင်းကြုံမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ကြာဆန်ချက်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
အနှောင့်အယှက် အခက်အခဲများကို ထိုးဖောက်၍ တိုးတက်သော အခြေ အနေကောင်းကို ရရှိမည်။ မိမိအပေါ် ဒုက္ခပေးသောသူများကို ဖယ်ထုတ်နိုင် သည်။ ဖြစ်ပေါ်နေသောအခြေအနေကိုအသုံးချပြီး တိုးတက်မှုရရှိမည်။ အဖျက် အခက်အခဲများ ရှိနေသည့်ကြားမှ ထိုးဖောက်တိုးတက်မည်။ ငွေမြှုပ်နှံ၍ အကျိုး ရှိမည်။ အလုပ်မရှိသူ အလုပ်ရမည်။ လုပ်ငန်းရှိသူ တိုးတက်မည်။ ခက်ခဲသော ပြဿနာများ ဖြေရှင်းအဆင်ပြေမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် စံပယ်ပန်း ၃ ကုံး ဘုရားပန်းကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
ဝေးကွာနေသောသူများနှင့် ပြည်လည်ဆုံစည်းမည်။ ခက်ခဲသောပြဿနာ များ ပြန်လည်ဖြေရှင်းရမည်။ ရန်အတိုက်အခံများကြားမှ တိုးတက်မှုအဆင့်ဆင့် ရရှိမည်။ အပြိုင်အဆိုင် မည်မျှရှိစေ အဆုံးပိုင်းတွင် အောင်မြင်သော အနေအထား ကြုံတွေ့ရပါမည်။ စိတ်ကူးသစ်နှင့်လုပ်ကိုင်ခြင်း မှ ကောင်းသောအကျိုးဆက် ရရှိမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် အဝါရောင်ပန်းပွင့်များ ဘုရားပန်း ကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
အခက်အခဲများ ပြေလည်အောင် ဖြေရှင်းနိုင်မည်။ လူယုံထား၍ မရသေး ပါ။ ဆုံးဖြတ်ချက်သစ် ချမှတ်ပြီး လုပ်ကိုင်လိုက်သော ကိစ္စများမှ ထူးခြားသော တိုးတက်မှုကောင်းများ ရရှိမည်။ သူတစ်ပါးနှင့် ပူးပေါင်းလုပ်သော ကိစ္စများမှ ထူးခြားသော အကျိုးဆက် ရရှိမည်။ ရုတ်တရက် ပေါ်လာသော အခြေအနေကို အသုံးချပြီး တိုးတက်မှုအဆင့်ဆင့်ရရှိမည်။ အချစ်ရေး၊ မေတ္တာရေးတွင် ကံကောင်း သောအနေအထားရှိပါသည်။
ယတြာ ။ ။ ယတြာ-မွေးနေ့ညနေပိုင်းတွင် ရွှေရင်အေးဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
အပြောင်းအလဲရှိမည်။ မိတ်ကောင်း ဆွေကောင်း အကူအညီရမည်။ အရပ်ဝေးနှင့် ဆက်နွယ်လုပ်ကိုင်သည်များမှ ထူးခြားသော အကျိုးဆက်ရရှိမည်။ ငွေကြေး လာရောက်ချေးငှားသူများ ရှိမည်။ ပေးလိုက်ပါက သေချာပေါက် ဆုံးမည်။ မိသားစုတွင်လည်း သားချင်းဆွေမျိုးများကြောင့် စကားများရခြင်း၊ စိတ်ပင်ပန်းရခြင်းများ ရှိမည်။ လုပ်ငန်းခွင်မှသူများအဖို့ မထင်မှတ်သော အပြောင်းအလဲများမှ ရည်ရွယ်ထားသည်ထက်ပိုသော အောင်မြင်မှုကို ရရှိမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် မုန့်ဖက်ထုပ် ဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
စိတ်ချမ်းသာခြင်း၊ အောင်မြင်ပျော်ရွှင်ခြင်း၊ ကံမြင့်မားခြင်းများ စုပေါင်းဖြစ် ပေါ်မည်။ ရန်အခက်အခဲအားလုံးကို ဖြေရှင်းပယ်ရှားနိုင်မည်။ သူတစ်ပါး တား ဆီးနေသည့်ကြားမှ ဇွတ်ဆောင်ရွက်လိုက်သော ကိစ္စများ အကျိုးဖြစ်ထွန်းလာ မည်။ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတွင် အောင်မြင်မှု ရလင့်ကစား အိုးအိမ်ကိစ္စ၊ မိသားစုရေးရာများတွင်ကား အဆင်မပြေခြင်းများ ရှိမည်။ ပြဿနာများ လိုက် လံဖြေရှင်းရမည်။ အပေါင်းအသင်းများသည်လည်း အကျိုးပေးခြင်း မရှိ။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် သစ်ခွပန်းရောင်စုံ ဘုရားကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
ပြောင်းလဲခြင်းနောက်မှ တိုးတက်ခြင်း ဖြစ်ထွန်းမည်။ တစ်ခုထက်မက သော အလုပ်များကို တစ်ပြိုင်တည်း လုပ်ကိုင်၍ တက်လမ်းရရှိမည်။ စိတ်ကူး ထားသည်များကို ရဲရဲတင်းတင်း ရှေ့တိုးဆောင်ရွက်သင့်သည်။ ငွေကြေးပစ္စည်း များ လက်လွှဲလက်ပြောင်းပြုရာတွင် အထူးသတိရှိရမည်။ အမှားအယွင်းများ ခြင်း၊ ပြန်လည်ဖြေရှင်းရခြင်းများ ကြုံနိုင်သည်။ မလိုအပ်သော စကားများ ပြောရတတ်သည်။ ငွေကြေး၊ စရန်ပေးချေခြင်းများ အလောတကြီး မလုပ်သင့်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ထောပတ်သီးဖျော်ရည် ဆွမ်းတော်တင်ပါ။

စံဇာဏီဘို

Friday, 9 August 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၈-၈-၂ဝ၁၃ မှ ၁၄-၈-၂ဝ၁၃ ) ဟောစတမ်း


တနင်္ဂနွေ
ပြိုင်ဘက်အပေါ် အနိုင်ရသောကိန်း ကြုံမည်။ ပျိုရွယ်သူများ အချစ်ရေး၊ မေတ္တာရေး ကံကောင်းမည်။ အဆင်ပြေလိမ့် မည်ဟူ၍ လုံးဝမမျှော်လင့်ထား ကိစ္စတစ်ခုမှ ထူးခြားသော အောင်မြင်မှုကို ရရှိမည်။ သူတစ်ပါးပေးသော အကြံ ဥာဏ်ကောင်းကို လေးနက်စွာ ခံယူပြီး စနစ်တကျ အသုံးချပြီး

Wednesday, 7 August 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၈-၈-၂ဝ၁၃ မှ ၁၄-၈-၂ဝ၁၃ ) ဟောစတမ်း


Photo: ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၈-၈-၂ဝ၁၃ မှ ၁၄-၈-၂ဝ၁၃ ) ဟောစတမ်း
Wednesday, August 07, 2013

တနင်္ဂနွေ
ပြိုင်ဘက်အပေါ် အနိုင်ရသောကိန်း ကြုံမည်။ ပျိုရွယ်သူများ အချစ်ရေး၊ မေတ္တာရေး ကံကောင်းမည်။ အဆင်ပြေလိမ့် မည်ဟူ၍ လုံးဝမမျှော်လင့်ထား ကိစ္စတစ်ခုမှ ထူးခြားသော အောင်မြင်မှုကို ရရှိမည်။ သူတစ်ပါးပေးသော အကြံ ဥာဏ်ကောင်းကို လေးနက်စွာ ခံယူပြီး စနစ်တကျ အသုံးချပြီး တိုးတက်မှုအဆင့်ဆင့် ရရှိမည်။ ကျန်းမာရေး တွင် ရောဂါဝေဒနာဟောင်းများ ပြန်ပေါ်မည်။
ယတြာ ။ ။ မွေးနေ့တွင် ခြေသုတ်ခုံ လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
မြှုပ်နှံထားသောကိစ္စများမှ ကောင်းသောအကျိုးဆက် ရရှိမည်။ ရန်၊ မနာလိုသူ အပြိုင်အဆိုင်များနှင့် ထိပ်တိုက် တွေ့ကိန်း ရှိသည်။ အတိုက်အခံအားလုံးကို ကျော်လွှားပြီး တိုးတက်မည်။ အလုပ်စီးပွား ကိစ္စများ တွင် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်သည် ရှုပ်ထွေးမှုဖြစ်နေသည့်ကြားမှ မိမိကိုယ်ပိုင် အစွမ်း အစကြောင့် တိုးတက်မှု ကြုံရပေမည်။
ယတြာ ။ ။ မွေးနေ့တွင် ကျောက်ကျောဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
ထူးခြားသော အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်မည်။ မည်သည့်ကိစ္စ ကိုမှ ပုံသေထားပြီး လုပ်၍ မရ။ နေ့စဉ်နှင့်အမျှ အခြေအနေအလုံးစုံသည် တစ်မျိုး ပြီးတစ်မျိုး ပြောင်းလဲနေသည်။ ဆောင်ရွက်ရင်း တစ်ပိုင်းတစ်စ ရပ်တန့်ထား သောလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်မည်။ လက်လွန်ထားသောငွေ ကြေး၊ အခွင့်အရေး၊ ပစ္စည်းများကို လက်ဝယ်ပြန်လည်ရရှိအောင်ဆောင်ရွက်နိုင်သောအခြေအနေရှိမည်။
ယတြာ ။ ။ မွေးနေ့တွင် နှင်းဆီပန်းအဝါ ၃ ပွင့် ဘုရားပန်းကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
ဘဝတိုးတက်မည်။ အကြံအစည် အောင်မြင်မည်။ အပြောင်းအလဲနှင့် တက်လမ်းရှိမည်။ ခက်ခဲသော ကိစ္စများ ဖြေရှင်း အဆင်ပြေမည်။ ရုတ်တရက် ပေါ်လာသော အခြေအနေကို အသုံးချပြီး တက်လမ်းကောင်း ကြုံမည်။ကိုယ် တိုင်တွင်ဖြစ်စေ၊ မိသားစုတွင်ဖြစ်စေ မြုပ်နေသော ငွေကြေး၊ ပစ္စည်းများ လက် ဝယ်ပြန်လည်ရရှိသော အခြေ အနေကောင်းများ ကြုံရပေမည်။ အရင်းနည်း၍ အမြတ်များသော အလုပ်၊ အခွင့်အရေးနှင့် တိုးတက်မှု ကံကောင်းခြင်း ကြုံမည်။
ယတြာ ။ ။ မွေးနေ့တွင် လီလီပန်း ဘုရားပန်းကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
လူစည်ကားသော ဈေး၊ စတိုးဆိုင် စသည့်နေရာများတွင် ခါးပိုက်နှိုက်ခံရ တတ်သည်။ အပေါင်းအသင်းများ ဒုက္ခ ပေး တတ်သည်။ လျှို့ဝှက်အပ်သောကိစ္စ များကို တစ်ပါးသူအားပြောဆိုမိ၍ စိတ်ရှုပ်ရတတ်သည်။ သူတစ်ပါးအပေါ် ယုံစားမှု လွန်ကဲရန် မသင့်ပါ။ ခရီးကိစ္စ စီစဉ်ဆောင်ရွက်၍ အကျိုးရှိမည်။ အလုပ် သစ်၊ စီးပွားသစ်များချဲ့ထွင်၍ တိုးတက်မှု ရမည်။ အတတ်ပညာနှင့် ပတ်သက်၍ ကံကောင်းမည်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ပန်းထိမ်မနိုင်ပန်း ဘုရားလှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
စကားများရမည်။ အယူအဆသဘောထား ကွာခြားသောသူများနှင့် ဆက်ဆံရခြင်းများ ကြုံမည်။ မိမိဘက်မှ တာဝန်ကျေလင့်ကစား ပေါ့ပေါ့ဆဆ ဆောင်ရွက်တတ်သူများနှင့် ဆက်ဆံရမည်။ အိမ်တွင်းရေးအညံ့ ရှိသည်။ မိမိ အပေါ် အမြင်မကြည်လင်၊ ဝေဖန်တိုက်ခိုက်နေသူများကြားမှ ဘဝ တိုးတက်မည်။ သူတစ်ပါးအပေါ် လွန်လွန်ကဲကဲ အားနာယုံလွယ်ခြင်းကြောင့် ဆုံးရှုံးနစ်နာမှု ကြုံတတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် သစ္စာပန်း ဘုရားကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
စာရွက်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စ တာဝန်ယူအာမခံခြင်းများ တတ်နိုင်သမျှ ရှောင်ပါ။ မည်သည့်ကိစ္စ ဆောင်ရွက်စေ တွန့်ဆုတ်ခြင်း မရှိသင့်။ ကိုယ် ပိုင်စိတ်ကူးအကြံဥာဏ်များကို အခြေတည်၍ ပိုင်ပိုင်နိုင်နိုင် ပြတ်သားစွာ ဆောင်ရွက်ပါ က အထူးအကျိုးရှိမည်။ ကာလအတန်ကြာ ဖြေရှင်းရခက်နေသောကိစ္စများ ပြေလည်သွားမည်။
ယတြာ ။ ။ မွေးနေ့တွင် သရက်ယို ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
အထူးကောင်းသည်။ ပေါ်ပေါက်လာသည့် အခြေအနေအပေါ် အသုံးချ ၍ တိုးတက်မှုအဆင့်ဆင့် ကြုံနိုင်သည်။ ပျိုရွယ်သူများအဖို့ မေတ္တာရေးကံ အထူးကောင်းသည်။ မိသားစုအတွက် ဦးတည်ရည်စူးပြီး လုပ်ကိုင်သည့်ကိစ္မ များမှ အထူးကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်မည်။ ပြည်ပခရီး သွား ရောက်ရန်အတွက် စီစဉ်ထားမှုများ ပထမအကြိမ် လွဲချော်ပြီးနောက် အစီအစဉ် သစ်၊ လမ်းသစ်ပေါ်လာပြီး အလိုရှိသော နိုင်ငံသို့ အဆင်ပြေစွာ ရောက်ရှိမည်။
ယတြာ ။ ။ မွေးနေ့တွင် ဒူးရင်းသီး ၁ မွှာ ဘုရားဆွမ်းတော်တင်ပါ။

စံဇာဏီဘို
ဗေဒင်ဝါသနာအိုး
တနင်္ဂနွေ
ပြိုင်ဘက်အပေါ် အနိုင်ရသောကိန်း ကြုံမည်။ ပျိုရွယ်သူများ အချစ်ရေး၊ မေတ္တာရေး ကံကောင်းမည်။ အဆင်ပြေလိမ့် မည်ဟူ၍ လုံးဝမမျှော်လင့်ထား ကိစ္စတစ်ခုမှ ထူးခြားသော အောင်မြင်မှုကို ရရှိမည်။

Saturday, 27 July 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၂၅-၇-၂ဝ၁၃ မှ ၃၁-၇-၂ဝ၁၃) ဟောစတမ်း

တနင်္ဂနွေ
ကြာသပတေးနံ ပဲမျိုးစုံ၊ မြေ အစရှိသည်များ အဝယ်ရှိက ရောင်းချပါ။ အရောင်းနှေးက အရှုံးပေါ်တတ်သည်။ အိုးအိမ်အဝင်မတော်။ အိမ်ပြင်ခြင်းပြု က အတောမသတ် အကုန်အကျများမည်။ အိမ်ဝယ်ယူက နောက်ကြောင်း မရှင်း၊ အရှုပ်အရှင်း ဖြစ်တတ်သည်။ စနေနံပစ္စည်း အဝင်မတော်။ အရှုပ်အရှင်း ဖြစ်တတ်သည်။ စနေသားသမီးများနှင့် ပူးပေါင်းလုပ်သောလုပ်ငန်းများတွင်

Sunday, 21 July 2013

အလွယ်ဆုံး ဗေဒင်မေးနည်း


Photo: အလွယ်ဆုံး ဗေဒင်မေးနည်း

ကိုယ့်မှာ ပြဿနာ တစ်ခုခု ရှိလာပြီဆိုရင် ဗေဒင်ဆရာနဲ့ ပြဿနာကို အဖြေရှာချင်ကြသူများအတွက် အလွယ်ဆုံး ဗေဒင်မေးနည်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဗေဒင်မေးချင်ပြီဆိုရင်လည်း ဗေဒင်ဆရာ ရှာရတဲ့ ဒုက္ခကလည်း မသေးလှဘူးဗျ။ ကိုယ်မေးချင်တဲ့ ကိစ္စကို ဟောနိုင်တဲ့ဆရာကို ရှာရတယ်။ဟောတာ မှန်/မမှန်ကို လည်း စုံစမ်းရသေးတယ်။ နောက်ပြီး ခြောက်လုံးလှန့်လုံးတွေပေး မျှော်လင့်ချက်တွေပေးပြီး “ယတြာ” နဲ့ လုပ်စားနေတဲ့ ဆရာလိမ် ၊ ဆရာတုတွေနဲ့ တွေ့မှာလည်း ကြောက်ရသေး သဗျ။

ဟောပြောခ ကတော့ “သဒ္ဓါကြေး” လေးပါ။ ယတြာခကတော့ “သောင်းဂဏန်း ၊ သိန်းဂဏန်း” နဲ့ လုပ်စား နေကြတဲ့ ဆရာတု ၊ ဆရာလိမ်တွေကလည်း တစ်နေ့ထက် တစ်နေ့ ပေါမှ ပေါဘဲ။ ဒီတော့ မှန်မှန်ကန်ကန် နဲ့ အသက်မွေးနေကြတဲ့ ဗေဒင်ဆရာတွေ အတွက် ဗေဒင်ပညာနဲ့ အသက်မွေးရတာကိုက မျက်နှာပူစရာ ၊ ရှက်စရာလို ဖြစ်လာပြီ ပေါ့ဗျာ။ ဒီတော့ ပြဿနာ ရှိလာလို့ ဗေဒင်မေးချင်လာရင် ဘယ်ဗေဒင်ဆရာဆီမှ မသွားဘဲ ကိုယ့်အိမ်မှာတင် “ကိုယ်ဘဲ ဗေဒင်မေးသူ ကိုယ်ဘဲ ဗေဒင်ဆရာ” လုပ်ရရင် မကောင်းဘူးလား။

“ဆရာရယ် ကျွန်တော်/ကျွန်မ က ဗေဒင်မှ မတတ်ဘဲ ဘယ်လိုလုပ်ပြီး ဆရာပြန် လုပ်လို့ ရမှာလဲ” လို့ မေးချင်သေးလား။ ဒီတော့ ရှင်းပြရမှာပေါ့။ တကယ်တော့ လူတစ်ယောက်ရဲ့ အနာဂါတ်ဘဲဖြစ်ဖြစ် ၊ မိသားစုတစ်ခုရဲ့ အနာဂါတ်ဘဲ ဖြစ်ဖြစ် အရာအားလုံးရဲ့ အနာဂါတ်ဘဲ ဖြစ်ဖြစ် ကြိုတင် သတ်မှတ်ပြီးသားဘဲဗျ။ ဒီလို အနာဂါတ်မှာ ဖြစ်လာမယ့် ဖြစ်ရပ်တွေရဲ့ လျှို့ဝှက်ချက်တွေဟာ ကိုယ့်ရဲ့ ပါတ်ဝန်းကျင်မှာ “ပုံစံအမျိုးမျိုးနဲ့” ရှိနေပြီးသားပါ။ ဒါကို ဖော်ထုတ်လိုက်ရုံပါဘဲ။


ဒီလို အနာဂါတ် လျှို့ဝှက်ချက်တွေကို -

- တစ်ချို့က “ဂြိုဟ်၊ နက္ခတ်” တွေနဲ့ အဖြေရှာကြတယ်။

- တစ်ချို့က “ကိန်းဂဏန်း” တွေ ပေါင်းနုတ်မြှောက်စားပြီး အဖြေရှာကြတယ်။

- တစ်ချို့က “အိပ်မက်တွေ၊ အတိတ်နိမိတ်” တွေနဲ့ အဖြေရှာကြတယ်။

- တစ်ချို့က “မနောအာရုံ” နဲ့ အဖြေရှာကြတယ်။

- တစ်ချို့က “ကဒ်ပြားလေး” တွေ နဲ့ အဖြေရှာကြတယ်။

- တစ်ချို့ကြပြန်တော့ “ပရလောက” ထဲက ပုဂ္ဂိုဟ်တွေနဲ့ ဆက်သွယ်ပြီး အဖြေရှာကြတယ်။ နည်းလမ်းအဖုံဖုံ ကွဲပြားကြပေမယ့် အားလုံးကတော့ အနာဂါတ်ကို အဖြေရှာကြတာပါဘဲ။

ဒီတော့ ဒီလို အဖြေရှာတဲ့ နည်းလမ်းတွေထဲက အထက်က ပြောခဲ့သလို အလွယ်ဆုံး၊ အသက်သာဆုံးလည်းဖြစ် ၊ ကုန်ကျ စားရိတ် လည်း မရှိ ၊ အလိမ်ခံရမှာလည်း မပူရတဲ့ နည်းလေးတစ်ခု ရှိပါတယ်။

- အဲဒါကတော့ “စာချ” တဲ့ နည်းပါဘဲ။

“စာချ” တယ်ဆိုတဲ့ စကားလုံးကို တရုတ်လူမျိုးတွေနဲ့ နီးစပ်တဲ့ သူတွေ ကြားဘူးကြ/ လုပ်ဘူးကြမှာပါ။ တရုတ်ဘုံကျောင်း တစ်ချို့မှာ “စာချ” တယ်ဆိုပြီး “တုတ်ချောင်း” လေးတွေ ထည့်ထားတဲ့ ဗူးကို ဆက်တိုက် အပေါ်အောက် လှုပ်ပေးတဲ့အခါ တုတ်ချောင်းတစ်ခုတက်လာပြီး အောက်ကို ပြုတ်ကျသွားမယ်။ အဲဒီ ပြုတ်ကျ သွားတဲ့ တုတ်ချောင်းကို ယူ ၊ တုတ်ချောင်းပေါ်မှာ ရှိတဲ့ နံပါတ်နဲ့ ဘုရားကျောင်းမှာ ရှိတဲ့ ဗေဒင်စာအုပ်ထဲက နံပါတ်ရှိတဲ့ စာမျက်နှာ နဲ့ တိုက်ကြည့်။ ကိုယ်သိလိုတဲ့ အနာဂါတ် အဖြေတစ်ခု ထွက်လာတာပါဘဲ။

တရုတ်လူမျိုး အများအပြားကတော့ အရေးကြီးတဲ့ ကိစ္စတွေကို လုပ်တော့မယ်ဆိုတိုင်း “စာချ” ကြည့်ကြပြီးမှ ဆက်ပြီး အလုပ်လုပ်ကြတာ များပါတယ်။ စာချတဲ့ နည်းဟာ တရုတ်ယဉ်ကျေးမှုရဲ့ အမွေအနှစ်တစ်ခုဖြစ်တဲ့ “ယိချင်း” ဗေဒင်ပညာရဲ့ နည်းစနစ် တစ်ခုဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့လည်း ကိုယ့်အိမ်မှာကိုယ် “စာချ” ကြည့်ကြမယ်။ တရုတ်ဗေဒင်လို “တုတ်ချောင်း” တွေ ၊ “စာအုပ်တွေ” ရှိစရာမလိုပါဘူး။ “ယိချင်း” တို့ ၊ “ယင်” တို့ ၊ “ယန်” တို့ ၊ “ပါ့ကွ” ၊ “ဘုတ်ကြီး(၅)ပါး” တို့ကိုလည်း နားလည်စရာ မလိုပါဘူး။

ခင်ဗျား ဘာသိချင်သလဲသာ အရင်ပြော။ သိပ်သိချင်တဲ့ မေးခွန်းတစ်ခုခုပေါ့။ ဥပမာ- “မောင်နီ နဲ့ မောင်ဖြူ ဘယ်သူနဲ့ လက်ထပ်ရင် အဆင်ပြေမလဲ” ဆိုတဲ့ မေးခွန်းတစ်ခုရှိတယ် ဆိုပါစို့။

ကဲ - စ, လုပ်ကြမယ်။

မျဉ်းကြောင်းမပါတဲ့ စာရွက်အဖြူ တစ်ရွက်ကိုယူပြီး အဲဒီစာရွက်ကနေ(၂) လက်မ ပတ်လည်လောက် တိတိကျကျ ဖြတ်ထားတဲ့ စာရွက်ကလေး (၃)ရွက်ကို အရင်လုပ်လိုက်ပါ။ နောက်ပြီး ပထမစာရွက်မှာ ရေးချလိုက် ။ မောင်နီ နဲ့ လက်ထပ်ရင် အဆင်ပြေလိမ့်မယ် . . . လို့ ရေး။ ဒုတိယ စာရွက်မှာ မောင်ဖြူနဲ့ လက်ထပ်ရင် အဆင်ပြေလိမ့်မယ် . . . လို့ ရေး။ တတိယ စာရွက်မှာ ဘာမှ မရေးဘဲထား။ ပြီးရင် စာရွက်တွေ အားလုံးကို တိတိကျကျ “မဲလိပ်” ဖြစ်သွားအောင် လိပ်လိုက်။ ပြီးရင် သန့်ရှင်းတဲ့ ဗူး ၊ ခွက်တစ်ခုထဲမှာ အားလုံးကိုထည့်။ ဘုရားစင်ရှေ့ကိုသွားပြီး “မှန်ကန်သော အဖြေကျပါစေ” လို့ ဆုတောင်း။ (စကားဖြတ် ပြောရဦးမယ် ၊ ဘုရားကို ဗေဒင်မေးတယ်လို့တော့ သွားမလုပ်လိုက်နဲ့နော်။ မြင့်မြတ်တဲ့ နေရာတစ်ခုကို ရွေးချယ်ဖို့က လိုရင်းဖြစ်တယ် ၊ အမှန်ကတော့ ဘယ်နေရာမှာ လုပ်လုပ် ဖြစ်တယ်။ ဒါပေမယ့် အိမ်သာထဲ လုပ်တာနဲ့ ဘုရားစင်ရှေ့လုပ်တာ ဘယ်ဟာပိုကောင်းလဲ)

ဆုတောင်းပြီးရင် စာလိပ်တွေ ထည့်ထားတဲ့ ဗူးအ၀ကို လက်နဲ့ ပိတ်ပြီး အထက်အောက် အခါ (၉)ကြိမ်တိတိ လှုပ်ပြီး အထဲက စာလိပ်တစ်လိပ်ကို နှိုက်ပြီး ဖွင့်ကြည့်လိုက်ပါ။ အဲဒါ ခင်ဗျား သိချင်တဲ့ အဖြေပါဘဲ။ မောင်နီ နဲ့ သင့်ရင် မောင်နီ ထွက်လာမယ်။ မောင်ဖြူ နဲ့ သင့်ရင် မောင်ဖြူ ထွက်လာမယ်။ ဘယ်သူနဲ့မှ မသင့်ရင် စာရွက်အလွတ် ထွက်လာမယ်။

မလွယ်ဘူးလား။ ဒီထက် လွယ်တာတော့ မရှိတော့ဘူး။ ကလေး ကစားစရာလောက်ဘဲ ရှိတယ်။ ဒါပေမယ့် ကလေး ကစား စရာလို့ ထင်ရင် ကလေးကစားစရာဘဲ ဖြစ်သွားမယ်။ တကယ်ယုံကြည်ရင် တစ်ကယ်မှန်မယ်။

ဒီလို နည်းလမ်းနဲ့ -

- ဒီနှစ်ထဲမှာ နိုင်ငံခြားထွက်ရင် ဟိုမှာ အဆင်ပြေမလား ၊ မပြေဘူးလား . . . ဆိုတာမျိုး။

- ဒီလူ့ကို ငွေချေးလိုက်ရင် ပြန်ရမလား ၊ မရဘူးလားဆိုတာမျိုး။

- လက်ရှိ အလုပ်ကနေ နောက်အလုပ်ကို ပြောင်းလိုက်ရင် ကောင်းမလား ၊ မကောင်းဘူးလား ဆိုတာမျိုး။

- အခုဖြစ်နေတဲ့ ကိစ္စဟာ ပေါ့ပေါ့ပါးပါး နဲ့ ပြီးသွားမလား ၊ ပြဿနာ ပိုကြီးလာမလား ဆိုတာမျိုး။

- အခု ကြည့်ထားတဲ့ အိမ် ၊ တိုက်ခန်း ၊ မြေကွက်တွေကို ၀ယ်သင့်မ၀ယ်သင့် ဆိုတာမျိုးတွေကို ကိုယ် ဉာဏ်သွားရင် သွားသလို မေးနိုင်ပါတယ်။

မေးတဲ့ အခါတိုင်း မေးခွန်း (၂) နဲ့ စာရွက် အလွတ်တစ်ခု အမြဲပါရပါမယ်။ စာရွက်အလွတ်ကျရင် အခုကိစ္စဟာ မေးပုံမေးနည်း မမှန်ကန်တာကြောင့် ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အခုလောလောဆယ် အချိန်မကျသေးတဲ့အခါမျိုး ဖြစ်တတ် ပါတယ်။ နောက်(၃)ရက် (၄)ရက် ခွာပြီး ပြန်မေးရပါမယ်။

“လုပ်ရတာ လွယ်တယ်ကွ” ဆိုပြီး ခဏခဏ မေးလို့တော့ မရဘူးနော်။ တစ်ရက်ကို မေးခွန်းတစ်ခုဘဲ မေးခွင့် ရှိပါတယ်။ တစ်ခါတစ်လေ မေးခွန်းတစ်ခုက ဆက်တိုက်မေးဖို့ လိုတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - သူနဲ့ လက်ထပ်ရင် ကောင်း/မကောင်း ကို မေးကြည့်တာ ကောင်းတယ်လို့ အဖြေထွက်တယ်ဆိုပါစို့။ ဆက်ပြီး သိချင်တာက “ဒီနှစ်ထဲမှာ လက်ထပ်ရင် ကောင်းလား ၊ နောင်နှစ်မှာ မှ ကောင်းမလား” ဆိုတာ ဆက်မေးချင်ပေမယ့် “အောင့်” ထားပါ။ နောက်နေ့မှ ဆက်မေးပါ။ “လေးလေးနက်နက် သဘောထားမှ လေးလေးနက်နက် ဖြစ်ပါမယ်” ။ ပေါ့ရွှတ်ရွှတ် လုပ်ရင် ပေါ့သွပ်သွပ်ဘဲ ဖြစ်သွားပါမယ်။

ကဲ ဒါကတော့ ကိုယ်ဘဲဗေဒင်ဆရာ ၊ ကိုယ်ဘဲ ဗေဒင်မေးသူ ဖြစ်တဲ့ အလွယ်ဆုံး ကိုယ်တိုင် “စာချ” နည်းပါဘဲ။ ဘယ် ဘုံကျောင်း ၊ ဘုရားကျောင်းမှ သွားဖို့ မလိုတဲ့ နည်းပေါ့။ သွယ်ဝိုက်ပြီး အဖြေရှာစရာ မလိုဘဲ ကိုယ်သိချင်တာကို တိုက်ရိုက် သိနိုင်တဲ့ နည်းပေါ့။ လက်တွေ့ သုံးကြည့် ။ မှန်/မမှန် အမြန်ဆုံး သိနိုင်တဲ့ နည်းတစ်ခုခုနဲ့ စမ်းကြည့်။ မှန်/မမှန် လက်တွေ့ သိလိမ့်မယ်။

ဒါနဲ့ ပတ်သက်ပြီး ပြောရဦးမယ်။ ကျွန်တော့်ရဲ့ “လျှပ်တစ်ပြက်ဗေဒင်” ဗေဒင် အခန်းကဏ္ဍမှာ လူတစ်ယောက် ကွန်းမန့်ဝင်ရေးသွားဘူးပါတယ်။

ဆရာ့ဟာက မွေးသက္ကရာဇ်တွေမပါတော့ “မဲလိပ်နှိုက်သလို” ကျချင်ရာ ကျသလို ဖြစ်နေတာပေါ့ တဲ့။ ဟုတ်ပါပြီ။ ဒီတော့ ကျွန်တော်က ပြန်ဖြေ လိုက်ပါမယ်။ ကံစမ်းမဲဖောက်တဲ့ ပွဲတစ်ခုမှာ “ပထမ” ဆု မဲလိပ်ကို နှိုက်မိသွားတဲ့သူဟာ (ရမ်းသမ်းပြီး နှိုက်လိုက်တာ မှန်ပေမယ့်) ကံကောင်းမယ့် သူမို့ ဒီမဲလိပ်ကို ရသွားတာ မဟုတ်ဘူးလားဗျာ။ ကံမကောင်းမယ့်လူက ဒီမဲလိပ်ကို နှိုက်မိနိုင်ပါ့မလား။ မဲပေါက်ဖို့ကံ လုံးဝမရှိတဲ့လူက ပထမဆု မဲလိပ်ကို ဘယ်လိုနှိုက်နှိုက် မရနိုင်ပါဘူး။ နားလည်မယ် ထင်ပါတယ်။

အရာအားလုံးဟာ သူ့ဟာနဲ့သူ အနာဂါတ် အဖြေရှိပြီးသားပါ။ ဘာဖြစ်ရမယ်ဆိုတာ ကြိုတင် သတ်မှတ်ပြီးသားပါ။ ဒါကို နည်းလမ်းတစ်ခုခုနဲ့ ဖော်ထုတ်ကြတာပါဘဲ။ တစ်ချို့နည်းလမ်းတွေက ခက်ခဲတယ်။ တစ်ချို့လွယ်ကူတယ်။ လွယ်လွယ် / ခက်ခက် အဖြေမှန်ရဖို့က လိုရင်းပါ။

Credit: Myanmar Yoe Yar Bay Dinကိုယ့်မှာ ပြဿနာ တစ်ခုခု ရှိလာပြီဆိုရင် ဗေဒင်ဆရာနဲ့ ပြဿနာကို အဖြေရှာချင်ကြသူများအတွက် အလွယ်ဆုံး ဗေဒင်မေးနည်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဗေဒင်မေးချင်ပြီဆိုရင်လည်း ဗေဒင်ဆရာ ရှာရတဲ့ ဒုက္ခကလည်း မသေးလှဘူးဗျ။ ကိုယ်မေးချင်တဲ့ ကိစ္စကို ဟောနိုင်တဲ့ဆရာကို ရှာရတယ်။ဟောတာ မှန်/မမှန်ကို လည်း

Monday, 8 July 2013

5 . 7. 2013 မှ 11. 7 . 2013 ထိ၇ရက်ဟောစာတမ်း



တနင်္ဂနွေ

အတွေးများနေသည်။ တခါတရံ တွေးခေါင်ပူပင်မည်။ အတွေးသမား၊ စိတ်ကူးယဉ်သမားဖြစ်၍ ပို၍ ဆိုးမည်။ လွတ်လပ်မှုလိုလားသော်လည်း ကိုယ်စိတ်ကိုမပိုင်ဖြစ်မည်။ ကွက်ကျော်ဖြင့် အကဲခတ်ကောင်းသော်လည်း တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချရဲမည်။ ရည်ရွယ်ချက်များသော်လည်း

Saturday, 29 June 2013

28.6.2013 မှ 4.7.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

စိတ်ပြေလက်ပျောက် ခရီးတစ်ခု ထွက်ဖြစ်မည်။ ကိုယ့်ဘက်က လွန်ကျွံမိတာတွေ ၀န္ဒာမိပါ ဟု တောင်းပန်ချင်စိတ်တွေပေါ်နေမည်။ ပေးထားသော ကတိတွေ လုပ်ပေးဖို့ ပျက်ကွက် မိတာတွေ လုပ်ဆောင်ပေးတော့မည် ဟု ဆုံးဖြတ်ချက်တွေ ချမှတ်ဖြစ်မည်။ လုပ်ငန်း ကူးခြင်း ၊ ပြောင်းခြင်း ၊

Sunday, 16 June 2013

14.6.2013 မှ 20.6.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း ဒေါက်တာထွန်းလင်း-ဘုတလင်


တနင်္ဂနွေ
ယခု အချိန်နှင့် ယခင်အချိန် က လုပ်ရပ်များ အဆင်ပြေ အောင်မြင်မှု့ တို့ကြားလာရလိမ့်မည်။ ချစ်သူထံမှ ကောင်းသတင်းကြားရမည်။ အလုပ်ကိစ္စနှင့် ခရီးထွက်ရမည်။ ရန်သူ ၏ တောင်းပန်မှုရမည်။ အခက်အခဲ အထစ်အငေါ့ များပြေပျောက်မည်။ ရှုပ်နေသော အရာများရှင်းနိုင်မည်။

Related Posts Plugin for WordPress, Blogger...