
ဖြစ်တတ်တယ်။ တလောက ဆိုင်ကယ်စီးလာတဲ့လူကို ရိုက်ပြီး ဆိုင်ကယ် လုခံရတယ်။ မနက်၁နာရီကျော်လောက် ဈေးသွားရောင်းတဲ့ ဈေးသည်ဆီက ပိုက်ဆံအိတ်လည်း လုခံရတယ်လို့လည်း ကြားတယ်။ သူတို့တွေ တော်တော် အတင့်ရဲလာပြီ”ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းသို့ အလားတူဖြစ်ရပ်များမှာ မန္တလေးမြို့ပြင်နှင့် တစ်ခြားနေရာတချို့ တွင် လူသူပျက်လပ်ပြီး ညဥ့်နက်သောအချိန်များ၌ ရံဖန်ရံခါ ဖြစ် တတ်ပြီး အကြမ်းဖက်လုယက်သူတို့သည် အဖွဲ့လိုက်လှုပ်ရှားကြောင်း ကြားသိရသည်။
“နိုဝင်ဘာ(၁၇)ရက်နေ့လောက်က မန္တလေးကနေ ပုသိမ်ကြီးကိုလာတဲ့ လူတစ်ယောက်ကို ဆိုင်ကယ်တားပြီး စီးလာတဲ့သူကို ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုသွားတယ်။ လူကိုတော့ ဆေးရုံတင်ထားရတယ်။ ညအချိန်မတော် အပြင် မထွက်သင့်တော့ဘူး”ဟု ပုသိမ်ကြီးမြို့ခံတစ်ဦးက ပြောကြားသည်။
နိုဝင်ဘာ(၃၀)ရက် နေ့ညအချိန်၌ မန္တလေးပုသိမ်ကြီးကားလမ်းပေါ်တွင် ရပ်ထားသော ဆိုင်ကယ်အား အမျိုးသမီးတစ်ဦးက မောင်းယူထွက်ပြေး သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းသို့ဖြစ်စဉ်များကြောင့် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ ရဲတပ်ဖွဲ့များမှ ညကင်းလှည့်ခြင်း၊ မြို့အ၀င်အထွက်ယာဉ်များ စစ်ဆေးခြင်း၊ မသင်္ကာသူ များကို ခေါ်ယူစစ်ဆေးခြင်းများ စနစ်တကျပြုလုပ်နေကြောင်း လုယက်မှု ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။
မောင်ယဉ်ကျော်
by- shwemyanmarmediagroup
No comments:
Post a Comment