ဧဒင်အချစ်ပုံပြင်: (၁၉)နှစ်အရွယ် မိန်းကလေးအားသတ်သူဟု ယူဆထားသူအား ရဲတပ်ဖွဲ့မှ စစ်ဆေးစဉ် သေဆုံး

Wednesday, 11 July 2012

(၁၉)နှစ်အရွယ် မိန်းကလေးအားသတ်သူဟု ယူဆထားသူအား ရဲတပ်ဖွဲ့မှ စစ်ဆေးစဉ် သေဆုံး

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ကျုးလွန်သူဟု ယူဆထားသူအား ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေစဉ် ကာလတွင်း သေဆုံးခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၈ ရက်နေ့ တွင် မပိုးပိုးမွန် ၁၉ နှစ် (ပန်းရောင်းသူ)မှာ သူမ၏နေအိမ်ရှိ ခုတင်ပေါ်၌ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာနှစ်ချက်၊ လည်ပင်းထိုးသွင်း ဒဏ်ရာနှစ်ချက်၊ ယာလက်ဖ၀ါး ပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် ယာလက်မ ဓားထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ရာ တရားခံဟု ယူဆရသူ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ၁၅၆ ရပ်ကွက်ရှိ မျိုးမြင့်ဆွေ (ခ) ကုလားကြီးအား ဇူလိုင်လ ၅ ရက်နေ့ညနေပိုင်းက မရမ်းကုန်းမြို့နယ် ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့ရာ စစ်ဆေးနေဆဲ ကာလအတွင်း ဘုရင့်နောင်ရဲစခန်းရှိ စစ်ကြောရေး ခန်းမအတွင်း၌ ဇူလိုင်လ ၈ ရက် နေ့ နံနက် ၃း၃၀ နာရီခန့်တွင် ရုတ်တရက် မေ့လဲကျခဲ့ပြီး အင်းစိန်ဆေးရုံသို့ပို့ဆောင်စဉ် ဆေးရုံအရောက်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

သွေးရိုးသားရိုး သေဆုံးခြင်း ဟုတ် မဟုတ်ကို မှုခင်းဆရာဝန်မှ ရင်ခွဲစစ်ဆေးခဲ့ကြောင်း သိရသည်။
ချုပ်နှောင်ထားတဲ့ နေရာတစ်ခုအတွင်း မှာသေဆုံးသွားတာ ဆိုတော့ ထိန်းသိမ်းထားတဲ့သူတွေဆီမှာ တာဝန်ရှိပါကြောင်းနှင့် အသေးစိတ်ကိုတော့ လူထုရှေ့မှောက် ၊ တရားရုံးရှေ့တွင် ထွက်ဆိုမှာဖြစ်ကြောင်း အင်းစိန်ဆေးရုံမှမှုခင်းဆရာဝန်ကြီး ဒေါက်တာရဲဝင်းက ဆိုခဲ့သည်ဟု သိရသည်။
သေဆုံးသွားခဲ့သူ ပြစ်မှုကျူးလွန်ကြောင်းကို သေဆုံးသူက ဝန်ခံထွက်ဆိုထားခဲ့ပြီး ကျူးလွန်ရသည့်အကြောင်း ၊ မှုခင်းဆိုင်ရာ ကျူးလွန်မှုအနေအထား၊ သက်သေခံပစ္စည်းတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့ မနက် ၃း၃၀ နာရီခန့်မှာ ကိုကုလားကြီး က ထိုင်ခုံမှာထိုင်နေရင်းနဲ့ သတိလစ်သွားပါတယ်။ အဲဒါနဲ့ အင်းစိန် ဆေးရုံကိုပို့တော့ ဆေးရုံအရောက်မှာ ပဲဆုံးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်းကို ဒုရဲမှူးကြီး မျိုးအောင်က ပြောခဲ့ပါတယ်။
ယခုလက်ရှိတွင် သေမှုသေခင်းနဲ့ပဲ အမှုဖွင့်ထားကာ မှုခင်းဆရာဝန်ကြီးရဲ့ မှတ်ချက်ပေါ်မူတည်ပြီးတော့ စစ်ဆေးလို့ပေါ်ပေါက်ခဲ့ပါက ပုဒ်မ ပြောင်းလဲဖွင့်လှစ်ပြီးတော့ တရားစွဲဆိုသွားမှာဖြစ်ကြောင်း ၊ ဒီဖြစ်စဉ်မှာ ကျူးလွန်တယ်လို့ ယူဆရတဲ့သူကို စစ်ဆေးနေတဲ့ အချိန်မှာ သေဆုံးသွားတဲ့အတွက် ဒီအမှုကို စစ်ဆေးနေတဲ့ အဖွဲ့တွေအားလုံးမှာ တာဝန်ရှိကြောင်းနှင့် သေသွားတဲ့သူကလည်း သူဝန်ခံပြီးတော့ သက်သေပစ္စည်း တွေသိမ်းဆည်းဖို့ ဆောင်ရွက်နေစဉ်မှာပဲ သေဆုံးသွားတာဖြစ်ကြောင်း ၊ အဓိက သက်သေခံ ပစ္စည်းဖြစ်တဲ့ ကတ်ကြေးကိုတော့ သိမ်းဆည်းထားပြီးကြောင်း ရဲတပ်ဖွဲ့မှူး ဖြစ်သူ ဒုရဲမှူးကြီးသက်လွင်က ပြောကြားခဲ့ပါတယ်။
Source : EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...