ဧဒင်အချစ်ပုံပြင်: ပြည်တွင်းသတင်း
Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Friday, 25 July 2014

အောင်ပွဲဆင် မသန်စွမ်းတစ်ဦးရဲ့ အိမ်ပြန်လမ်း


Photo: အောင်ပွဲဆင် မသန်စွမ်းတစ်ဦးရဲ့ အိမ်ပြန်လမ်း
Friday, July 25, 2014

ပြည်ပဆိုက်ရောက်ထွက် ပေါက်မှ  ပြုံးပျော်စွာဆတ်တောက်တောက်လျှောက် လှမ်းလာသည့် အသက် (၂၅)နှစ်အရွယ်မိန်းကလေးကို လေဆိပ် အတွင်းရှိနေသူတို့က  အထူး အဆန်းလိုက်လံကြည့်ရှုနေကြသည်။    လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ဝှီးချဲဖြင့်ရောက်ရှိလာပြီး ဝှီးချဲပေါ်မှဆင်းလာကာ လာရောက်ကြိုဆို သည့်မိသားစုများဝန်းရံလျက် ပြည်တော်ပြန်ရောက်ရှိလာသည့်မိန်းကလေးက သူ့ကိုစောင့်ကြိုနေကြသည့်ဆွေ မျိုးသားချင်းနှင့် သူငယ်ချင်း တချို့ထံ ခပ်သွက်သွက်လျှောက်သွား သည်။

ပန်းစည်းလေး    ကမ်းလာ သည့်သူငယ်ချင်းမိန်းကလေးတစ် ဦးက သူ့ကိုကြင်နာစွာပွေ့ဖက် လိုက်သည်။ သူကလည်း ဘယ် လက်ကလေးကို  ဆန့်တန်းကာ လက်ထိပ်ရှိ လက်ချောင်းလေးနှစ် ချောင်းဖြင့် သူငယ်ချင်းဖြစ်သူ ကို ပြန်လည်ပွေ့ဖက်ကာ   အလွမ်း စကားသံများ ပွင့်အန်ကြသည်။

သူ့ကိုဝိုင်းကြည့်နေသည့် လေဆိပ်ထဲမှလူများကို ရှိသည် ဟုတောင်မထင်ဘဲ ဆွေမျိုးသား ချင်းများကြား ကလေးငယ်တစ်ဦး သဖွယ်   ခပ်သွက်သွက်လျှောက် လှမ်းရင်း    တစ်ဦးချင်းလိုက်လံ နှုတ်ဆက်နေသည့်မိန်းကလေးကို ကြည့်ပါက ဘယ်ဘက်ခြေထောက် တစ်ချောင်းသာ အကောင်းပက တိရှိနေသည်ကိုတွေ့ရမည်။

သူကတော့ သြစတြေးလျ နိုင်ငံမှ မူဝါဒပိုင်းဆိုင်ရာမဟာဘွဲ့ ကို ထူးချွန်အောင်မြင်စွာဆွတ်ခူး ရယူပြီး မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာသည့် နိုင်ငံကျော် မသန်စွမ်းအမျိုးသမီးငယ် မစုပုံချစ်ပဲဖြစ်ပါသည်။

ဇူလိုင် ၂၀ ရက်ညနေသုံးနာ ရီခွဲလေယာဉ်ဖြင့် အမိမြေသို့ စုပုံချစ်ပြန်လည်ရောက်ရှိလာခဲ့ သည်။ ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက သြစတြေး လျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည့် မစုပုံချစ်မှာ တစ်နှစ်နှင့်ခုနစ်လတိတိပြည့် မြောက်သောနေ့တွင် မသန်စွမ်း လူငယ်တို့၏စံပြပုဂ္ဂိုလ်တစ်ဦး အဖြစ် မဟာဘွဲ့တစ်ခုကိုအရယူ ကာ ပြည်တော်ဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

မစုပုံချစ်သည် အကောင်း အတိုင်းရှိသည့်  ဘယ်ဘက်ခြေ ထောက်ကိုအသုံးပြုကာ စာရေး သားနိုင်ခြင်းဖြစ်သည်။ သူသည် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး လေးဘာသာဖြင့်အောင်မြင်ခဲ့ပြီး နည်းပညာတက္ကသိုလ်  တက် ရောက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် တွင် ရန်ကုန်အနောက်ပိုင်းနည်း ပညာတက္ကသိုလ်မှ B.Tech(IT)ဘွဲ့ကိုရရှိခဲ့ပြီး သတင်းနှင့်နည်း ပညာအင်ဂျင်နီယာဘာသာရပ် အထူးပြုဖြင့် မဟာတန်းကိုဆက် လက်တက်ရောက်ခဲ့သည်။ မဟာ ဘွဲ့အတွက်    တက္ကသိုလ်ဆက် လက်တက်ရောက်နေစဉ် ၂၀၁၃ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံ၌ ကျောင်းတက်ရန် ပညာတော်သင် ဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

  ထိုပညာတော်သင်ဆုမှာ မြန်မာနိုင်ငံမှ မသန်စွမ်းသူတစ်ဦး အနေဖြင့် ပထမဆုံးပြည်ပပညာ တော်သင်ဆုရရှိခဲ့ခြင်းလည်းဖြစ် ပြီး သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူ နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မစုပုံချစ်ကို ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် တိမွေး ကုဆရာဝန်  ဒေါက်တာဦးအုန်း ကျော်နှင့်ဒေါ်ခင်ဆွေလဲ့တို့ကမွေး ဖွားခဲ့ပြီး    မွေးရာပါကိုယ်အင်္ဂါ မသန်စွမ်းသော်လည်း တစ်ဖက် တည်း   အကောင်းပကတိရှိနေ သည့်ခြေထောက်ဖြင့် စာရေးသား နိုင်ရန် ကြိုးပမ်းကာ ၂၀၀၅ ခုနှစ် တွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးတို့ ဖြင့် ဆယ်တန်းအောင်မြင်ခဲ့သည်။

စုပုံချစ်သည် ၂၀၀၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့တွင် စိတ်ဓာတ်ကြံ့ခိုင်ထူးချွန်ဆု၊ ၂၀၀၁ ခုနှစ်မြန်မာ့သွင်ပြင်အိုင်တီ လူငယ့်အမြင်ပြပွဲတွင် အထင်ပေါ် ဆုံးကျောင်းသူဆု၊ ၂၀၀၄ ခုနှစ် တွင် ဆယ်စုနှစ်ထူးချွန်ကျောင်း သူဆု၊ ၂၀၀၅ ခုနှစ်တွင် ဌာနဆိုင် ရာမသန်စွမ်းထူးချွန်ဆုတို့ကိုရရှိ ခဲ့ပြီး ပထမတန်းမှ တက္ကသိုလ် ဝင်တန်းအထိ အတန်းတိုင်းတွင် ဆုပေါင်း ၅၀ ကျော်ရရှိအောင် စွမ်းဆောင်ခဲ့သူဖြစ်သည်။

ကိုယ်အင်္ဂါမသန်စွမ်းသော် လည်း စွမ်းဆောင်နိုင်သူတစ်ဦး၊ စိတ်ဓာတ်ကြံ့ခိုင်စွာနှင့် ပညာရေး ကိုတစိုက်မတ်မတ်သင်ယူနေဆဲ ကျောင်းသူတစ်ဦးဖြစ်သည့် မစုပုံ ချစ်ကို ယခုကဲ့သို့ ထူးချွန်အောင် မြင်မှုများရရှိစေရန်    ပြုစုပျိုး ထောင်ခဲ့ပုံများကို မိခင်ဖြစ်သူ ဒေါ်ခင်လဲ့ဆွေက အောက်ပါအ တိုင်းပြောပြသည်။

‘‘အခုအချိန်ထိ သူဒီနေ့ဘာလုပ်မယ်၊ နောက်နေ့ဘာလုပ်မယ်ဆိုတာ ကိုယ်ကသိနေတယ်။ အခု နောက်ကလေးနှစ်ယောက်ကျ တော့    သာမန်ပဲဆိုတဲ့အတွက် သူတို့ကိုသိပ်စိတ်မပူဘူး။ စုပုံချစ် က ခေါင်းဆောင်နိုင်တဲ့စွမ်းရည်ရှိ တယ်။ သွားနိုင်လာနိုင်တယ်။ စီမံ ခန့်ခွဲနိုင်တယ်။ အဲဒီအရည်အချင်း တွေက   သူ့မှာသာလွန်တယ်။ သူလည်းတော်တော့်ကိုတော့ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့     ဒီလို လျှောက် လှမ်းခဲ့လို့သာ ဒီဘဝရနေတာလို့ ကျွန်မတို့က ဒီလိုပဲတွေး တယ်။ မိဘဘက်ကပံ့ပိုးတာ ၅၀ ရာခိုင်နှုန်းဆိုရင် သူ့ရဲ့ကြိုးစားမှုက ၅၀ ရာခိုင်နှုန်းရှိတယ်’’ဟု မိခင် ဖြစ်သူဒေါ်ခင်ဆွေလဲ့က  ပြောဋ္ဌသည်။

စုပုံချစ်၏ဖခင် ဒေါက်တာ ဦးအုန်းကျော်ကလည်း -

‘‘အဓိကကတော့ သမီး ငယ်ငယ်ကတည်းကပေါ့နော် ဘဝမှာဘယ်ဟာကိုဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာကို ပကတိ အဖြစ်တရားကို သူ့ကိုသိစေချင် တယ်။ သူ့ရဲ့အဖြစ်မှန်ကို သူ လက်ခံပြီးမှ ဘယ်လိုဆက်ပြီး တော့ကြိုးစားမလဲဆိုတာကို ရှင်း ရှင်းလင်းလင်းသိဖို့ကအဓိကပဲ။ ကျွန်တော်တို့က သူ့ကိုဘာမှသိုဝှက်ထားတာမရှိဘူး။   ပြောမယ်ဆိုရင် ပွင့်လင်းမြင်သာတယ်ဆို တာ အခုမှစတာ။ ကျွန်တော်တို့က သူငယ်ငယ်ကတည်းကစခဲ့ တာ။ သမီးဟာ ဘာဖြစ်နေတယ် ဆိုတာကိုပြောခဲ့ပြီးသား။ သမီးဘဝမှာမသန်စွမ်းဘူး။ သမီးဟာ ပညာကိုအခြေခံရမယ်။ ပညာသာလျှင် သမီးရဲ့ထွက်ပေါက်။ ဖေဖေတို့မိဘနှစ်ပါးက တစ်ချိန်မှာလူ့ဘဝကနေသမီးထက်စော ထွက်သွားရမယ်။ သမီးမှာပညာမရှိရင် မရပ်တည်နိုင်ဘူးဆိုတာကျွန်တော်သူငယ်ငယ်ကတည်းကပြောခဲ့တယ်။ အဲဒီတော့သူ ဟာ ငယ်ငယ်ကတည်းက ဒီပညာအပေါ်မှာအခြေခံခဲ့တာတွေဟာ ခုအချိန်မှာမှန်တယ်လို့ယူဆရတာပေါ့။ သမီးဘဝမှာ ပညာ ကြောင့်မို့လို့ သူဟာပညာရဲရင့်ပွဲလယ်တင့်တယ်ဆိုတာ တကယ်မှန်ပါတယ်။ သမီးဟာပညာ ကြောင့်ပဲ သူ့ရဲ့စာသင်ခန်းတစ်ခုမှာ ရပ်တည်နိုင်ခဲ့တယ်။ ဒီစာသင်ခန်းထက်ကျယ်တဲ့လောကလူ့ အဖွဲ့အစည်းမှာ သူဟာနေရာ တစ်နေရာရလာတယ်။ ဒါအကုန်လုံးပညာအပေါ်မှာအခြေခံတာပါ။ သူ့ကိုတော့ ပညာရဲ့အရေးကြီးပုံ၊ ပညာဟာ အရာရာ ကိုဆင်ခြင်နိုင်တယ်ဆိုတာ  ငယ်ငယ်က တည်းက သင်ခဲ့ပါတယ်’’ ဟုရှင်းပြသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ The University ofNew South Wales (UNSW)တက္ကသိုလ်တွင်ပညာသင်ယူနေစဉ် တစ်နှစ် ခွဲကျော်ကာလအတွင်း မစုပုံချစ် ၏အစ်မဝမ်းကွဲဖြစ်သူ မသဲစုမွန် က သူ့ဘေးမှာတစ်လျှောက်လုံး ကူညီစောင့်ရှောက်ပေးခဲ့သည်။

‘‘စုပုံနဲ့ငယ်ငယ်ကတည်းက အတူတူနေလာတာဆိုတော့ ညီအစ်မတွေလည်းဖြစ်နေတော့ သူ့ရဲ့လိုအပ်တာမှန်သမျှ သိနေ တာပေါ့။ အဲဒီမှာ စရောက်တုန်း ကတော့ မြန်မာတွေအစကမတွေ့ဘူး။ သူနဲ့ကိုယ်နဲ့နှစ်ယောက် တည်း။ သူ့ကိုဒေါသထွက် ရတာ ပေါ့။ နင်မြန်မာတွေမရှိဘဲလာ တာလားဆိုပြီးတော့။ နောက်ကျ တော့မှ မြန်မာတွေတွေ့ပါတယ်။ ကူညီမယ့်လူတွေလည်းတွေ့ပါ တယ်။ သူ့ကိုလည်းချစ်ကြတော့ ကူညီကြပါတယ်’’ဟု မသဲစုမွန်က ဆိုသည်။

စုပုံချစ်သည် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း၌ အမှုဆောင်တစ်ဦး အဖြစ်လည်း ဝင်ရောက်ဆောင် ရွက်နေသူဖြစ်သည်။ ခြေထောက် တစ်ချောင်းသာအကောင်းပက တိရှိသည့်သူသည် လက်နှစ်ဖက် နှင့်ခြေတစ်ဖက်မသန်စွမ်းသည့် ကလေးငယ်တစ်ဦးအဖြစ် မွေးဖွားလာခဲ့သော်လည်း ဘဝကိုစိတ် ပျက်အားငယ်ခြင်းမရှိဘဲ လုံ့လ ဝီရိယကောင်းသူတစ်ဦးအဖြစ် ကျောင်းသားလူငယ်များအတုယူ စရာစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ မက မသန်စွမ်းကလေးငယ်များ အတွက် ရှေ့ဆောင်လမ်းပြသူ တစ်ဦးအဖြစ် နာမည်ကျော်နေခဲ့ ခြင်းဖြစ်သည်။

ဘဝကိုဘယ်တော့မှ အရှုံး မပေးသူ မစုပုံချစ်က သူ့လိုမသန် စွမ်းလူငယ်များထံသို့လည်း အောက်ပါအတိုင်းစကားလက် ဆောင်ပါးခဲ့ပါသည်။

‘‘မသန်စွမ်းညီအစ်ကိုမောင် နှမတွေကိုပြောချင်တယ်။ ကြိုး စားပါ။ သမီးလည်းဒီလိုနိုင်ငံခြား ထိသွားပြီး ပညာသင်ရမယ်၊ နိုင်ငံခြားထိသွားပြီးဘွဲ့ရအောင် ယူနိုင်မယ်လို့ ငယ်ငယ်တည်းက မတွေးခဲ့ဘူး။ ဒါပေမဲ့ ကိုယ်လုပ် ချင်တာတော့ရှိတာပေါ့နော်။ အဓိကကတော့ ဖြစ်ချင်တာတွေ ကို အရင်ဆုံးစိတ်ကူးပါ။ စကား ပုံတစ်ခုရှိတယ်လေ။ စိတ်ကူးထားတယ်ဆိုတာ တစ်ဝက်အောင်မြင် တာတဲ့။ အဲဒီတော့ စိတ်ကူးပါ။ ပြီးရင် အားမလျှော့ပါနဲ့။ ကြိုးစား ပါ။ အခုအချိန်မှာ မသန်စွမ်းတွေ ရဲ့အခွင့်အလမ်းက အရမ်းကိုပွင့် နေပါပြီ။ နိုင်ငံတကာကလည်း မသန်စွမ်းတွေကိုကူညီဖို့ သူတို့ အဆင်သင့်ရှိပါတယ်။ ပြီးရင် ဖြစ် ချင်တဲ့ရည်မှန်းချက်တစ်ခုထားပါ။ဘယ်တော့မှတော့ ရည်မှန်းချက် တော့အပျောက်မခံပါနဲ့’

7Day Daily
ပြည်ပဆိုက်ရောက်ထွက် ပေါက်မှ ပြုံးပျော်စွာဆတ်တောက်တောက်လျှောက် လှမ်းလာသည့် အသက် (၂၅)နှစ်အရွယ်မိန်းကလေးကို လေဆိပ် အတွင်းရှိနေသူတို့က အထူး အဆန်းလိုက်လံကြည့်ရှုနေကြသည်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ဝှီးချဲဖြင့်ရောက်ရှိလာပြီး ဝှီးချဲပေါ်မှဆင်းလာကာ လာရောက်ကြိုဆို သည့်မိသားစုများဝန်းရံလျက် ပြည်တော်ပြန်ရောက်ရှိလာသည့်မိန်းကလေးက သူ့ကိုစောင့်ကြိုနေကြသည့်ဆွေ မျိုးသားချင်းနှင့် သူငယ်ချင်း တချို့ထံ ခပ်သွက်သွက်လျှောက်သွား သည်။

Wednesday, 23 July 2014

ဗိုလ်ချုပ်ကြီး နေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း


Photo: ဗိုလ်ချုပ်ကြီး နေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Wednesday, July 23, 2014

ယခုရက်ပိုင်းအတွင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတွင် ဦးနေဝင်း၏မြေးများဖြစ်ကြသည့် ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းတို့က ဦးတေဇ ပိုင် အေဂျီဒီဘဏ်၏ ရှယ်ယာများကိုဝယ်ယူ ကာ ပြည်တွင်း ဘဏ် လုပ်ငန်း အတွင်းဝင်ရောက်လုပ်ကိုင် လာမှုနှင့် အေဂျီဒီ ဘဏ်၏ရှယ်ယာ မည်ရွေ့မည်မျှကိုဝယ်ယူပိုင်ဆိုင်ထားသည်ဆိုခြင်းတို့အပေါ် စိတ်ဝင်စားမှုမြင့်တက်နေရာ ၎င်းနှင့် ပတ် သက် ၍ ဦးနေဝင်း၏မြေးဖြစ်သူ ဦးအေးနေဝင်းနှင့် ဒီမိုကရေစီ တူဒေးတို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါ သည်။  
မေး-စီးပွားရေးလုပ်ငန်းတွေ အများကြီးထဲက မှ ဘဏ်လုပ်ငန်းကို လုပ်ကိုင်ဖို့ ဘာလို့ရွေး ချယ်ခဲ့ပါသလဲ။

ဖြေ-ကျွန်တော်တို့ ထောင်ကနေလွတ်လာပြီး နောက်ပိုင်းမှာ လုပ်ကိုင်ဖို့သင့်တော်တဲ့လုပ် ငန်းတွေကိုလေ့လာခဲ့ကြပါတယ်။ အဲဒီအထဲ မှာ ကိုကျော်နေဝင်းက နိုင်ငံတော် သမ္မတရဲ့ ရည်ရွယ် ချက် တွေထဲမှာပါတဲ့ ဆင်းရဲမွဲတေ မှုပပျောက်ရေးကို အထောက်အကူပြုနိုင်မယ် လို့ ယူဆရတဲ့ လျှပ်စစ်မီးပေးရေးတို့ လမ်း ပန်းဆက်သွယ်ရေး ပိတ်ဆို့ကျပ်တောက် မှု လျော့ပါး ရေး တို့စတာ တွေအပါအဝင် အခြား လုပ်ငန်းတွေကိုစတင်လုပ်ကိုင်နေခဲ့ပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ဘဏ်တစ်ခုရှိနေရင် ပိုကောင်းမယ်ဆိုတာကို တွေ့လာတာကြောင့် ဘဏ် လုပ်ငန်း ကိုလုပ် ကိုင်ဖို့ ပါ ဆုံးဖြတ်လိုက် တာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့စစ် တပ်က မိသားစုတွေဆိုရင် အခွင့်အရေးယူပြီး ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်တယ်လို့ မှတ်ထင် နေကြပါ တယ်။ တကယ် တော့ တာဝန် သိတဲ့ လုပ်ငန်းဆောင်တာတွေကို အများအကျိုးပြု အောင် လုပ်တတ်ကိုင် တတ်ကြတယ်ဆိုတာ ကိုပြချင်ပါတယ်။ အဲဒီလိုဆန္ဒမျိုးလည်းအခြား သော တပ်မိသားစု တွေမှာ လည်းရှိ နေကြ တာ တွေ့ရလို့ ဝမ်းသာမိပါတယ်။

မေး-ဦးတေဇပိုင် တဲ့  AGD ဘဏ်မှာ ရှယ် ယာတွေဝယ်ဖို့ ဘယ်လိုဆုံးဖြတ်ခဲ့ရပါသလဲ။ ဦးတေဇနဲ့ အစ်ကိုတို့မိသားစု ဆက်ဆံရေးက ရော ဘယ်လိုရှိပါသလဲ။
ဖြေ- AGD ဘဏ်မှာ ရှယ်ယာဝယ်ယူဖို့ ဆုံး ဖြတ်လိုက်တာကတော့ ကိုတေဇတို့နှင့် ကျွန် တော်တို့ မိသားစုဆိုတာ ဟိုအရင် အထဲက ပုဂ္ဂိုလ်ချင်းသံယောဇဉ်ရှိခဲ့ကြသူတွေဖြစ်တာ ကတစ်ကြောင်း၊ ဘဏ်ကိုယ်တိုင်ကလည်း မှတ် ကျောက်အတင်ခံ နိုင်တဲ့အနေအထားမျိုး ယုံ ကြည်လောက်တာကတစ်ကြောင်းတို့ကြောင့် ပါ ပဲ။ ကိုတေဇရဲ့ဖခင် ကွယ်လွန်သူ ဗိုလ်မှူး ကြီးမြင့်ဆွေ ဟာ ကျွန်တော်တို့ အဘိုးရဲ့ ယုံ ကြည်ခဲ့ရတဲ့ အရာရှိကောင်းတစ်ယောက်ဖြစ် ခဲ့ပါတယ်။ အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ် ရင်းက အရာရှိတစ်ဦးဖြစ်တာကြောင့် ကျွန် တော်တို့ မိသားစု ချင်း ဆက်ဆံရေးဟာ နှစ် ပေါင်းခြောက် ဆယ်ကျော်ခဲ့ပြီ လို့ ပြောလို့ရပါ တယ်။ နောက်ပိုင်း တပ်မတော်ထောက်လှမ်း ရေးယန္တရားကြီးကိုတည်ဆောက်ရာမှာလည်း ကိုတေဇတို့ ဖခင် ကပါဝင်ခဲ့ပါတယ်။ နယ်ဘက် ဌာနဆိုင်ရာအဖြစ်နှင့်လည်း မြန်မာဆေးဝါး ပစ္စည်းထုတ်လုပ်ရေး ဘီပီအိုင်မှာ တာဝန်ပြန် ပေးခဲ့ပါတယ်။ နောက်တစ်ခုက ဘဏ်ကိစ္စပါ။ အခု မြန်မာနိုင်ငံမှာလုပ်နိုင်ကိုင်နိုင်ကြတဲ့ဘဏ် တွေ အများအပြား ရှိပါတယ်။ အဲဒီအထဲက AGD ဘဏ်ရဲ့ထူးခြားချက်ကတော့အနှောင် အဖွဲ့ကင်းတဲ့တတိယအကဲဖြတ်ဖွဲ့ဖြစ်တဲ့ Ernst and Young  ကနေပြီး အားရကျေနပ်လောက် စရာ အကဲဖြတ်မှုစစ်တမ်းတွေ လုပ်ပေးထား ခဲ့တာလဲဖြစ်ပါတယ်။

မေး - ဦးတေဇအနေနဲ့ အနောက်နိုင်ငံအချို့ မှာ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေခံနေရဆဲ အခြေအနေမျိုးမှာ ပူးပေါင်းလိုက်တဲ့ အတွက် ကိုယ့်အတွက်ဆိုး ကျိုးတွေရှိ လာမှာမျိုး အတွက် ရော စဉ်းစား ခဲ့တာမျိုးရှိပါသလား။
ဖြေ - အဲဒါနဲ့ပတ်သက်လို့ကတော့ ဘဏ် ကိုယ်တိုင်က သူ့လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ရာ မှာ မလျော်ကန်တဲ့ကိစ္စတွေလုပ်ခဲ့တာ လုံးဝ မရှိပါဘူး။ အဲဒါကြောင့် ဘဏ်ကိုသက်သက် ကြည့်မယ် ဆိုရင် ဘာမှပိတ်ဆို့အရေးယူစရာ အကြောင်းမရှိပါဘူး။ အခု လိုဖြစ်နေခဲ့ တာက ဘဏ်မှာတာဝန်ယူထားတဲ့ ပုဂ္ဂိုလ်အချို့က အရင်ပြီးခဲ့တဲ့အစိုးရနဲ့ နီးနီးကပ်ကပ် ပတ်သက် ခဲ့တဲ့အတွက် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ တာပါ။ အဲဒီတော့ လူပုဂ္ဂိုလ်တွေအပြောင်း အလဲလုပ်နိုင်မယ်ဆိုလို့ရှိရင် ဒီပြဿ    နာက လည်း ပြေလည်သွားနိုင်စရာအကြောင်းတွေ ရှိပါတယ်။
မေး- ဘဏ်ရဲ့ရှယ်ယာ ၆ဝရာခိုင်နှုန်းဝယ်ယူ ပြီးပြီပြောပေမယ့် ဘဏ်ရဲ့တာဝန်ရှိသူတွေက အဲဒီပမာဏမဟုတ်ဘူး လို့ ပြောဆိုနေကြတဲ့ အပေါ်မှာ အများနားလည် အောင်ရှင်းပြ ပေးပါ။
ဖြေ - ဘဏ်ကိုယ်တိုင်က အဆင့်ဆင့်လုပ်နေ ရတဲ့အချိန်မှာ အောက်ကလူတွေမသိရှိသေး တာလည်းပါပါတယ်။ ဒီနေ့ (ဇူလိုင် ၂၂ရက်)နေ့မှာပဲ ဘဏ်တာဝန်ရှိသူတွေ အစည်းအ ဝေးလုပ် ကြပါ တယ်။ မကြာခင်မှာပဲဘဏ်က နေကြေညာချက် ထွက်လာပါ လိမ့်မယ်။ ကျွန် တော်အနေနဲ့ကတော့ လက်ရှိအချိန်မှာရှယ် ယာ ၆၀ ရာခိုင်နှုန်းကို ဝယ်ယူပြီးပြီဖြစ်ပြီး နောက် ခြောက် လအတွင်းမှာ ၈၅ရာခိုင်နှုန်း အထိ ဝယ်ယူဖို့စီစဉ်နေပါပြီ။

မေး - အစ်ကိုတို့ရဲ့ ငွေကြေးတွေအပေါ်မှာ ပြည်သူတွေကသံသယဖြစ်နေတာနဲ့ ပတ်သက် ပြီး ဘယ်လိုဖြေရှင်းချင်ပါသလဲ။
ဖြေ- အဲဒါကတော့ ရှင်းပါတယ်။ ကျွန်တော် တို့မိသားစု နိုင်ငံတော်အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပါဝင်ခဲ့တဲ့အချိန်ကနေစပြီး ယနေ့ ထက် ထိပိုင်ဆိုင်မှုတစ်စုံတစ်ရာကို ပြည်တွင်းပြည်ပ ဘယ်မှာ မှ ချိတ်ပိတ်ခံထားရတာ၊ စစ်ဆေးခံ ရတာဆိုတာ လုံးဝမရှိခဲ့ပါ ဘူး ။ နောက်ပြီး ဘယ်နိုင်ငံကမှလည်း ကျွန်တော်တို့ မိသားစု ဝင်တွေကို ပြည်ဝင်ခွင့်ကန့်သတ်ခဲ့တာ လုံးဝ မရှိခဲ့ပါ ဘူး။ အခုလို ဝီကီလိခ်တွေတောင် ဖော်ကောင်လုပ်နေတဲ့ခေတ်ကြီးမှာ ကိုယ့်ထက် နည်းပညာအစစအရာရာ သာလွန်တဲ့နိုင်ငံတွေ က ကျွန်တော် တို့ မိသားစုသာ မဟုတ်တာလုပ် ခဲ့မယ်ဆို ရင် တစ်မျိုးမျိုး ဖော်ထုတ်မှာပဲဖြစ်ပါ တယ်။ အဲဒီလိုမျိုး နိုင်ငံတကာ အသိုင်း အဝိုင်း မှာ ကျွန်တော်တို့မိသားစုကို တစ်လေးတစ်စား လက်ခံပြီး လူဝင်ဆံ့တာကိုက ရာထူးအာဏာ ကို အလွဲသုံး စားလုပ်ပြီး ကိုယ်ကျိုး စီးပွားအ တွက် မလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒါကြောင့် လည်း ကျွန်တော်တို့ထောင်က ထွက်ပြီဆိုတာနဲ့ နိုင်ငံတကာ မိတ်ဆွေတွေက ယုံယုံကြည်ကြည် နဲ့ ရင်းနှီး မြှုပ်နှံပြီး အကျိုးတူ ပူးပေါင်းဆောင် ရွက်ဖို့ ကမ်းလှမ်းလာကြတာဖြစ်ပါတယ်။

မေး- AGD ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး အနာဂတ်ရည်မှန်းချက်က ဘာပါလဲ။
ဖြေ- AGD ဘဏ်ကို ပြည်တွင်းမှာသာမက နိုင်ငံတကာအဆင့်အတန်းမီအားကိုးလောက် တဲ့ လုပ်ငန်းကြီးဖြစ်အောင်ဆောင်ရွက် သွားဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် လည်း အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ဒီလွိုက်စ်အဖွဲ့နှင့် စတင်လုပ်ဆောင်နေ ပါပြီ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူတင်ပါတယ်ခင်ဗျာ

ဗိုလ်ချုပ်ကြီး နေဝင်း၏ မြေး ဦးအေးနေဝင်း။
dailydemocracytoday
ယခုရက်ပိုင်းအတွင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတွင် ဦးနေဝင်း၏မြေးများဖြစ်ကြသည့် ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းတို့က ဦးတေဇ ပိုင် အေဂျီဒီဘဏ်၏ ရှယ်ယာများကိုဝယ်ယူ ကာ ပြည်တွင်း ဘဏ် လုပ်ငန်း အတွင်းဝင်ရောက်လုပ်ကိုင် လာမှုနှင့် အေဂျီဒီ ဘဏ်၏ရှယ်ယာ မည်ရွေ့မည်မျှကိုဝယ်ယူပိုင်ဆိုင်ထားသည်ဆိုခြင်းတို့အပေါ် စိတ်ဝင်စားမှုမြင့်တက်နေရာ ၎င်းနှင့် ပတ် သက် ၍ ဦးနေဝင်း၏မြေးဖြစ်သူ ဦးအေးနေဝင်းနှင့် ဒီမိုကရေစီ

Sunday, 29 June 2014

လူမဆန်တဲ့မိဘတွေ စွန့်ပစ်ထားခဲ့ကြတယ်

Aung Khant added 6 new photos.
၂၄.၆.၂၀၁၄ နေ့ ၇နာရီ ၁၅မိနစ်အချိန်ခန့်က
မုံရွာကားလေးကွင်းထဲက အောင်ကမ္ဘာဂိတ်မှာ
ကလေးတစ်ယောက်ကို လူမဆန်တဲ့မိဘတွေ
စွန့်ပစ်ထားခဲ့ကြတယ်လို့ သိရတယ်။ကလေးမှာ
မိန်းကလေးဖြစ်ပြီး ၁လခွဲ ၂လလောက်ရှိပြီလို့
ခန့်မှန်းရတယ်။ယခု နေ့လည် ၁နာရီထိုးနေပြီ ပြန်လာမခေါ်သေးဘူး။ကားကွင်းထဲက ကလေးအမေတွေက သနားလို့ နို့လာတိုက်နေတာလဲတွေ့ရတယ်။ရဲစခန်းကိုလည်း အကြောင်းကြားထားတယ်လို့
အောင်ကမ္ဘာကားအသင်းမှဦးမြင့်ဦးခိုင်မှပြောပါတယ်။ တကယ်လို့ ဒီကလေးကိုများ
ကိုယ့်ပတ်ဝန်းကျင်မှာတွေ့ဘူးခဲ့ရင်
ဆိုပြီးတော့ကိုယ်ချင်းစာတဲ့စိတ်နဲ့အပုံနှင့်တကွ
တင်ပေးလိုက်တာပါ။
သနားတဲ့စိတ်ရှိတယ်ဆိုရင်
share ပေးကြပါအုံးနော်။
အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက
-၀၇၁၂၈၀၅၂
-အောင်ကမ္ဘာဂိတ်
-မုံရွာကားလေးကွင်း

Sunday, 22 June 2014

ကောင်းလိုက်တဲ့ စိတ်ကူးအကြံညဏ်

Bell Bagan's photo.Bell Bagan's photo.
Bell Bagan added 3 new photos.

လမ်းဘေးက ပေတီပေစုတ်ကလေးလေးတွေက စာသင်ခွင့်ရှိတယ်လို့ ခင်ဗျားတို့ထင်သလား။
စကားကြီးစကားကျယ်တွေမပြောပါနဲ့
အဲ့လိုကလေးတွေ အနားလာကပ်တာနဲ့ ခင်ဗျားတို့ တွန်းထုတ်ပစ်တတ်တာ အရင်မဟုတ်လား။
ဟုတ်ပါတယ်။
အချို့လည်းစာရိတ္တချို့ယွင်းကြပါတယ်။ အားလုံးတော့မဟုတ်ပါဘူး။

Friday, 20 June 2014

ယနေ့ ခလေးတွေအနာဂတ်.......

ဘ၀က ခါးပါတယ်
ညနေ ၄နာရီလောက် ယုဇနပလာဇာခဏရောက်ဖြစ်တယ်။
ရိုးရိုးလှေကားကနေ တက်လာတုန်း လှေကားထောင့်နားမှာ ကလေးတစ်ယောက် အကြော်ဗန်းလေးကိုင်ရင်း အလွန်စိတ်ပျက်အားငယ်နေတဲ့ မျက်နှာနဲ့ ထိုင်နေတာ တွေ့မိတယ်။
သူ့ပုံစံက ပင်ပန်းနွမ်းနယ်နေရှာပုံပါပဲ။
အနားကဖြတ်သွားတော့ လူကို အားကိုးတကြီးမျက်လုံးတွေနဲ့ ကြည့်နေရှာတယ်။

Thursday, 19 June 2014

အမှုဖွင့်သော မိန်းကလေးနှင့် ကြည်လင်း ဇွန်လ ၁၉ ရက်တွင် လက်ထပ်

ကြည်လင်းတို့ ဇနီးမောင်နှံကို လက်ထပ်စာချုပ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − ကြည်လင်းဖေ့စ်ဘွတ်ခ်)
ရန်ကုန်ယူနိုက်တက် ဘောလုံးကလပ်အသင်း ကွင်း လယ်ကစားသမား ကြည်လင်း သည် ဇွန်လ ၁၉ ရက်က ၎င်းချစ် သူမိန်းကလေးမိဘများထံ တောင်းရမ်းလက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။
‘‘ကိုကြည်လင်း လက်ထပ် ပြီးသွားပါပြီ။ မိန်းကလေးရဲ့ အဘွားအိမ်မှာ ဟိုဘက်မိဘ၊ ဒီဘက်မိဘတွေ့ပြီး ရပ်ကွက်လူ ကြီးအသိသက်သေရှေ့ခုနစ်အိမ်၊ နောက်ခုနစ်အိမ်ဖိတ်ပြီး ဗုဒ္ဓဘာ သာထုံးတမ်းစဉ်လာအရ လက် ထပ်ယူခဲ့တယ်။ ဒီနေ့ညနေ ၄ နာရီခွဲမှာ လက်ထပ်ခဲ့တယ်။ မင်္ဂ လာဧည့်ခံပွဲကိုတော့

Tuesday, 17 June 2014

မဟာသန္တိသုခကို စီးနင်းပြီး သံဃာတွေကို လူဝတ်လဲထောင်ချတာ ဒေဝဒတ်လုပ်ရပ်လား



ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ တည်ဆောက်ထားတဲ့ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတော်ကို မြန်မာအစိုးရက အလစ်အငိုက် အင်အားသုံး သိမ်းပိုက်ခဲ့တာ ဒေဝဒတ်လုပ်ရပ်လား။ ရွှေညဝါဆရာတော်ကတော့ ဒေဝဒတ်လို့ စွပ်စွဲလိုက်ပါပြီ။
မဟနလို့ လူသိများတဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာအစိုးရဟာ ရဲနဲ့စွမ်းအားရှင်တွေ၊ တိုင်းသံဃာ့အဖွဲ့ စတဲ့အင်အားတွေသုံးပြီး အဓမ္မတဲ့စီးနင်းပြီး သံဃာတော်တွေကို ဖမ်းဆီးခဲ့တာဟာ အောက်တန်းကျတဲ့ ဒေဝဒတ်နည်းဖြစ်တယ်လို့ ရွှေညဝါဆရာတော်က

Monday, 16 June 2014

အကျွတ်အလွတ်ပွဲ မတိုင်မီတွင် ထူးဆန်းသော ဖြစ်ရပ်များဖြစ်ပွားခဲ့ ဟု နတ်စင်တစ်ရာ ဆရာတော်မိန့်ကြား



နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာဇောတ

န်ကုန်၊ ဇွန် ၁၅- မြင်းစာကျွေးတဲ့ ကောင်လေးက မြင်းစာကျွေးပြီးထလိုက် တယ်။ ပြီးတော့  ကျောင်းဝင်းထဲ သူလျှောက်လာ တယ်။ အဲဒီအချိန်မှာ ကျောင်း ဝင်းထဲက အဆောင်တစ်ခု ရှေ့လှေခါး ခုံပေါ်မှာ လူတစ်ယောက်ထိုင်နေတာ ကို ခပ်လှမ်းလှမ်း ကတွေ့လိုက်တယ်။ ဒါနဲ့ အဲဒီနားလေးက ကောင်လေးဖြတ် လျှောက်မယ်လုပ်တော့ ခုနကထိုင်နေတဲ့လူက ထရပ်လိုက် တယ်။ အဲဒီ ထရပ်လိုက်တဲ့လူကြီးကို ရုတ်တရက် လှမ်းကြည့်လိုက်တော့ ကောင်လေး ကြက်သေ သေသွားတယ်။ ဘာကြောင့် လဲဆိုတော့ အဲဒီလူကြီးမှာ လက် နှစ်ဖက် စလုံး မပါဘူး။ ကောင်လေး အဲလိုကြည့်နေရင်းနဲ့ အဲဒီလူကြီးလည်း ရပ်နေရာကနေ ရုတ်တရက်ပျောက်ချင်းမလှပျောက်သွားတယ်။ ကျောချမ်း

Sunday, 15 June 2014

နှင်းလူ ကျောက်ဖြစ်ရုပ်ကြွင်း ဆိုသည်များ ကလေးဝတွင် တစ်ပိဿာ ကျပ်ငါးထောင်ဖြင့်ရောင်း


Photo: နှင်းလူ ကျောက်ဖြစ်ရုပ်ကြွင်း ဆိုသည်များ ကလေးဝတွင် တစ်ပိဿာ ကျပ်ငါးထောင်ဖြင့်ရောင်း
Monday, June 16, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သစ်ချောက်ကျေးရွာတွင် နှင်းလူဟု ယူဆရသည် ဆိုသော ကျောက်ဖြစ်ရုပ်ကြွင်းများကို တစ်ပိဿာလျှင် ကျပ်ငါးထောင်ဖြင့် တူးဖော်ရောင်းချလျက် ရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောကြားသည်။
“ရောင်းလို့ရမှန်း သိလို့ တူးနေကြတာ။ ရွာမှာ အလုပ်မရှိတဲ့သူတိုင်း တူးနေကြတာ။ တစ်မနက်ခင်းကို နှစ်ပိဿာလောက် ရရင် နေ့တွက်ကိုက်သွားပြီ” ဟု သစ်ချောက်ကျေးရွာမှ ဦးအောင်ဆန်းက ပြောဆိုသည်။

ယခုကဲ့သို့ တူးဖော်မှုများကို ဇွန်လ ဒုတိယပတ်မှ စတင်ခဲ့ကြရာ တစ်ပတ်ခန့် ရှိပြီ ဖြစ်ကြောင်း၊ မည်သည့် ကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်ကြောင်း သုတေသန ပြုလုပ်နိုင်ရန် တူးဖော်ရရှိသော အရာများကို ပြင်ပသို့ ရောင်းချခြင်း မရှိဘဲ လာရောက်အပ်နှံရန် စည်းရုံးထားကြောင်း သစ်ချောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်လွင်က ပြောဆိုသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်လောက်တုန်းက မင်းကင်းဘက်က တောင်တွင်းချောင်မှာ နှင်းလူနှစ်ကောင်ရဲ့ အရိုးတွေ ရခဲ့ဖူးတယ်။ အခုသစ်ချောက်မှာ တွေ့တာကိုလည်း သေချာ သုတေသနလုပ်ပြီး ရှေးသတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဆိုရင် သေချာထိန်းသိမ်းသင့်တယ်” ဟု အသက် ၆၀ ကျော်အရွယ်ရှိ ကလေးမြို့ ဒေသခံ ဦးမျိုးသိန်းက ပြောကြားသည်။
တူးဖော်ရရှိသော အရာများတွင် ဦးခေါင်းခွံ ပုံသဏ္ဌာန်များ၊ နံရိုးပုံသဏ္ဌာန်များ၊ သွားပုံသဏ္ဌာန်များ၊ အဆစ်ရိုးပုံ သဏ္ဌာန်များ တွေ့ရကြောင်း၊ ပုံသဏ္ဌာန် မူတည်၍ ဈေးကောင်းရပြီး အတိုအစများကိုမူ တစ်ပိဿာလျှင် ကျပ်ငါးထောင်ဖြင့် သစ်ချောက်ကျေးရွာရှိ ကိုယ်စားလှယ်တစ်ဦးက ဝယ်ယူလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဝယ်မယ်ဆို ပုံစံမပျက် တွေ့ထားတာ ရှိတယ်။ လိုက်ပြမယ်” ဟု သစ်ချောက် ဒေသခံတစ်ဦးက ၎င်းရှာဖွေ တွေ့ရှိထားမှုကို ပြောပြသည်။
ယင်းပစ္စည်းများကို ဝယ်ယူသည် ဆိုသော ကိုယ်စားလှယ်မှာ ခရီးလွန်နေသောကြောင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ယင်းကျောက်ဖြစ်ရုပ်ကြွင်းများ ပြင်ပသို့ ရောက်ရှိမသွားစေရန် ထိန်းသိမ်းရမည် ဖြစ်ရာ ဓာတ်ပုံ အထောက်အထားများနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တင်ပြနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်နိုင်လင်းက ပြောဆိုသည်။

The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သစ်ချောက်ကျေးရွာတွင် နှင်းလူဟု ယူဆရသည် ဆိုသော ကျောက်ဖြစ်ရုပ်ကြွင်းများကို တစ်ပိဿာလျှင် ကျပ်ငါးထောင်ဖြင့် တူးဖော်ရောင်းချလျက် ရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောကြားသည်။
“ရောင်းလို့ရမှန်း သိလို့ တူးနေကြတာ။ ရွာမှာ အလုပ်မရှိတဲ့သူတိုင်း တူးနေကြတာ။ တစ်မနက်ခင်းကို နှစ်ပိဿာလောက် ရရင် နေ့တွက်ကိုက်သွားပြီ” ဟု သစ်ချောက်ကျေးရွာမှ ဦးအောင်ဆန်းက ပြောဆိုသည်။

Friday, 13 June 2014

သူဘယ်သူလဲ ဘာလို့ဒီလိုလုပ်တယ်ဆိုတာ သိချင်သူတွေအတွက်

Myanmar Online News's photo.
သူမကတော့ မသူဇာလွင်၊ လှိုင်မြို့နယ်နေသူဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာဝေဒနာဖြစ်ပွားသဖြင့် အာရုံကြောအထူးကုဆရာဝန်ကြီးများနှင့် ပြသလျက်ရှိပြီး မသူဇာလွင်သည် ဖခင်ဖြစ်သူအား စိတ်ဆိုး၊ ဒေါသဖြစ်ကာ နေအိမ်မှ နံနက်(၇)နာရီအချိန် ၉ဂ/၇၆၉၁ ယာဉ်အားမောင်းနှင်ကာထွက်သွားပြီး မီးပွိုင့်ထိပ်တွင်ရပ်ကာ လမ်းပိတ်စေခဲ့ပါတယ်...

Myanmar Celebrities


Thursday, 12 June 2014

ယနေ့ နံနက် ၅ နာရီ ခန့် မှ စ၍ သည်းသည်းမဲမဲ ရွာနေ ခဲ့သော မိုးကြောင့် ရန်ကုန် တမြို့ လုံးရှိ လမ်းများ ပိုမို ကားကျပ်နေခဲ့သည်။

Myanmar Online News's photo.

ရေလျံနေသောလမ်းများကိုဖြတ်လာရသည့်ကားများလည်း လမ်းဘေးထိုးရပ်ကုန်ကြသလို၊ရေနည်းရာ လုမောင်းနေကြရခြင်းကြောင့် ယခင်ရက်များထက် ပိုမိုစိတ်အနှောင့်အယှက်ဖြစ်ကြရသည်။ရုးံ ဝန်ထမ်းများလည်းရုးံချိန်မှီနိုင်ရန်ခက်ခဲလာကြသည်။

Tuesday, 10 June 2014

မြန်မာ့ရုပ်ရှင်လုပ်ငန်း ၀င်းအတွင်း စွဲနေသော တောကြီးပျားအုံကို မီးသတ်တပ်ဖွဲ့ဖယ်ရှား

ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်းဝင်းအတွင်း အဆောက်အအုံတွင် စွဲနေသော တောကြီးပျားအုံကို မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားနေစဉ် (ဓာတ်ပုံ − ကိုဇေ)
ဗဟန်းမြို့နယ် ရွှေ တောင်ကြားရပ်ကွက်၊ မြန်မာ့ရုပ် ရှင်လုပ်ငန်းဝင်းအတွင်းရှိ အ ဆောက်အအုံတစ်ခုတွင် အုံဖွဲ့နေ သော သုံးပေပတ်လည် အရွယ် ရှိသည့် တောကြီးပျားအုံကို မြို့ နယ်မီး သတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၃ ဦးဖြင့် သွားရောက်ရှင်းလင်းခဲ့ ရသည်။
‘‘ရုပ်ရှင်လုပ်ငန်းဝင်းထဲက လူတွေက အကြောင်းကြားလို့ ပိုး သတ်ဆေးနဲ့ သွားရှင်းတာ။

ကောက်ရသော ကျပ်သိန်းကိုးဆယ် ပြန်အပ်သည့် ဆိုက်ကားနင်းသူအား ပြည်မြို့ခံများဂုဏ်ပြု


Photo: ကောက်ရသော ကျပ်သိန်းကိုးဆယ် ပြန်အပ်သည့် ဆိုက်ကားနင်းသူအား ပြည်မြို့ခံများဂုဏ်ပြု
Wednesday, June 11, 2014

ဘဏ်မှထုတ်ယူပြီးမေ့ကျန် ခဲ့သော ကျပ်သိန်းကိုးဆယ်ကျော်ပါရှိသည့် ငွေထုပ်ကိုတွေ့ရှိပြီး ပြန်လည်ပေးအပ်ခဲ့သူ အနှေးယာဉ် လုပ်သားဦးစန်းဝင်းအား ဂုဏ်ပြု သည့်အနေဖြင့် ပြည်မြို့ဒေသခံ များ စုပေါင်း၍ စာရိတ္တဂုဏ်ရည် ဆုချီးမြှင့်ခဲ့သည်။

 မြန်မာ့ စီးပွားရေးဘဏ်မှ ထုတ်ယူထားသော ကျပ်သိန်းကိုးဆယ်ခန့်ရှိ ငွေထုပ်ကောက်ရသည့်နေ့တွင် ငွေထုပ်တွင်ပါရှိ သည့် လိပ်စာအတိုင်း လိုက်ရှာ ပေးသော်လည်း မတွေ့သဖြင့် မြန် မာ့စီးပွားရေးဘဏ်မန်နေဂျာထံ ပြန်လည်အပ်နှံခဲ့ကြောင်း မေ့ ကျန်ခဲ့သူမှာRTCမှ ၀န်ထမ်းတစ် ဦးက လစာငွေများထုတ်လာခြင်း ဖြစ်ပြီး၎င်း၏ တစ်လစာငွေအား ကျေးဇူးဆပ်သည့်အနေဖြင့် ကန် တော့သော်လည်း ကိုယ်ချင်းစာ ပြီးလက်မခံခဲ့ဘဲ ပြည်မြို့ရှိ စေတနာရှင်ဒေသခံများက ရိုးဂုဏ်ကို ချီးမြှင့်ခြင်းဖြစ်သဖြင့် ၀မ်းသာစွာလက်ခံပြီး ဘဏ်၌သာအပ်နှံထားကြောင်းဦးစန်းဝင်း ကပြောသည်။

အဆိုပါ အနှေးယာဉ်လုပ် သား၏ အကျင့်စာရိတ္တအားဂုဏ် ပြုသည့်အနေဖြင့် မြိုခံလူထု ၇၀ ကျော်စုပေါင်း၍ ငွေကျပ် ခုနစ် သိန်းငါးထောင်ဆုချီးမြှင့်ခဲ့ သည်။

‘‘ဒီလိုပြုလုပ်ပေးမယ်လို့မ ထင်ထားဘူး။ ကိုယ့်ရဲ့ ရိုးသားမှု ကို အသိအမှတ်ပြုတဲ့အတွက် ၀မ်းသာပီတိဖြစ်ရတယ်။ကောက် ရတဲ့ အဲဒီငွေတွေကို ပြန်မပေးဘဲ ထားလို့ရပါတယ်။ ဒါပေမဲ့ ပျောက် သွားတဲ့လူဘက်ကို ကိုယ်ချင်းစာ တယ်။ လိုက်ရှာပြီး ပြန်ပေးတယ်။ ကောက်ရတဲ့ငွေတွေနဲ့ ကျွန်တော့် မိသားစုစာဝတ်နေရေးမှာအသုံး ပြုဖို့ဟာ လုံးဝစိတ်မသန့်ဘူး’’ဟု ဦးစန်းဝင်းကပြောသည်။

‘‘ကျွန်တော်တို့ဒေသခံတွေ က စုပြီးချီးမြှင့်တာ။ တစ်ထောင် ထည့်တဲ့သူလည်းပါတယ်။ နှစ် ထောင်၊ ငါးထောင်စသည်ဖြင့်ပေါ့ ။  တစ်သိန်းအလှူရှင်ကတော့ မ လေးရှားကနေ လှမ်းလှူတာဖြစ် တယ်’’ဟု ပြည်ဒေသခံဦးဇင်သိန်း ကပြောသည်။

ကျပ်သိန်း(၉၀) ငွေထုပ်ကို ပိုင်ရှင်ထံပြန်ပေးသော ဦးစန်းဝင်း (ဓာတ်ပုံ − ဇော်မင်းထိုက်)
7Day Daily
ဘဏ်မှထုတ်ယူပြီးမေ့ကျန် ခဲ့သော ကျပ်သိန်းကိုးဆယ်ကျော်ပါရှိသည့် ငွေထုပ်ကိုတွေ့ရှိပြီး ပြန်လည်ပေးအပ်ခဲ့သူ အနှေးယာဉ် လုပ်သားဦးစန်းဝင်းအား ဂုဏ်ပြု သည့်အနေဖြင့် ပြည်မြို့ဒေသခံ များ စုပေါင်း၍ စာရိတ္တဂုဏ်ရည် ဆုချီးမြှင့်ခဲ့သည်။

မြန်မာ့ စီးပွားရေးဘဏ်မှ ထုတ်ယူထားသော ကျပ်သိန်းကိုးဆယ်ခန့်ရှိ ငွေထုပ်ကောက်ရသည့်နေ့တွင် ငွေထုပ်တွင်ပါရှိ သည့် လိပ်စာအတိုင်း

ပီနန်ဆရာတော်ကျောင်း ချိတ်ပိတ်ခံရ


Photo: ပီနန်ဆရာတော်ကျောင်း ချိတ်ပိတ်ခံရ
Wednesday, June 11, 2014

ပီနန်ဆရာတော် ဦးပညာဝံသ တည်ထောင်ခဲ့တဲ့ ရန်ကုန်တိုင်း တာမွေမြို့ နယ်က မဟာသန္တိသုခ ကျောင်းတိုက်ကို မနေ့က အင်္ဂါနေ့ည သန်းခေါင်ချိန်လောက်မှာ ရဲတပ်ဖွဲ့၊ သာသာနာရေးဌာန၊ မြို့ နယ်နဲ့ တိုင်းသံဃာတချို့ ရောက်လာပြီး ကျောင်းရှိသံဃာတွေကို သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွားသလို ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။

ကျောင်းကို ရုတ်တရက် ဝင်ရောက်ရှာဖွေပြီးတဲ့နောက် ချိတ်ပိတ်လိုက်တာလို့  ကျောင်းကိုခေတ္တစောင့်ရှောက်နေတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဆရာတော် ဦးဥတ္တရက မနေ့ညက သံဃာ့မဟာနာယကရုံးထဲကနေ RFA ကိုမိန့် ပါတယ်။

"ဘုန်းကြီးတို့ပစ္စည်းတွေ သိမ်းပြီးတော့ သူတို့ကရဲနဲ့ တိုင်းသံဃာ့နာယကနဲ့ တိုင်းသာသနာရေးမှူးတွေနဲ့ ချိတ်ပိတ်မှာပေါ့၊ ဟိုဘက်ဒီဘက် အငြင်းပွားမှုတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဒီကျောင်းကနေဖယ်ပေးဖို့ ချိတ်ပိတ်လိုက်တယ်၊ တကယ်လို့ တရားစွဲလို့နိုင်တယ်ဆိုရင် နိုင်တဲ့သူကို ဖွင့်ပေးမယ်လို့ပြောတယ်"

လောလောဆယ်မှာ ပီနန်ဆရာတော်ကြီးက ဂျပန်နိုင်ငံကို ခေတ္တရောက်နေတဲ့အတွက် ဆရာတော်ကို RFA က ဆက်သွယ်လျှောက်ထား မေးမြန်းတဲ့အခါ ဆရာတော်က

"သံဃာ့နာယကကလည်း သူတို့ပိုင်တယ်လို့ပြောတယ်၊ ဘုန်းကြီးကလည်း ဘုန်းကြီးပိုင်တယ်၊ ဘုန်းကြီးမှာ ဂရန်လည်းရှိတယ်၊ သာသနာ့မြေပေးထားတာကလည်း ဘုန်းကြီးနာမည်ပေးထားတာ၊ တကယ်လို့ အငြင်းပွားတယ်ဆိုပါတော့ တရားရုံးမှာဖြစ်ဖြစ် ဝိနိစ္ဆယရုံးမှာဖြစ်ဖြစ် သံဃာတော်တွေပဲဆိုတော့ သူတို့သက်ဆိုင်ရာရုံးမှာ သွားပြီးစစ်ဆေးရင် ပြီးတာပါပဲ၊ သူတို့မဟုတ်ဘဲနဲ့ ညသန်းခေါင်ကျော်မှာ စစ်တပ်နဲ့ဝိုင်းပြီးတော့ ဘုန်းကြီးတို့ကို အဓမ္မလုပ်သွားတယ်ဆိုတော့ အဲဒါက ဗမာပြည်ရဲ့ ယဉ်ကျေးမှုလား၊ ဗမာပြည်ရဲ့ ဒီမိုကရေစီသွားမယ့်နိုင်ငံလားဆိုတာ ကမ္ဘာကြီးကို သက်သေပြလိုက်ပြီ၊ အဲဒါကြောင့်မို့ ဗမာတစ်တိုင်းပြည်လုံးက သူတို့ရဲ့လုပ်ရပ်တွေကို အားလုံးနားလည်ဖို့လိုတယ်လို့ ဗမာလူထုကို ဘုန်းကြီးက မေတ္တာရပ်ခံချင်တယ်"

ပြီးခဲ့တဲ့ မတ်လ တုန်းကလဲ ဆရာတော် ဦးပညာဝံသနဲ့ တပည့်တွေကို ကျောင်းကနေထွက်ပေးဖို့  နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်က အဲဒီညွှန်ကြားချက်ကို လက်မခံဘဲ တရားဥပဒေကြောင်းအရ ဆောင်ရွက်ရင်လည်း ရင်ဆိုင်မယ်လို့ မိန့်ကြားခဲ့ပါတယ်။

RFA
ပီနန်ဆရာတော် ဦးပညာဝံသ တည်ထောင်ခဲ့တဲ့ ရန်ကုန်တိုင်း တာမွေမြို့ နယ်က မဟာသန္တိသုခ ကျောင်းတိုက်ကို မနေ့က အင်္ဂါနေ့ည သန်းခေါင်ချိန်လောက်မှာ ရဲတပ်ဖွဲ့၊ သာသာနာရေးဌာန၊ မြို့ နယ်နဲ့ တိုင်းသံဃာတချို့ ရောက်လာပြီး ကျောင်းရှိသံဃာတွေကို သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွားသလို ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။

ကူညီစေချင်တယ်ဗျာ မိတ်ဆွေတို့....

ဒီအဘိုးကြီးက အခုလမ်း ၅၀ မှတ်တိုင်မှာရှိပါတယ် ကျမ်းမာရေးအခြေအနေလုံးဝမကောင်းပါ ယခုရာသီဥတုနဲ့ဆိုရင် မကြာခင် အသက်ပါသွားနိုင်ပါတယ် ဒေါ်သန်းမြင့်အောင်ရဲ့ ဆည်းဆာဂီလာန ပြုစုစောင့်ရှောက်ရေးကို ဖုန်းဆက်အကြောင်းကြားတော့ လက်မခံဘူးဖြစ်နေပါတယ် ဆေးရုံတင်ဖို့လိုနေပါတယ် သဘာဝတရားရိပ်သာတို့လို ဆည်းဆာဂီလာနစောင့်ရှောက်ရေးတို့ကို ပို့ဖို့ဆိုရင် ထောက်ပံ့ငွေလိုပါလိမ့်မယ်
ကျေးဇူးပြုပြီး အလှူငွေများဝိုင်းထည့်ပေးကြပါ
လှူချင်ရင် ၀၉၄၂၁၀၇၂၅၃၃ ဝေလင်းမောင်ကို ဖုန်းဆက်ပြီးလှူဒါန်းပေးကြပါ
ကျွန်တော်ဒီအဘိုးအိုကိုကိုယ်တိုင်ကူညီပေးနေပါတယ်
=============
Tip Top
==============
https://www.facebook.com/photo.php?fbid=10203851532077285&set=a.10200808295838281.1073741826.1489931710&type=1&theater

Sunday, 6 April 2014

ပြည့်တန်ဆာ လုပ်ငန်းကို ကြီးလေးသော ပြစ်ဒဏ်ချရန် ညွှန်ကြား


Photo: ပြည့်တန်ဆာ လုပ်ငန်းကို ကြီးလေးသော ပြစ်ဒဏ်ချရန် ညွှန်ကြား

အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့်မိန်းကလေးများအားအရောင်းအဝယ် ပြုလုပ်ခြင်းကို နှိပ်ကွပ် ရန်အတွက် ကြီးလေးသည့်ပြစ်ဒဏ် များကိုသာ ချမှတ်ရန် တရားရုံး အားလုံးသို့ ညွှန်ကြားချက် ပေးပို့ ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

အဆိုပါ လုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့်သာ အရေး ယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော်တို့၏ ညွှန်ကြားမှုများ ထပ်မံ ထုတ်ပြန်ကာ ထပ်ဆင့် အားဖြည့်၍ ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ပြောသည်။ခေတ်ကာလ အလျောက် ပြည့်တန်ဆာ လုပ်ငန်းများ များပြားလာသဖြင့် ယင်းကို မနှိမ်နင်းနိုင်ပါက အကျင့်စာရိတ္တ ပျက်ယွင်းခြင်း၊ လူမျိုးဂုဏ် ကျဆင်းခြင်းနှင့် ကျန်းမာရေး ထိခိုက်ခြင်းများ ကြုံတွေ့လာနိုင်သဖြင့် တင်းကျပ် စွာ အရေးယူမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ 

အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့အထိ ပြည့် တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေး ယူခဲ့သော အမှု ၄,၈၁၆ မှုရှိကြောင်း ဝန်ကြီးက ပြောသည်။

ယင်းတွင် ကျား ၂၂၂ ဦးနှင့် မ ၄,၉၁၈ ဦးကို အရေးယူနိုင်ခဲ့သည်ဟု ဝန်ကြီး၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက အစိုးရသစ် လက်ထက်၌ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေး ယူ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယင်းကို ဝန်ကြီးက အထက်ပါအ တိုင်း ဖြေကြားခဲ့သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ် ရေး ဥပဒေနှင့် ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာ ဝေဖန်မှုများရှိနေပြီး ရှေး ရိုး အစဉ်အလာ ထိန်းသိမ်း စောင့်ရှောက်လိုသူများက ယင်းကို လူ့ဘောင် ယဉ်ကျေးမှုအရ ထိန်းသိမ်း သင့်ပြီဟုဆိုကြပြီးအချို့မှာ ခေတ်ကာလနှင့်အညီ ပြင်ဆင်ရန်သင့်သည်ဟု ဝေဖန်မှုများရှိနေကြောင်း ဒေါက်တာ ညိုညို သင်းက ပြောသည်။

၁၉၉၈ ခုနှစ် ဧပြီလတွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်ခဲ့ပြီး ယင်းတွင် ထောင်ဒဏ်များကို တိုးမြှင့် ချထားပေးရန်နှင့် မကျမနေ ထောင် ဒဏ်အပြင် ငွေဒဏ်ကိုလည်း ချမှတ်ရန် ပြင်ဆင်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေဦးကြီး မြင့်က ”ဒီဥပဒေမှာက ပျော်ပါးတဲ့ အမျိုးသားတွေကိုတော့ အရေးမယူဘူး။ အမျိုးသမီးတွေကိုပဲအရေးယူတယ်။ဒါကတော့တစ်မျိုး ဖြစ်နေတာပေါ့”ဟု ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေနှင့် ပတ်သက်၍ ပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ပြည့်တန်ဆာ လုပ်ငန်းကို လိုင်စင်ဖြင့် လုပ်ကိုင်ခြင်းများ ရှိရာ ယင်းကဲ့သို့ စီမံ၍အမျာြး ပည်သူ များရှေ့တွင် မဖွယ်မရာ ပြုလုပ်ခြင်းကိုသာ ဥပဒေအရ တားမြစ်ခြင်းဆောင် ရွက်ရန်သင့်သည်ဟု ၄င်းက သုံးသပ် ပြောသည်။

၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြင်ဆင်လိုက်ခြင်းမှာ ပုဒ်မ ၅ ၊ ပုဒ်မခွဲ ၁ တွင် တစ်နှစ်အောက် မနည်း သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ် ကျခံရမည်ကို တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်သည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၈ တွင် သုံးနှစ်အ ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ စီရင်ရမည်ကို တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မပိုသည့် ထောင် ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့်မိန်းကလေးများအားအရောင်းအဝယ် ပြုလုပ်ခြင်းကို နှိပ်ကွပ် ရန်အတွက် ကြီးလေးသည့်ပြစ်ဒဏ် များကိုသာ ချမှတ်ရန် တရားရုံး အားလုံးသို့ ညွှန်ကြားချက် ပေးပို့ ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

အဆိုပါ လုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့်သာ အရေး ယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော်တို့၏ ညွှန်ကြားမှုများ ထပ်မံ ထုတ်ပြန်ကာ ထပ်ဆင့်

Wednesday, 19 March 2014

တရားမ၀င် ငွေကြေးတောင်းခံနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ဥပဒေအရ အရေးယူသွားမည့်အပြင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်သွားသည်အထိ အရေးယူမှုစီမံချက် စတင်


Photo: တရားမ၀င် ငွေကြေးတောင်းခံနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ဥပဒေအရ အရေးယူသွားမည့်အပြင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်သွားသည်အထိ အရေးယူမှုစီမံချက် စတင်

ဝင်းမြင့်ကျော်
ဆူးလေးမီးပွိုင့်အနီး ယာဉ်ကြောရှင်းလင်းနေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်နှစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ပြည်တွင်း၌ ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် မည်သည့်ရာထူးဖြစ်စေကာမူ ငွေကြေးတောင်းခံပါက အဆိုပါဝန်ထမ်းအား ဥပဒေအရ အရေးယူသွားမည့်အပြင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်သွားသည်အထိ အရေးယူမှု စီမံချက်ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက မတ် ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးအရေးယူရာ၌ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများထံမှ ဥပဒေနှင့်အညီ စနစ်တကျပညာပေးခြင်း၊ အရေးယူခြင်းမျိုးမပြုလုပ်ဘဲ ငွေကြေးရယူကာ စည်းကမ်းမဲ့ ငွေတောင်းခံနေမှုများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"ကျွန်တော့်ရဲ့တပ်ဖွဲ့ဝင်တွေအများစုက အနိမ့်ဆုံးတက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသားသူတွေဖြစ်တယ်။ ၀န်ထမ်းတွေအနေနဲ့ မိမိရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကို စောင့်ထိန်းဖို့ လိုအပ်တယ်။ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေဆီက တရားမ၀င်ငွေကြေးတွေ တောင်းခံနေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူသွားပါမယ်။ ပြည်သူတွေအနေနဲ့လည်း ဒီလိုစည်းကမ်းမဲ့ ၀န်ထမ်းတွေကို တိုင်ကြားဖို့ လိုအပ်ပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

ထို့အပြင် ယခုနှစ်အတွင်း ယာဉ်ထိန်းရဲအယောင်ဆောင်ကာ ငွေတောင်းခံနေသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

"ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ မနက်ရော၊ ညပိုင်းတွေပါ ယာဉ်တွေကိုစစ်ဆေးပြီး အရေးယူဆောင်ရွက်တဲ့ အချိန်တိုင်းမှာ အနည်းဆုံး ၀န်ထမ်းသုံးဦးကနေ ငါးဦးပါဝင်တယ်။ ၀န်ထမ်းယူနီဖောင်းကလည်း အပြည့်အစုံ ၀တ်ဆင်ရတယ်။ တစ်ယောက်တည်း ယာဉ်တွေစစ်နေပြီး ငွေကြေးတောင်းခံနေရင်တော့ ဒီဝန်ထမ်းက အယောင်ဆောင်ဖြစ်ဖို့များတယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့ သတိထားဖို့လိုသလို သက်ဆိုင်ရာရဲစခန်းကိုလည်း အကြောင်းကြားဖို့ လိုအပ်တယ်။ အဲဒီလိုယာဉ်ထိန်းအတုယောင်ဆောင်ခဲ့တဲ့ သူတွေကိုလည်း အရေးယူထားပါတယ်" ဟု အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

EMG
င်းမြင့်ကျော်
ဆူးလေးမီးပွိုင့်အနီး ယာဉ်ကြောရှင်းလင်းနေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်နှစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ပြည်တွင်း၌ ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် မည်သည့်ရာထူးဖြစ်စေကာမူ ငွေကြေးတောင်းခံပါက အဆိုပါဝန်ထမ်းအား ဥပဒေအရ အရေးယူသွားမည့်အပြင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်သွားသည်အထိ အရေးယူမှု စီမံချက်ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက မတ် ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

Saturday, 15 March 2014

သီတဂူဆရာတော် ဒေါက်တာ ရှင်ဥာဏိသာရ၏ မွေးနေ့ပွဲ ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်တက်ရောက်


သတင်း၊ ကိုတိုးကြီး
စစ်ကိုင်း၊ မတ် ၁၆
စစ်ကိုင်းတောင်ရိုး သီတဂူ ဗုဒ္ဓသာသနာပြုတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာ ရှင်ဥာဏိသရ၏ (၇၇)နှစ်မြောက် မွေးနေ့မင်္ဂ လာသဘင်အား ယခုလ ၁၅ ရက်နေ့မနက် ၉ နာရီအချိန်က သီတဂူ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာသဘင်တွင် ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်

Thursday, 13 February 2014

ရဟန်းသံဃာများကို တပ်မတော်က စစ်သင်တန်းပေးခြင်းမရှိဟု ဦးရဲထွဋ်ငြင်းဆို


Photo: ရဟန်းသံဃာများကို တပ်မတော်က စစ်သင်တန်းပေးခြင်းမရှိဟု ဦးရဲထွဋ်ငြင်းဆို
Friday, February 14, 2014

ကချင်ပြည်နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် မြန်မာ့ တပ်မတော်တို့ ထိစပ်နေသည့် ဒေသများတွင် ရဟန်းသံဃာများကို စစ်သင်တန်း ပေးနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ မြန်မာ့တပ်မတော်က ရဟန်းသံဃာများကို စစ်သင်တန်းပေးခြင်း လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုသည်။

သံဃာတော် သုံးပါးကို မြန်မာ့ တပ်မတော်က စစ်သင်တန်း ပို့ချနေသည်ဆိုသည့် မှတ်တမ်း ဓာတ်ပုံတစ်ခု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်၍ The Voice ၏ ဆက်သွယ် မေးမြန်းမှုကို သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သည့် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“သံဃာတော်တွေကို သင်တန်းပေးတာ မဟုတ်ပါဘူး။ ပြည်သူ့စစ်တွေကို သင်တန်းပေးနေချိန်မှာ ရွာက ဦးပဉ္စင်းတွေ ကိုရင်တွေ လာကြည့်ပြီး သေနတ်ကိုင်ကြည့် ချင်တယ်ဆိုလို့ လုပ်ပြတာ” ဟု ဦးရဲထွဋ်က ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လယ်မှစတင်ကာ လူမှုကွန်ရက် စာမျက်နှာတွင် သံဃာတော် သုံးပါးနှင့်အတူ ပြည်သူ့စစ် အဖွဲ့ဝင်များကို တပ်မတော်က စစ်သင်တန်း ပို့ချနေသည်ဆိုသည့် ဓာတ်ပုံတစ်ပုံ ပျံ့နှံ့ခဲ့ပြီး အဆိုပါ ဓာတ်ပုံမှာ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုကို ရင်ဆိုင် တိုက်ခိုက်ရန်အတွက် စစ်သင်တန်း ပို့ချနေခြင်း ဖြစ်ကြောင်း၊ သင်္ကန်းဝတ်ဖြင့် တွေ့မြင်ရသည်မှာ မသင့်တော်ကြောင်း၊ လူဝတ်လဲပြီးမှသာ လုပ်ဆောင်သင့်ကြောင်း ယင်းဓာတ်ပုံတွင် ပုံစာအဖြစ် ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တောင်ဘက် တပ်မတော် ရဟတ်ယာဉ် ပျက်ကျဖူးသည့် တာလောကြီးဒေသရှိ ရှမ်းရွာများတွင် ရွာသူရွာသားများကို ပြည်သူ့စစ်က သင်တန်း ပို့ချနေခြင်း ဖြစ်ကြောင်း၊ ဓာတ်ပုံပါ သံဃာတော်များမှာ အနီးရှိ ကျေးရွာများမှ သံဃာအချို့ အပျော်သဘော ဝင်ရောက် ပစ်ခတ်သည်ကို မှတ်တမ်း တင်ထားခြင်း ဖြစ်နိုင်ကြောင်း၊ တပ်မတော်အနေနှင့် သံဃာများကို စစ်သင်တန်းပေးခြင်း မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
“ရှမ်းရွာတွေဆိုတော့ ကေအိုင်အေက တပ်သား စုဆောင်းတာတွေ ရှိလို့ ပြည်သူ့စစ် သင်တန်းပေးတာပါ။ နောင်မှာ ဒီလို ဝင်ရောက်ကြည့်ရှု ကိုင်တွယ်တာတွေ ခွင့်မပြုဖို့လည်း စိစစ်ကြပ်မတ်သွားမှာပါ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

တာလောကြီးဒေသ ဌာနေပြည်သူ့ စစ်အဖွဲ့ကို ဖွဲ့စည်းထားသည်မှာ အချိန် ၂ နှစ်ဝန်းကျင် ရှိပြီဖြစ်ပြီး ရှမ်းနီ လူမျိုးများ အများစုနေထိုင်သည့် ကချင်ပြည်နယ် အတွင်းရှိ ဒေသတစ်ခုဖြစ်ပြီး ပြည်သူ့စစ်အင်အား ၉၀၀ ဝန်းကျင် ရှိကြောင်း တပ်မတော်နှင့် နီးစပ်သူများထံမှ သိရသည်။

The Voice Weekly
ကချင်ပြည်နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် မြန်မာ့ တပ်မတော်တို့ ထိစပ်နေသည့် ဒေသများတွင် ရဟန်းသံဃာများကို စစ်သင်တန်း ပေးနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ မြန်မာ့တပ်မတော်က ရဟန်းသံဃာများကို စစ်သင်တန်းပေးခြင်း လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုသည်။

Monday, 10 February 2014

ကော့သောင်းမြို့တွင် ဆွမ်းခံကြွ ရဟန်းတစ်ပါး နှင့်အတူ နံနက်တိုင်း ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာဝင် ကပ္ပိယ တစ်ဦး ဝေယျာဝစ္စ လိုက်ပါဆောင်ရွက်


Photo
Photoကော့သောင်းမြို့တွင် နံနက်တိုင်း ရဟန်း တပါးဆွမ်းခံကြွစဉ် နိုင်ငံခြားသား တစ်ဦး လိုက်ပါ၍ ကြေးစဉ်ထုကာ ရှေ့ မှ ဝေယျာဝစ္စ ဆောင်ရွက်နေသည်ကို ဖေဖေါ်ဝါရီ ၁၀ ရက် ၊ နံနက်ပိုင်းက တွေ့မြင်ရသည်။

စုံစမ်းသိရှိချက် အရ အဆိုပါ ရဟန်းမှာ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်၊ နဂါးရုံကျောင်းတိုက်မှ ဖြစ်ပြီး နိုင်ငံခြားသားမှာ ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာအား ကိုးကွယ်သက်ဝင်
Related Posts Plugin for WordPress, Blogger...