နားကြပ်မလိုဘဲ
တေးဂီတ များကို အရိုးများ တစ်လျှောက် သယ်ဆောင် ကာ တိုက်ရိုက် ပို့ပေးသည့်
အံကပ် MP3 တစ်မျိုးကို နယူးယောက်မြို့ရှိ ဒီဇိုင်းကျောင်း မှ အေစင်ချာစင်
အမည် ရှိ ကျောင်းသူတစ်ဦးက တီထွင်ခဲ့သည်။
ယင်း Digital သီချင်းဖွင့်စက်ကို သွားတု အံကပ်ကဲ့သို့ အပေါ်အာခေါင်တွင် ကပ်ထားပြီး တုန်ခါမှုများက
ဦးခေါင်းခွံတစ်လျှောက် ဖြတ်သန်းသွားကာ နားက တိုက်ရိုက်ကြားရစေသည်။ သီချင်းပြောင်းလဲခြင်း သို့မဟုတ် အသံချဲ့ခြင်းကဲ့သို့သော ကိစ္စများကိုလည်း လျှာဖြင့်ထိုးကာ ထိန်းချုပ်နိုင်သည်ဟု ဆိုသည်။ သီချင်းသံကို အတန်အသင့် ချဲ့လိုက်ပါက သင်၏ ပါးစပ်ထဲမှ အသံထွက်ပေါ်လာသကဲ့သို့ အခြားသူကိုလည်း ကြားရစေသည်ဟု ဆိုသည်။

No comments:
Post a Comment