ဧဒင်အချစ်ပုံပြင်: အကျွတ်အလွတ်ပွဲ မတိုင်မီတွင် ထူးဆန်းသော ဖြစ်ရပ်များဖြစ်ပွားခဲ့ ဟု နတ်စင်တစ်ရာ ဆရာတော်မိန့်ကြား

Monday 16 June 2014

အကျွတ်အလွတ်ပွဲ မတိုင်မီတွင် ထူးဆန်းသော ဖြစ်ရပ်များဖြစ်ပွားခဲ့ ဟု နတ်စင်တစ်ရာ ဆရာတော်မိန့်ကြား



နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာဇောတ

န်ကုန်၊ ဇွန် ၁၅- မြင်းစာကျွေးတဲ့ ကောင်လေးက မြင်းစာကျွေးပြီးထလိုက် တယ်။ ပြီးတော့  ကျောင်းဝင်းထဲ သူလျှောက်လာ တယ်။ အဲဒီအချိန်မှာ ကျောင်း ဝင်းထဲက အဆောင်တစ်ခု ရှေ့လှေခါး ခုံပေါ်မှာ လူတစ်ယောက်ထိုင်နေတာ ကို ခပ်လှမ်းလှမ်း ကတွေ့လိုက်တယ်။ ဒါနဲ့ အဲဒီနားလေးက ကောင်လေးဖြတ် လျှောက်မယ်လုပ်တော့ ခုနကထိုင်နေတဲ့လူက ထရပ်လိုက် တယ်။ အဲဒီ ထရပ်လိုက်တဲ့လူကြီးကို ရုတ်တရက် လှမ်းကြည့်လိုက်တော့ ကောင်လေး ကြက်သေ သေသွားတယ်။ ဘာကြောင့် လဲဆိုတော့ အဲဒီလူကြီးမှာ လက် နှစ်ဖက် စလုံး မပါဘူး။ ကောင်လေး အဲလိုကြည့်နေရင်းနဲ့ အဲဒီလူကြီးလည်း ရပ်နေရာကနေ ရုတ်တရက်ပျောက်ချင်းမလှပျောက်သွားတယ်။ ကျောချမ်း သွားတဲ့ကောင်လေးလည်း အဲဒီနေရာကနေ ဆရာ တော့်ဆီ တစ်ချိုး တည်း ပြေးထွက်လာခဲ့တာတဲ့'' ဟု နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာဇောတက မိန့်သည်။


ဇွန်လ၁၅ ရက်၊ နေ့လယ်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်ရှိ နတ်စင်တစ်ရာကျောင်း တိုက်တွင် Democracy Today   သတင်းစာနှင့် သီးသန့် တွေ့ဆုံစဉ် ဆရာတော်က အထက် ပါအတိုင်း မိန့်ကြားလိုက်ခြင်းဖြစ်သည်။
''ဇွန်လ ၁ဝရက်ရယ်၊ ၁၁ရယ်၊ ပြီးတော့ ဒီနေ့ မနက်လည်း ပါတယ်။ အဲဒီနေ့တွေရဲ့ သန်းခေါင်ကျော် အချိန် မနက်ပိုင်း တစ်နာရီကျော် လောက်ဆိုရင် အဲဒီအခန်းထဲမှာ ဓာတ်တော်တွေ ကွန့်မြူး တယ်။ CCTV ထဲမှာ မြင်ရတဲ့အတိုင်းပဲ။ ဒါ ဆရာတော့် ဘဝမှာ ပထမဦးဆုံးအကြိမ်ကြုံတွေ့ ဖူးတာပဲ။ အရမ်းအံ့ဩဖို့ ကောင်းတယ်'' ဟု ဆရာတော်က ဆက်လက်မိန့် သည်။
မီးအမှောင်ချထားပြီး လူမရှိသည့် အဆိုပါ အခန်းထဲတွင် အရွယ်အစား မတူသည့် မီးလုံးလေးများ အရွယ် အရာဝတ္ထုငယ် တစ်ခုမှ လေးခုအထိ ယင်းအခန်းထဲတွင် လျှောက်သွားနေ ကြသည် ကို CCTV ထဲမှ တစ်ဆင့် ထူးခြားစွာမြင်တွေ့နေရသည်။

အဆိုပါအရာဝတ္ထုလေးများသည် တစ်ခုကနေ နှစ်ခုဖြစ်သွားလိုက်။ ခဏအကြာ လေးခု ဖြစ်လာလိုက်၊ တော်နေကြာ တစ်ခုက ပျောက် သွားလိုက်။ ပြီးနောက် လေးခုစလုံး ပေါ်လာပြီး တန်းစီကာ ငြိမ့်ငြိမ့်လေး လျှောက်သွား လိုက်နှင့် မြင်နေရခြင်း ဖြစ်သည်။
ယင်းအရာဝတ္ထုများလှုပ်ရှား နေကြသည့် အခန်းမှာ နတ်စင်တစ် ရာ ကျောင်းတိုက်အတွင်းရှိ ဘုရားရှင် အပါအဝင် ရဟန္တာများ၊ နတ်များနှင့် ဝိဇ္ဇာများ၏ ဓာတ်တော် မွေတော် များ ကိန်းဝပ်ရာ ''သစ္စာအဓိဋ္ဌာန် အောင် ဓာတ်နန်း''ဟူသည့် အခန်းဖြစ်ကြောင်း ဆရာတော်၏ မိန့်ကြားချက် အရ သိရသည်။
''ဇွန်၁၀ရက်ညကနေ ဇွန် ၁၄ရက် ညအထိ အဲဒီနားလေးမှာ လူတွေသိပ်ဖြတ်မလျှောက်ရဲကြဘူး။ ပုံမှန်ထက်တော့ နည်းနည်းကျဲသွား တယ်။ အဲဒီပိတောက်ပင်ပေါ်ကနေ သစ်ကိုင်းတွေကျိုး ကျသံ တွေ ညညကျ ရင် ကြားရတယ်။ မော့ကြည့်လိုက် တော့လည်း ဘာမှမဖြစ်ဘူး။ ဒါကြောင့် သိပ်ဖြတ်မလျှောက်ရဲကြတာ''ဟု ပိတောက်ပင်ကြီး၏ မနီးမဝေးရှိလက် ဘက်ရည်ဆိုင်တွင် လာထိုင် သည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ပိတောက်ပင်ကြီးသည် နေ့ခင်း ကြောင်တောင်ကြည့်လျှင်ပင် အသည်းယားစရာ ကောင်းလှသည်။ ညို့ညို့ စိမ်းစိမ်း၊ အုပ်အုပ်ဆိုင်းဆိုင်း နှင့် တော်တော်ကြီးသည့်အပင်ကြီးဖြစ်သည်။ ယင်း ပိတောက် ပင်ကြီးသည် နတ်စင်တစ်ရာဘုန်းကြီးကျောင်းအဝင်ဝရှိ လက်ယာဘက်ထောင့်တွင် တည်ရှိပြီး နတ်စင်တစ်ရာ ဆရာတော် က အမြန်လမ်းမှခေါ်ဆောင်လာသည့် အပရလော ကသား များကို ခေတ္တထား ရာ အပင်ကြီး ဖြစ်သည်။
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆမှု များကြောင့် သေဆုံးသွားခဲ့ကြပြီးနောက် မကျွတ်မလွတ်ဘဲရှိနေကြ သေးသည့် အပရလောကသားများကို ရေစက်ချ၊ အမျှ ဝေကာ အကျွတ် အလွတ်ပွဲ ပြုလုပ် ပေးရန် ဆရာတော်က ဇွန် ရရက်နှင့် ဇွန် ၈ ရက်တို့တွင် အမြန်လမ်းတစ် လျှောက် အန္တရာယ်ကင်းပရိတ်တရား များ၊ အသံမစဲ ပဋ္ဌာန်း တော်များ နှင့် ကမ္မာဝါစာများရွတ်ဖတ်ကာ ၁ဝပေ၊ ၁၄ပေကားနှစ်စီးဖြင့် ခေါ်ဆောင်လာ ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အဆိုပါ အပရလောကသားများကို ဆရာတော့် ကျောင်းရှိ ပိတောက်ပင်ကြီးတွင် ခေတ္တ ထိန်းသိမ်း ထားခဲ့သည်။
ယင်းအပရလောကသားများကို အကျွတ်အလွတ် ပွဲပြုလုပ်မည့် ဇွန် ၁၅ရက်(ယနေ့)မတိုင်မီ အထိ နတ်စင် တစ်ရာကျောင်းတိုက်နှင့် အနီးပတ်ဝန်း ကျင်တို့တွင် ယခုကဲ့သို့ ထူးဆန်းသည့် ဖြစ်ရပ် အချို့ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
နတ်စင်တစ်ရာ ကျောင်းတိုက် အတွင်း ခေါ်ဆောင်ထားသည့် အမြန် လမ်းမှ အပရလောကသားများ အပါ အဝင် အခြားနေရာအချို့မှ ခေါ် ဆောင်ထားသည့် အပရလောကသား များကို ဇွန် ၁၅ရက်၊ နံနက် ၁ဝနာရီ ဝန်းကျင်ခန့်တွင် အဆိုပါကျောင်း တိုက်အတွင်း၌ အကျွတ်အလွတ်ပွဲ ပြုလုပ်ခဲ့သည်။
''ဒီလိုပွဲမျိုး တစ်ခါမှ ကျွန်တော့် ဘဝမှာ မကြုံဖူးဘူး။ ဒီအကျွတ် အလွတ်ပွဲအတွက် စိတ်ထဲမှာ ကြည်နူး မိတယ်။ ဝိညာဉ်တွေအတွက်လည်း ဝမ်းမြောက် ဝမ်းသာဖြစ်မိတယ်။ အကျွတ် အလွတ် ဖြစ်သွားတော့ တော်တော်လေးလည်း ကြက်သီးထမိ တယ်''ဟု ယခုပွဲကို စိတ်ဝင်စား၍ တက်ရောက်လာသည့် မြောက်ဥက္ကလာ မြို့နယ်မှ ကိုရဲလေး(ခ) ကိုတိုးက Democracy today  သတင်းစာသို့ ပြောသည်။
အဆိုပါပွဲတွင် တက်ရောက်လာ သည့် ဆရာတော်၊ သံဃာတော်များ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပါဝင်သည့် ဧည့်ပရိသတ်များက အပရ လောကသား များအတွက် ရည်စူးပြီး ရေစက်သွန်ချ၊ အမျှပေးဝေခဲ့သည်။ ယင်းအပြင် အုန်းထမင်း၊ အမဲဟင်း လျာနှင့် ရေခွက်တစ်ခွက်စီ ပါဝင်သည့် ထမင်းစားပွဲပေါင်း ၄၀၀ ကိုတည်ခင်း ကာ အဆိုပါ အပရလောကသားများ ကို ကျွေးမွေးခဲ့သည်။
''ဒီလိုလုပ်လိုက်တဲ့အတွက် ဒီအပရ လောကသားတွေ ကျွတ်လွတ်သွား တယ်၊ ကျွတ်လွတ်မသွားဘူးဆိုတာ က ဘဘုန်းလည်း ရဟန္တာမဟုတ်တဲ့ အတွက် တပ်အပ် မပြောနိုင်ဘူး။ ဒါပေမဲ့ ဒီပွဲလုပ်လိုက်တော့ ဘဘုန်းရဲ့ စိတ်ထဲမှာ ရှင်းသွားတယ်။ ပျော် လည်း ပျော်နေမိတယ်''ဟု နတ်စင်တစ်ရာ ကျောင်းတိုက်ဆရာတော်က Democracy Today  သတင်းစာသို့ မိန့်သည်။
အမြန်လမ်းအတွင်းယာဉ်မတော် တဆမှုများကြောင့် သေဆုံးသွားသူ များ၏ မိသားစုဝင်များလည်း အဆိုပါ အကျွတ်အလွတ်ပွဲသို့ တက်ရောက်ခဲ့ ကြသည်။ ယင်းအပြင် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း ကိုတာဝန်ယူရသည့် တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြသည်။
''ကျွန်တော့်အမြင်မှာတော့ဒီရက် ပိုင်းမှာ လူအသေအပျောက်တွေ အများ ကြီးလျော့ကျသွားပါပြီ။ ဒီရက်ပိုင်း အတွင်း အရမ်းမိုး များပါတယ် ခင်ဗျ။ ဆက်တိုက်ကိုရွာပါတယ်။ ရွာပေမယ့် ကားမ တော်တဆ မှုတွေ နည်းသွားတယ်။ လူအသေ အပျောက်တွေ နည်းသွား တယ်။ ဖြစ်တော့ဖြစ်တယ်။ ဒါပေမဲ့ လူအသေ အပျောက် တော့မရှိတော့ ဘူး။ ဒီလိုမျိုး ဘုရား စေတီ တည်တာ တို့၊ ပရိတ်ရွတ် တာတို့၊ အကျွတ်အလွတ် ပွဲ လုပ်တာတွေဟာ အတိုင်းအတာတစ်ခု လောက်ထိ အကျိုးသက်ရောက်မှု ရှိတယ်လို့ လည်း ကျွန်တော်ယုံပါ တယ်''ဟု ရန်ကုန်-မန္တလေးအမြန် လမ်း ဝဝ/ဝမိုင်မှ ၁၈၅/ဝမိုင်အထိ တာဝန်ယူထားရသည့် အင်ဂျင်နီယာ  မှူး ဦးကျော်ဖုန်းလွင်ကီနာသခမခေပွှသိပေ သတင်းစာ၏မေးမြန်းမှုကိုဖြေ ကြားခဲ့သည်။
မာန်ယုကျော် (ရွှေဝမြေ)
[--Democracy today Daily Newspaper--]

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...