ရန်ကုန်တိုင်း ဒေသကြီး ဆိပ် ကမ်းမြို့နယ် ရဲတပ်ဖွဲ့ ညောင်တန်း ရဲကင်းမှ
ရဲတပ်ကြပ်ကြီး တစ်ဦးသည် တာဝန် ထမ်းဆောင် နေစဉ် အမျိုးသား သုံးဦးက သံ
တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ရာ ပုဇွန်တောင်ချောင်းအတွင်းသို့
ပြုတ်ကျသေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ
သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၃၀ ရက် နံနက် ၁ နာရီ မိနစ် ၄၀ ခန့်တွင်
ညောင်တန်းရဲကင်းမှ ရဲတပ်ကြပ် ကြီးခင်မောင်ကြည်သည် ပြည်သူ့ စွမ်းအားအဖွဲ့ဝင်
သုံးဦးနှင့်အတူ ပုဇွန်တောင်ချောင်းအတွင်း လက် ခတ်လှေဖြင့်
လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ဒေါပုံသင်္ဘော ကျင်းရှေ့ရေပြင်တွင်ရပ်ထားသည့်
ပြည်တွင်းရေကြောင်းပိုင် စစ်ဆေး ရေးသင်္ဘောအမှတ်L 429 ပေါ်သို့
တက်ရောက်ကာ
သင်္ဘော ဝန် ထမ်းများနှင့် စကားပြောနေစဉ် အမျိုးသားခြောက်ဦး (စုံစမ်းဆဲ)
တင်ဆောင်လာသော ဘေးထိုး စက်တပ်လှေငယ် တစ်စင်းသည် သင်္ဘောဘေးသို့ကပ်ကာ ၄င်းတို့
အနက် အမျိုးသားသုံးဦး (စုံစမ်း ဆဲ)မှ သင်္ဘောပေါ်သို့ တက်လာ ပြီး
ရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်ထား သောတပ်ကြပ်ကြီးခင်မောင်ကြည် အား အသင့်ယူလာသော
သံတုတ် များဖြင့် ဝိုင်းဝန်းရိုက်နှက်ကြရာ တပ်ကြပ်ကြီး ခင်မောင်ကြည်မှာ
ပုဇွန်တောင်ချောင်းအတွင်း ပြုတ် ကျသေဆုံးခဲ့ပြီး
ဝိုင်းဝန်းရိုက်နှက်သူများမှာ ထွက်ပြေးသွားကြောင်း သိရသည်။
၎င်းတို့ ပြစ်မှုကျူးလွန်ရ သည့် အကြောင်းရင်းမှာMPG ကုမ္ပဏီတွင်
ငါးဖမ်းလုပ်ငန်း၊ ရေခဲစက်ရုံလုပ်ငန်း၊ ရေခဲသယ်ယူ
ပို့ဆောင်ခြင်းလုပ်ငန်းများဆောင် ရွက်သည့် လုပ်သားများအနေဖြင့်
အဆိုပါဆိပ်ကမ်း ပတ်ဝန်းကျင် တွင် ခိုးဆိုးလုယက် ပြစ်မှုကျူး လွန်သူများအား
ရဲတပ်ဖွဲ့နှင့် ပူး ပေါင်းဖမ်းဆီးခြင်း ဆောင်ရွက်ခဲ့မှု များအပေါ်
၎င်းတို့ကမကျေနပ်၍ ဖြစ်ကြောင်း သိရသည်။ ယင်းအမှုနှင့် ပတ်သက်၍
ပြစ်မှုကျူးလွန်သူများအား ပြစ်မှု ပုဒ်မ ၃၀၂/၃၃၃/၃၃၇ ဖြင့် အမှု
ဖွင့်အရေးယူဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။
ဘုန်းမြတ်
No comments:
Post a Comment