ဧဒင်အချစ်ပုံပြင်: "ရုပ်ရှင်ရော၊ ဗီဒီယိုရော ကြိုးစားမှုကို အတူတူထားတယ် အေးမြတ်သူ"

Monday 17 December 2012

"ရုပ်ရှင်ရော၊ ဗီဒီယိုရော ကြိုးစားမှုကို အတူတူထားတယ် အေးမြတ်သူ"

"ရုပ်ရှင်ရော၊ ဗီဒီယိုရော ကြိုးစားမှုကို အတူတူထားတယ် အေးမြတ်သူ"

 သြစတြေးလျက ပြန်လာတာမကြာသေးတဲ့ အေးမြတ်သူက ဇာတ်ကားတွေ ပြန်လည်ရိုက် ကူးနေပါတယ်။ လတ်တလောမှာ ဒါရိုက်တာ ဗန်းကြီး ရိုက်ကူးတဲ့ “ဘုရားစူးမြို့သား” ဇာတ်ကားကို   မောင်နဲ့အတူ သရုပ်   ဆောင် နေပါတယ်။ ဒီဇာတ်ကားမှာ အေးမြတ်သူက တောသား တစ်ယောက်ဖြစ်တဲ့ မောင်ကို မြို့သား တစ်ယောက်ဖြစ်အောင် ကြိုးစားပေးရတဲ့ ကောင်မလေး တစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။ တစ်လ အကြာမှ ပြန်ရိုက်တဲ့ ဇာတ်ကားလေး ဖြစ်တဲ့အတွက် ဘယ်လိုမု(ဒ်)ပြန်သွင်းရလဲဆိုတာကို အေးမြတ်သူ ကိုမေးကြည့်တော့ “ရှေ့မှာ အစ်မ မသွားခင်က ရိုက်ထားသေး တယ်။ ဒီကားက သြစတြေးလျက ပြန်လာတာနဲ့ စရိုက်တဲ့ကားလေးပါ။ အဲဒီလောက်ကြီးလည်း မု(ဒ်)ပြန်မသွင်းရပါဘူး။ ဇာတ်ညွှန်းကို ဖတ်ပြီးတော့ သရုပ်ဆောင်ပါတယ်။ ထွေထွေထူးထူး တော့ အတင်းပြန်လေ့ကျင့်စရာ မလိုပါဘူး” လို့ပြောတဲ့   အေးမြတ်သူကို   နောက်ပိုင်းမှာ ဇာတ်လမ်းတွေကို ဘယ်လိုလက်ခံပြီး ရိုက်ကူး ဖြစ်နေလဲလို့ မေးကြည့်တော့ “ဇာတ်လမ်း ကတော့ ကိုယ့်ဆီလာတဲ့ ဇာတ်တွေက ဇာတ်လမ်း ကောင်းကောင်းတွေ လာပါတယ်။ ကိုယ့်ကိုအဓိကထားပြီး အသားပေးတဲ့ ဇာတ်တွေရောက် လာပါတယ်။ အစ်မက ဒရာမာ ဇာတ်ကို ပိုကြိုက်တယ်။ ဘာဖြစ်လို့ လဲဆိုရင် ဒရာမာဇာတ်က ရင်ထဲမှာကျန်တယ်။ ဒါပေမဲ့အနုပညာရှင် တစ်ယောက် ဖြစ်တဲ့အတွက် ရသစုံအောင် ရိုက်ချင်တယ်” လို့ ပြောပါတယ်။ ဗီဒီယိုရိုက် ရတာနဲ့ ရုပ်ရှင်ကားကြီး ရိုက်ရတာ ဘယ်ဟာက ကိုယ့်အတွက် ပိုပြီး တာဝန်ကြီး သွားမလဲဆိုတာကို အေးမြတ်သူက “အစ်မ အတွက် အားလုံး က အတူတူပါပဲ။ ကားကြီးရော၊ ဗီဒီယိုရော ကိုယ့်ရဲ့ကြိုးစားမှုက အားလုံး အတူတူပဲ။ ဘယ်ဟာကိုလျှော့ပြီး ဘယ်ဟာကို ပိုတယ်ဆိုတာ မရှိပါဘူး ကားကြီးကတော့ တာဝန်ပိုကြီးတယ်။ ဒါပေမဲ့ ဗီဒီယိုကားတွေကို လည်း ပေါ့လျော့လို့ မရဘူး လေ။ လစဉ်၊ အပတ်စဉ် ပုံမှန် ထွက်နေတာ ဆိုတော့ ကိုယ်အသုံးမကျရင် အသုံးမကျသလို၊ အသုံးကျ ရင်လည်း အသုံးကျသလို ကိုယ့်ရဲ့ ကောင်း မှု၊ မကောင်းမှုက ကိုယ့်ဆီ တိုက်ရိုက်ပြန် လာတာ ဆိုတော့ ဒါလည်း တာဝန်ကြီးတာပဲ။ ကားကြီးကတော့ ဇာတ်ကောင်း ရင် အကယ်ဒမီ မှန်းတာတို့ ရှိတယ်လေ။ အမှန်ဆိုရင် အားလုံး က အတူတူပါပဲ” လို့ပြောပါ တယ်။
တွယ်တာ

သြစတြေးလျက ပြန်လာတာမကြာသေးတဲ့ အေးမြတ်သူက ဇာတ်ကားတွေ ပြန်လည်ရိုက် ကူးနေပါတယ်။ လတ်တလောမှာ ဒါရိုက်တာ ဗန်းကြီး ရိုက်ကူးတဲ့ “ဘုရားစူးမြို့သား” ဇာတ်ကားကို မောင်နဲ့အတူ သရုပ် 
ဆာင် နေပါတယ်။ ဒီဇာတ်ကားမှာ အေးမြတ်သူက တောသား တစ်ယောက်ဖြစ်တဲ့ မောင်ကို မြို့သား တစ်ယောက်ဖြစ်အောင် ကြိုးစားပေးရတဲ့ ကောင်မလေး တစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။တစ်လအကြာမှ ပြန်ရိုက်တဲ့
ဇာတ်ကားလေး ဖြစ်တဲ့အတွက် ဘယ်လိုမု(ဒ်)ပြန်သွင်းရလဲဆိုတာကို အေးမြတ်သူ ကိုမေးကြည့်တော့ “ရှေ့
မှာ အစ်မ မသွားခင်က ရိုက်ထားသေး တယ်။ ဒီကားက သြစတြေးလျက ပြန်လာတာနဲ့ စရိုက်တဲ့ကားလေးပါ။ အဲဒီလောက်ကြီးလည်း မု(ဒ်)ပြန်မသွင်းရပါ
ဘူး။ ဇာတ်ညွှန်းကို ဖတ်ပြီးတော့ သရုပ်ဆောင်ပါတယ်။ ထွေထွေထူးထူး တော့ အတင်းပြန်လေ့ကျင့်စရာ မ
လိုပါဘူး” လို့ပြောတဲ့ အေးမြတ်သူကို နောက်ပိုင်းမှာ ဇာတ်လမ်းတွေကိုဘယ်လိုလက်ခံပြီးရိုက်ကူး ဖြစ်နေလဲ
လို့ မေးကြည့်တော့ “ဇာတ်လမ်း ကတော့ ကိုယ့်ဆီလာတဲ့ ဇာတ်တွေက ဇာတ်လမ်း ကောင်းကောင်းတွေ လာပါတယ်။ 
 
ကိုယ့်ကိုအဓိကထားပြီး အသားပေးတဲ့ ဇာတ်တွေရောက် လာပါတယ်။ အစ်မက ဒရာမာ ဇာတ်ကို ပိုကြိုက်
တယ်။ ဘာဖြစ်လို့ လဲဆိုရင် ဒရာမာဇာတ်က ရင်ထဲမှာကျန်တယ်။ ဒါပေမဲ့အနုပညာရှင် တစ်ယောက် ဖြစ်တဲ့
အတွက် ရသစုံအောင် ရိုက်ချင်တယ်” လို့ ပြောပါတယ်။ 
 
ဗီဒီယိုရိုက် ရတာနဲ့ ရုပ်ရှင်ကားကြီး ရိုက်ရတာ ဘယ်ဟာက ကိုယ့်အတွက် ပိုပြီး တာဝန်ကြီး သွားမလဲဆိုတာ
ကို အေးမြတ်သူက “အစ်မ အတွက် အားလုံး က အတူတူပါပဲ။ ကားကြီးရော၊ ဗီဒီယိုရော ကိုယ့်ရဲ့ကြိုးစားမှုက အားလုံး အတူတူပဲ။ ဘယ်ဟာကိုလျှော့ပြီး ဘယ်ဟာကို ပိုတယ်ဆိုတာ မရှိပါဘူး ကားကြီးကတော့ တာဝန်ပို
ကြီးတယ်။ 
ဒါပေမဲ့ ဗီဒီယိုကားတွေကို လည်း ပေါ့လျော့လို့ မရဘူး လေ။ လစဉ်၊ အပတ်စဉ် ပုံမှန် ထွက်နေတာ ဆိုတော့ ကိုယ်အသုံးမကျရင် အသုံးမကျသလို၊ အသုံးကျ ရင်လည်း အသုံးကျသလို ကိုယ့်ရဲ့ ကောင်း မှု၊ မကောင်းမှု
က ကိုယ့်ဆီ တိုက်ရိုက်ပြန် လာတာ ဆိုတော့ဒါလည်းတာဝန်ကြီးတာပဲ။ကားကြီးကတော့ ဇာတ်ကောင်း ရင်
အကယ်ဒမီ မှန်းတာတို့ ရှိတယ်လေ။ အမှန်ဆိုရင် အားလုံး က အတူတူပါပဲ” လို့ပြောပါ တယ်။

တွယ်တာ
ပေါ်ပြုလာမြန်မာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...