ဧဒင်အချစ်ပုံပြင်: ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၈-၈-၂ဝ၁၃ မှ ၁၄-၈-၂ဝ၁၃ ) ဟောစတမ်း

Friday 9 August 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၈-၈-၂ဝ၁၃ မှ ၁၄-၈-၂ဝ၁၃ ) ဟောစတမ်း


တနင်္ဂနွေ
ပြိုင်ဘက်အပေါ် အနိုင်ရသောကိန်း ကြုံမည်။ ပျိုရွယ်သူများ အချစ်ရေး၊ မေတ္တာရေး ကံကောင်းမည်။ အဆင်ပြေလိမ့် မည်ဟူ၍ လုံးဝမမျှော်လင့်ထား ကိစ္စတစ်ခုမှ ထူးခြားသော အောင်မြင်မှုကို ရရှိမည်။ သူတစ်ပါးပေးသော အကြံ ဥာဏ်ကောင်းကို လေးနက်စွာ ခံယူပြီး စနစ်တကျ အသုံးချပြီး

တိုးတက်မှုအဆင့်ဆင့် ရရှိမည်။ ကျန်းမာရေး တွင် ရောဂါဝေဒနာဟောင်းများ ပြန်ပေါ်မည်။
ယတြာ ။ ။ မွေးနေ့တွင် ခြေသုတ်ခုံ လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
မြှုပ်နှံထားသောကိစ္စများမှ ကောင်းသောအကျိုးဆက် ရရှိမည်။ ရန်၊ မနာလိုသူ အပြိုင်အဆိုင်များနှင့် ထိပ်တိုက် တွေ့ကိန်း ရှိသည်။ အတိုက်အခံအားလုံးကို ကျော်လွှားပြီး တိုးတက်မည်။ အလုပ်စီးပွား ကိစ္စများ တွင် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်သည် ရှုပ်ထွေးမှုဖြစ်နေသည့်ကြားမှ မိမိကိုယ်ပိုင် အစွမ်း အစကြောင့် တိုးတက်မှု ကြုံရပေမည်။
ယတြာ ။ ။ မွေးနေ့တွင် ကျောက်ကျောဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
ထူးခြားသော အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်မည်။ မည်သည့်ကိစ္စ ကိုမှ ပုံသေထားပြီး လုပ်၍ မရ။ နေ့စဉ်နှင့်အမျှ အခြေအနေအလုံးစုံသည် တစ်မျိုး ပြီးတစ်မျိုး ပြောင်းလဲနေသည်။ ဆောင်ရွက်ရင်း တစ်ပိုင်းတစ်စ ရပ်တန့်ထား သောလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်မည်။ လက်လွန်ထားသောငွေ ကြေး၊ အခွင့်အရေး၊ ပစ္စည်းများကို လက်ဝယ်ပြန်လည်ရရှိအောင်ဆောင်ရွက်နိုင်သောအခြေအနေရှိမည်။
ယတြာ ။ ။ မွေးနေ့တွင် နှင်းဆီပန်းအဝါ ၃ ပွင့် ဘုရားပန်းကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
ဘဝတိုးတက်မည်။ အကြံအစည် အောင်မြင်မည်။ အပြောင်းအလဲနှင့် တက်လမ်းရှိမည်။ ခက်ခဲသော ကိစ္စများ ဖြေရှင်း အဆင်ပြေမည်။ ရုတ်တရက် ပေါ်လာသော အခြေအနေကို အသုံးချပြီး တက်လမ်းကောင်း ကြုံမည်။ကိုယ် တိုင်တွင်ဖြစ်စေ၊ မိသားစုတွင်ဖြစ်စေ မြုပ်နေသော ငွေကြေး၊ ပစ္စည်းများ လက် ဝယ်ပြန်လည်ရရှိသော အခြေ အနေကောင်းများ ကြုံရပေမည်။ အရင်းနည်း၍ အမြတ်များသော အလုပ်၊ အခွင့်အရေးနှင့် တိုးတက်မှု ကံကောင်းခြင်း ကြုံမည်။
ယတြာ ။ ။ မွေးနေ့တွင် လီလီပန်း ဘုရားပန်းကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
လူစည်ကားသော ဈေး၊ စတိုးဆိုင် စသည့်နေရာများတွင် ခါးပိုက်နှိုက်ခံရ တတ်သည်။ အပေါင်းအသင်းများ ဒုက္ခ ပေး တတ်သည်။ လျှို့ဝှက်အပ်သောကိစ္စ များကို တစ်ပါးသူအားပြောဆိုမိ၍ စိတ်ရှုပ်ရတတ်သည်။ သူတစ်ပါးအပေါ် ယုံစားမှု လွန်ကဲရန် မသင့်ပါ။ ခရီးကိစ္စ စီစဉ်ဆောင်ရွက်၍ အကျိုးရှိမည်။ အလုပ် သစ်၊ စီးပွားသစ်များချဲ့ထွင်၍ တိုးတက်မှု ရမည်။ အတတ်ပညာနှင့် ပတ်သက်၍ ကံကောင်းမည်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ပန်းထိမ်မနိုင်ပန်း ဘုရားလှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
စကားများရမည်။ အယူအဆသဘောထား ကွာခြားသောသူများနှင့် ဆက်ဆံရခြင်းများ ကြုံမည်။ မိမိဘက်မှ တာဝန်ကျေလင့်ကစား ပေါ့ပေါ့ဆဆ ဆောင်ရွက်တတ်သူများနှင့် ဆက်ဆံရမည်။ အိမ်တွင်းရေးအညံ့ ရှိသည်။ မိမိ အပေါ် အမြင်မကြည်လင်၊ ဝေဖန်တိုက်ခိုက်နေသူများကြားမှ ဘဝ တိုးတက်မည်။ သူတစ်ပါးအပေါ် လွန်လွန်ကဲကဲ အားနာယုံလွယ်ခြင်းကြောင့် ဆုံးရှုံးနစ်နာမှု ကြုံတတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် သစ္စာပန်း ဘုရားကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
စာရွက်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စ တာဝန်ယူအာမခံခြင်းများ တတ်နိုင်သမျှ ရှောင်ပါ။ မည်သည့်ကိစ္စ ဆောင်ရွက်စေ တွန့်ဆုတ်ခြင်း မရှိသင့်။ ကိုယ် ပိုင်စိတ်ကူးအကြံဥာဏ်များကို အခြေတည်၍ ပိုင်ပိုင်နိုင်နိုင် ပြတ်သားစွာ ဆောင်ရွက်ပါ က အထူးအကျိုးရှိမည်။ ကာလအတန်ကြာ ဖြေရှင်းရခက်နေသောကိစ္စများ ပြေလည်သွားမည်။
ယတြာ ။ ။ မွေးနေ့တွင် သရက်ယို ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
အထူးကောင်းသည်။ ပေါ်ပေါက်လာသည့် အခြေအနေအပေါ် အသုံးချ ၍ တိုးတက်မှုအဆင့်ဆင့် ကြုံနိုင်သည်။ ပျိုရွယ်သူများအဖို့ မေတ္တာရေးကံ အထူးကောင်းသည်။ မိသားစုအတွက် ဦးတည်ရည်စူးပြီး လုပ်ကိုင်သည့်ကိစ္မ များမှ အထူးကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်မည်။ ပြည်ပခရီး သွား ရောက်ရန်အတွက် စီစဉ်ထားမှုများ ပထမအကြိမ် လွဲချော်ပြီးနောက် အစီအစဉ် သစ်၊ လမ်းသစ်ပေါ်လာပြီး အလိုရှိသော နိုင်ငံသို့ အဆင်ပြေစွာ ရောက်ရှိမည်။
ယတြာ ။ ။ မွေးနေ့တွင် ဒူးရင်းသီး ၁ မွှာ ဘုရားဆွမ်းတော်တင်ပါ။

စံဇာဏီဘို

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...