ဒတ်ခ်ျနိုင်ငံမှ ဘောလုံးစည်းကြပ်ဒိုင်တစ်ဦးမှာ ဆယ်ကျော်သက် ဘောလုံးကစားသမား ၃ ဦး၏ အကြမ်းဖက် ထိုးကြိတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။ အသက် ၄၁ အရွယ် ရစ်ချတ်သည် ၎င်း၏သားဖြစ်သူ ပါဝင်ကစားနေသော ဘောလုံးပွဲစဉ်တွင် စည်းကြပ်ဒိုင်အဖြစ် ဆောင်ရွက်စဉ် လူငယ်ဘောလုံးသမား ၃ ဦး၏ ထိုးကြိတ်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရာ ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ရသည်။ သို့သော် ရစ်ချတ်မှာ ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရသည်။
(စည်းကြပ်ဒိုင်ရစ်ချတ်နှင့် ၎င်း၏သားနှစ်ဦး) |
အခင်းဖြစ်ပွားရာဘောလုံးကွင်း |
ထို့အပြင် ဒတ်ခ်ျ ပြည်တွင်းလိဂ်ပွဲစဉ်များတွင်လည်း ဘောလုံးပွဲမစတင်မီ တစ်မိနစ်ငြိမ်သက်ကာ ရစ်ချတ်အတွက် ဝမ်းနည်းခြင်း အထိးမ်အမှတ် ပြုလုပ်မည်ဖြစ်သည်။ ယင်းဖြစ်ရပ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌ ဆပ် ဘလတ္တာ မှ ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ် KNVB သို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ခဲသည်။
ထိုသ၀ဏ်လွှာတွင် ဘောလုံးအားကစားသည် လူ့အဖွဲ့အစည်း၏ ကြေးမုံတစ်ချပ်ဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားနေခြင်းကိုလည်း ၀မ်းနည်းမိကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိအနေဖြင့် မစ္စတာ နျူဝမ်ဟိုင်ဇန်ကဲ့သို့ ခံစားရသောအဖြစ်ပျက်များက လူထုကို အမှားများကျူးလွန်ခြင်းမှ ကင်းဝေးစေရန်အတွက် ပညာပေးသော ဥပမာကောင်းတစ်ခုအဖြစ် မြင်မိပါကြောင်း ထည့်သွင်းဖော်ပြသွားခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့သော ကစားသမားများအား ရဲစခန်းမှ ထိန်းသိမ်းထားပြီး ဖြစ်စဉ်အသေးစိတ်ကို ဒတ်နိုင်ငံဘောလုံးအဖွဲ့ချုပ် KNVBမှတာဝန်ရှိသူများနှင့် ရဲအရာရှိများမှ ဆက်လက် စုံစမ်းလျက်ရှိသည်။
from.planet.
No comments:
Post a Comment