ဧဒင်အချစ်ပုံပြင်: ကရင်အမျိုးသားအချင်းချင်း တိုက်ပွဲဖြစ်ပွားရာမှ ထိခိုက်ပျက်စီးခဲ့ရသော နန်းဦးပုထိုး(စေတီတော်)အနုလက်ရာများ နှင့် အစိတ်အပိုင်းတစ်ချို့ပြန်လည်မပြုပြင်ကြသေး

Monday 27 May 2013

ကရင်အမျိုးသားအချင်းချင်း တိုက်ပွဲဖြစ်ပွားရာမှ ထိခိုက်ပျက်စီးခဲ့ရသော နန်းဦးပုထိုး(စေတီတော်)အနုလက်ရာများ နှင့် အစိတ်အပိုင်းတစ်ချို့ပြန်လည်မပြုပြင်ကြသေး

ကရင်ပြည်နယ်၊ မြိုင်ကြီးငူ အထူးဒေသ၊ မြိုင်ကြီးငူဆရာ တော်ဦးစီးပဓာနပြုတည်ထား သော နန်းဦးပုထိုးစေတီတော် ကြီးနှင့် ၀တ္တကမြေအတွင်းရှိ သာ သနိကအဆောက်အအုံတစ်ချို့ ၂၀၁၃ ခုနှစ်၊ ဧပြီလနှောင်းပိုင်းက နယ်ခြားစောင့်တပ်  BGF နှင့် DKBA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြရာ သာသနိကအဆောက် အအုံများနှင့် နန်းဦးပုထိုးစေတီ တော်ကြီးကို လက်နက်ကြီး၊ လက်နက်ငယ် ကျည်များထိမှန် ကာ စေတီတော်အစိတ်အပိုင်း တစ်ချို့ ပျက်စီးခဲ့ရကြောင်း၊ ယင်း ကဲ့သို့ ထိမှန်ပျက်စီးခဲ့ရသည့် စေ တီတော်ကြီး၏ အစိတ်အပိုင်းများ
ယခုထိမည်သူမျှပြန်လည်ပြုပြင် ပေးခြင်းမရှိသေးကြောင်း မြိုင် ကြီးငူအထူးဒေသ၊ ကရင်စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ သံမဏိဦးမင်းဒင်က ၂၄-၅-၂၀၁၃ ရက်တွင် ပြောကြားသည်။
အချင်းချင်းဖြစ်ပွားခဲ့ရသော (၄)ရက်ကြာတိုက်ပွဲကြောင့် ဆုံး ရှုံးပျက်စီးမှုများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု များ၊ ဒေသခံတို့နေရာရွှေ့ပြောင်း ခိုလှုံခဲ့ရခြင်းများဖြစ်ပွားခဲ့ကြရ သည့်အထဲတွင် သာသနိက အဆောက်အအုံတစ်ချို့နှင့် နန်း ဦးပုထိုးစေတီတော်ကြီးလည်း ပါဝင်ခဲ့ရသည်ဟု သိရသည်။
ကရင်စာပေနှင့် ယဉ်ကျေး မှုအဖွဲ့ဥက္ကဋ္ဌ သံမဏိဦးမင်းဒင်က ပြောပြရာတွင် “နယ်ခြားစောင့် တပ် BGF နဲ့  DKBA တို့ တိုက် ပွဲဖြစ်လိုက်တဲ့အတွက် သာသနိ ကအဆောက်အအုံတွေတော် တော်များများပဲ ထိခိုက်ကုန် တယ်။ အထိအများဆုံးက ဒီနန်း ဦးစေတီတော်ကြီးပဲ။ ဒီစေတီ တော်ကြီးကမြိုင်ကြီးငူဆရာတော် ဦးဆောင်တည်ခဲ့တဲ့ စေတီတော် ကြီး၊ မြိုင်ကြီးငူဆရာတော် ဟို တုန်းက အဓိဋ္ဌာန်ဝင်ကျင့်စဉ်တွေ လုပ်နေတဲ့အချိန်၊ ဆရာတော်က မြေပေါက်စေတီတွေ တည်လေ့ ရှိတယ်။ ကျွန်တော်က ဗိသုကာ ဂုဏ်မြောက်တဲ့ ပုထိုးတစ်ဆူ လောက်တည်ဖို့ ဆရာတော်ကို အကြံပြုတယ်။ အဲဒါနဲ့ ဒီနန်းဦး ပုထိုးတော်ကြီးကို တည်ဖြစ်ခဲ့ကြ တာပဲ”ဟု ဆိုသည်။
မုခ်ပေါက်လှိုဏ်ဂူမပါဘဲ ပွတ်လုံးထိုးထားသကဲ့သို့ အပြေ အပြစ်ပြုပြီး ဖောင်းရစ်အဆင့် ဆင့်ပါပုံကို စေတီဟုခေါ်ပြီး မုခ် ပေါက်လှိုဏ်ဂူ၊ တိုက်ခန်းစသည် ပါသည့်ပုံကို ပုထိုးဟုခေါ်ကြောင်း သိရသည်။ ယခု နန်းဦးစေတီ တော်ကြီး၏ ပုံတော်မှာ ပုထိုး အမျိုးအစားဖြစ်သည်။
ဗိသုကာပန်းပညာရှင်တစ် ဦးလည်းဖြစ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌလည်းဖြစ် သူ သံမဏိဦးမင်းဒင်က နန်းဦး ပုထိုးစေတီတော်ကြီးကို ယဉ်ကျေး မှုသမိုင်းမှတ်တိုင်တစ်ခုအဖြစ် မျှော်လင့်ကြိုးစားကိုယ်တိုင်ပါဝင် ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ လက်နက် ဘေးဒဏ်သင့်ခံခဲ့ရသည့်အပေါ် “ကျွန်တော်ကလည်း ဒီပုထိုးစေတီ တော်ကြီးကို ဘ၀မှာ အမှတ်တရ ထင်ကျန်ရုံတင်မကဘဲ ကျန်တဲ့ တစ်ခြားဗိသုကာပညာရှင်တွေနဲ့ အဆင့်မီဖြစ်အောင် ကိုယ်တိုင် အနုစိမ်အနုလက် လက်ရာတွေ ၁၅ နှစ်၊ ၁၆ နှစ်လောက် စိတ် ရှည်လက်ရှည်နဲ့ ကြိုးစားပြီးလုပ် ခဲ့တာ။ အခုလိုကြီးဖြစ်သွားတော့ တော်တော်စိတ်ထိခိုက်မိတယ်”
ရှင်းရှင်းပြောရရင်တော့ တိုက်ပွဲတစ်ခုမှာ ယဉ်ကျေးမှု အနုလက်ရာတွေ၊ သာသနာ့ အဆောက်အအုံစေတီတော်လိုဟာ တွေကို သေနတ်တွေ၊ ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြ တာ၊ ခံကတုတ်ကျင်း၊ ကာဘာ လုပ်ကြတာဟာတော်တော်စိတ် မချမ်းသာစရာပါ။ အခု ဒီပျက်စီးမှု တွေကို ပြန်လည်ပြုပြင်ပေးဖို့ကျ တော့ခုချိန်ထိဘာသံမှမကြားသေး ပါဘူး။ ဟိုတုန်းကတော့ ဗိုလ်ချစ် သူနဲ့ ဗိုလ်ဖားနွီးတို့က ပြင်ပေးမယ် လိုလိုတော့ပြောသံကြားဖူးတယ်။ ပြောမပြောတော့  အတိကျမသိပါ ဘူး။
ဒီပန်းကနုတ်တွေ၊ ပန်းခြူး  ပန်းနွယ်တွေ ကျွန်တော်ကိုယ်တိုင်  လုပ်ခဲ့တာ ကိုယ်တိုင်လုပ်ထားခဲ့တဲ့  စေတနာအင်အားကလဲအပြည့် သာသနိကအဆောက်အသီးလဲဖြစ်   ခုလိုရုပ်ပျက်ဆင်းပျက်မြင်ရတဲ့အခါ  စိတ်ထိခိုက်ပါတယ်။ စေတီပုထိုး ဆိုတာ လူနတ်ဗြဟ်္မာ ရဟန်းသံဃာ  အားလုံးရှိခိုးဦးချကြတဲ့ ပူဇနိယ ဌာနတွေပဲ။ ကျွန်တော်တို့က မြတ်နိုးတန်ဖိုးထားတဲ့အရာတွေကို  သူတို့က တန်ဖိုးမထားဘဲနဲ့ ပစ်ကြ  ခတ်ကြလုပ်တော့ကျွန်တော်စိတ် မကောင်းဘူး”ဟု ပြောကြားသည်။
နယ်ခြားစောင့်တပ်  BGF  နှင့်  DKBA တပ်ဖွဲ့တို့အပေါ်၎င်း ၏သဘောထားအပြင်ကိုပြောကြား  ရာတွင် “BGF ဆိုတာကလဲတစ်ချိန်  တုန်းက DKBA  ပါဘဲ။ နောက်မှ ကွဲသွားကြတာ၊ အရင်းစစ်တော့ အမြစ်မြေကဆိုတာမျိုး၊ တစ်ယောက်နဲ့ တစ်ယောက်မကျေ  နပ်တဲ့ အချက်အလက်လေးတွေ  ပေါ်မှာ အရင်းခံပြီးကွဲကုန်ကြတာ” “အထူးသဖြင့် ၀မ်းနည်းဖို့ကောင်း  တာက တစ်ချိန်တစ်ခါတုန်းက ဒါ ဆရာတပည့်တွေချည်းပဲ။ ညီအစ် ကိုမောင်နှမတွေချည်းပဲ။ အတူ နေခဲ့ကြတာ ခုမှဘာကြောင့် စိမ်း စိမ်းမဲမဲကြီးနဲ့ ဘုရားမရှောင်တရား  မရှောင်သာသနိက အဆောက် အဦးထဲမှာ ပစ်ကြခတ်ကြတယ် ဆိုတာ ဗုဒ္ဓဘာသာတစ်ယောက် ရဲ့ အလုပ်မဟုတ်တော့ဘူး”ဟု ဆို သည်။ စေတီတော်နှင့် သာသနိက  အဆောက်အဦးတချို့ထိခိုက်ပျက် စီးရခြင်းနှင့် ပတ်သက်ပြီး မြိုင်ကြီး ငူဆရာတော်၏အခန်းကဏ္ဍဘက် ကဘယ်လိုရှိပါသလဲဟုမေးမြန်း ကြည့်ရာသံမဏိဦးမင်းဒင်က “ဒီ ထိခိုက်ပျက်စီးမှုတွေအပေါ်မြိုင် ကြီးငူဆရာတော်ကလဲ အများကြီး  သိပါတယ်။ ဒါပေမဲ့ သူကဘာမှ မပြောဘူး။ ဒီလိုဘဲ လစ်လျူရှု ထားလိုက်တာပါဘဲ။ စိတ်မကောင်း  ဖြစ်တယ်မဖြစ်ဘူး။ ဘာမှမပြော ပါဘူး။ ဆရာတော်က အခုလက် ရှိဘန်ကောက်မှာရှိနေတယ်။ ကျန်းမာရေးမကောင်းတော့ ဘန်ကောက်မှာရှိနေတယ်။ ကျန်းမာရေးမကောင်းတော့ ဘန်ကောက်မှာနေရင်း ဆေးကု သမှုခံယူရတာပေါ့။ အခါအားလျော်  စွာတော့ ပြန်လာပါတယ်။ ဒီကို ပြန်လာတော့ အခုဖြစ်ပျက်မှုတွေ ကို သေချာကြည့်သွားတယ်။ ဒါပေမဲ့ အပြုံးမပျက်ပါဘူး။” ကရင်စာပေယဉ်ကျေးမှုနှင့် ပတ်သက်ပြီး ဆက်လက်ပြောကြား  ရာတွင် “လောကကြီးမှာ ကျွန်တော် တို့ ယဉ်ကျေးမှုဆိုတာတော်တော်  အရေးကြိးပါတယ်။ ယဉ်ကျေးမှု  ထွန်းကားမှ တိုင်းပြည်သာယာဝ ပြောပါတယ်။ တစ်ချိန်က အိန်္ဒိယ  မှာ ယဉ်ကျေးမှုထွန်းကားခဲ့တယ်။  ရွှေမိုးငွေမိုးရွာသလိုတိုင်းပြည်စည် ကားသာယာခဲ့တယ်။ ယိုးဒယား  မှာ ယဉ်ကျေးမှုထွန်းကားလို့ ယိုးဒယားလဲ ထွန်းကားစည်ပင်ခဲ့ တယ်။ နောက်တစ်ခုက ပုဂံပြည်၊  စာပေယဉ်ကျေးမှုထွန်းကားခဲ့တယ်  တိုင်းပြည်မှာ ကြက်ပျံမကျစည် ကားခဲ့ဖူးတာတွေ သမိုင်းရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ဆီမှာ စာပေနဲ့ ယဉ်ကျေးမှုအလုပ်တွေ ကို အဲဒီလိုမရိုမသေမလေးမစား လုပ်တာကတော့ တော်တော်ရှက် ဖို့ကောင်းတဲ့အလုပ်ပါ” အချင်းချင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ရတဲ့အပေါ် ဒေသခံတိုင်းရင်းသားတစ်ဦးအမြင် ဖြင့် ပြောကြားရာတွင် “ကရင် အမျိုးသားအချင်းချင်းတိုက်ပွဲဖြစ်  ရတယ်ဆိုတာမကောင်းတဲ့လက္ခဏ ပေါ့။ အခုအခါနိုင်ငံတော်ကလဲ အပစ်အခတ်တွေရပ်စဲဖို့၊ ကျွန်တော်  တို့ကရင်ကိစ္စမှာလဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကိစ်္စတွေ အများကြီး ကျန်ပါသေးတယ်။ ဒီလိုအချင်း ချင်းပစ်လာခတ်လားရန်ဖြစ်လား လုပ်နေရင်တော့ ဒါကရင်တစ်မျိုး သားလုံးအတွက်ရော တိုင်းပြည် အတွက်ရောကောင်းတဲ့ လက္ခဏ မဟုတ်ပါဘူး။ “မီဒီယာဆိုတာလဲ  အနုပညာသမားတွေပဲ။ စာနယ် ဇင်းလောကမှာ လုပ်သင့်တာ၊ ပြောသင့်ဆိုသင့်တာ၊ အကြံပေး  သင့်တာတွေလဲပေးကြပေါ့။ အထူးသဖြင့် ကျွန်တော်တို့ပြည် နယ်မှာ ငြိမ်းချမ်းချမ်းနဲ့ ချစ်ချစ် ခင်ခင်နေကြမို့လိုတယ်။ အထင် အမြင်လွဲမှား စိတ်ဝမ်းကွဲသွားမှာ မျိုးတွေ ရှောင်ကြရမယ်။ တစ်ဦး နဲ့ တစ်ဦးတစ်ဘက်နဲ့တစ်ဘက် အပြုသဘောဆောင်တဲ့ ကိစ္စတွေ ဖြစ်ဖို့လိုတယ်။ အားလုံးပေါ့။ အစိုးရပိုင်းဆိုင်ရာတွေရော၊ အဖွဲ့  အစည်းပိုင်းဆိုင်ရာတွေရော ဒီထက်ပိုပြီးယဉ်ကျေးကြဖို့လိုအပ် နေသေးတယ်”ဟု အကြံပြုပြော ကြားသည်။
ကရင်ပြည်နယ်တွင် ထာဝရ  ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်း  များ အစိုးရပိုင်းဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် အခါအားလျှော် စွာညှိနှိုင်းဆွေးနွေးမှုများပြုလုပ်  လျက်ရှိကြောင်း သိရသည်။
“လေးနက်ခိုင်မာသော ထာဝရငြိမ်းချမ်းရေးအတွက်ေ၀၀ါးယုံမှားသော အမြင်များကို  ပွင့်လင်းမြင်သာကြည်လင်မြတ် သားသော လုပ်ဆောင်ချက်များ ဖြင့် ပူးပေါင်းတည်ဆောက်ကြရ မှာဖြစ်ကြောင်း” ငြိမ်းချမ်းရေး လေ့လာသူ (ပြည်ထောင်စု) ဦးစိုးဝင်းမှ အထက်ပါကိစ္စရပ်များ နှင့် ပတ်သက်ပြီးသုံးသပ်ပြောကြား  သည်။

ပွင့်ဆန်း (ပုပ္ပား)HopNews

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...