
သူသည် အသက် ၂ဝ ကျော်အရွယ်မှ စတင်၍ မိန်းကလေး အဝတ်အစားများကိုသာ
ဝတ်ဆင်တော့သည်။ သူသည်မိန်းကလေးနှင့် ပိုတူစေရန်အတွက် ဆေးပညာဆိုင်ရာ အကြံဥာဏ်များရယူခဲ့ပြီး အမျိုးသမီးဟော်မုန်းဖြစ်သော အီစထရိုဂျင်များကိုလည်း သုံးစွဲခဲ့ရာ ယခုအခါသူ၏ ခန္ဓာကိုယ်မှာ အမျိုးသမီးများကဲ့သို့ ကောက်ကောက်ကွေးကွေး ဖြစ်လာသည်။
သူ၏ ရင်သားအရွယ်အစားမှာလည်း ၃၈B ဘရာစီယာ အရွယ်အစားဖြစ်လာသည်။ သူသည် လိင်ပြောင်းလဲရန်အတွက် အမေရိကန်ဒေါ်လာ ၁၅,ဝဝဝကုန်ကျခဲ့ပြီး ယခုအခါ ဥပဒေအရ အမျိုးသမီးအဖြစ်တရားဝင် အသိအမှတ်ပြုခံခဲ့ရပြီဖြစ်သည်။ သူသည်သူ့အား ကမ္ဘာ့အရပ်အရှည်ဆုံး လိင်ပြောင်းလဲသူအဖြစ် တရားဝင် အသိအမှတ်ပြုပေးရန်အတွက် ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့သို့လည်း ဆက်သွယ်လျှောက်ထားခဲ့ကြောင်းလည်း သိရသည်။


No comments:
Post a Comment