ဧဒင်အချစ်ပုံပြင်: ဗယ်လင်တိုင်းနေ့နဲ့ နှင်းဆီပန်း

Monday 11 February 2013

ဗယ်လင်တိုင်းနေ့နဲ့ နှင်းဆီပန်း


Photo: ဗယ်လင်တိုင်းနေ့နဲ့ နှင်းဆီပန်း

အားလုံးသိကြတဲ့အတိုင်း ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ က Valentine နေ့ ဖြစ်ပါတယ်။ တစ်နှစ်မှာတစ်ကြိမ် ဗယ်လင်တိုင်းနေ့မှာ ချစ်သူဆီက နှင်းဆီပန်း တစ်ဒါဇင် ဒါမှမဟုတ် မိမိနှစ်သက်တဲ့ ပန်းတစ်စည်းကို လက်ခံရတာက အလွန်ပဲနှစ်သက်ပျော်ရွှင်ဖွယ် romantic ဖြစ်ပါတယ်။ ဒါကြောင့် ဗယ်လင်တိုင်းနေ့အမီ အင်္ဂလန်နိုင်ငံရဲ့ပန်းဈေးကွက်မှာ လိုအပ်မယ့် ပန်းအရေအတွက် ၃၂ သန်း (စတာလင်ပေါင် ၁၇ သန်း) ကို ဖြည့်ဆည်းပေးနိုင်ဖို့ နယ်သာလန်နိုင်ငံမှ FloraHolland ပန်းလက်ကားကုမ္ပဏီ က ၀န်ထမ်းပေါင်း ၄၀၀၀ နဲ့ နေ့ညမအား အလုပ်များနေတာကို တွေ့ရမှာဖြစ်ပါတယ်။ FloraHolland ကုမ္ပဏီရဲ့ ဧရာမပန်းသိုလှောင်ရုံကြီးက စတုရန်းမီတာ ၂.၆ သန်းလောက် ကျယ်ပြီး ဘောလုံးကွင်း ၄၀၀ နဲ့ ညီမျှပါတယ်။ နှစ်စဉ်နှစ်တိုင်း တကမ္ဘာလုံးကို ပန်းပေါင်း ၁၂.၅ ဘီလီယံ တင်ပို့ပြီး ပန်းအမျိုးအစားပေါင်း ၂ သောင်းခန့် ရှိပါတယ်။ ဗယ်လင်တိုင်းနေ့ကတော့ အလုပ်အများဆုံးအချိန် ဖြစ်ပါတယ်။ ရုပ်ရှင်ရုံလိုကြီးမားတဲ့ ပန်းလေလံဆွဲတဲ့ခန်းမလည်း ရှိပြီး ၀ယ်လက်တွေက ကွန်ပြူတာတွေနဲ့ ပိတ်ကားပြင်ပေါ်မှာ ပြသထားတဲ့ ပန်းတွေနဲ့ ဈေးနှုန်းတွေကိုကြည့်ရင်း လေလံဆွဲလို့လည်း ရနိုင်ကြောင်း သိရပါတယ်။ (Ref; Daily Mail online, Feb 11, 2013, Tulips (and roses) from Amsterdam)Myanmar1အားလုံးသိကြတဲ့အတိုင်း ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ က Valentine နေ့ ဖြစ်ပါတယ်။ တစ်နှစ်မှာတစ်ကြိမ် ဗယ်လင်တိုင်းနေ့မှာ ချစ်သူဆီက နှင်းဆီပန်း တစ်ဒါဇင် ဒါမှမဟုတ် မိမိနှစ်သက်တဲ့ ပန်းတစ်စည်းကို လက်ခံရတာက အလွန်ပဲနှစ်သက်ပျော်ရွှင်ဖွယ် romantic ဖြစ်ပါတယ်။ ဒါကြောင့် ဗယ်လင်တိုင်းနေ့အမီ အင်္ဂလန်နိုင်ငံရဲ့ပန်းဈေးကွက်မှာ လိုအပ်မယ့် ပန်းအရေအတွက် ၃၂ သန်း (စတာလင်ပေါင် ၁၇ သန်း) ကို ဖြည့်ဆည်းပေးနိုင်ဖို့ နယ်သာလန်နိုင်ငံမှ FloraHolland ပန်းလက်ကားကုမ္ပဏီ က ၀န်ထမ်းပေါင်း ၄၀၀၀ နဲ့ နေ့ညမအား အလုပ်များနေတာကို တွေ့ရမှာဖြစ်ပါတယ်။ FloraHolland ကုမ္ပဏီရဲ့ ဧရာမပန်းသိုလှောင်ရုံကြီးက စတုရန်းမီတာ ၂.၆ သန်းလောက် ကျယ်ပြီး ဘောလုံးကွင်း ၄၀၀ နဲ့ ညီမျှပါတယ်။ နှစ်စဉ်နှစ်တိုင်း တကမ္ဘာလုံးကို ပန်းပေါင်း ၁၂.၅ ဘီလီယံ တင်ပို့ပြီး ပန်းအမျိုးအစားပေါင်း ၂ သောင်းခန့် ရှိပါတယ်။ ဗယ်လင်တိုင်းနေ့ကတော့ အလုပ်အများဆုံးအချိန် ဖြစ်ပါတယ်။ ရုပ်ရှင်ရုံလိုကြီးမားတဲ့ ပန်းလေလံဆွဲတဲ့ခန်းမလည်း ရှိပြီး ၀ယ်လက်တွေက ကွန်ပြူတာတွေနဲ့ ပိတ်ကားပြင်ပေါ်မှာ ပြသထားတဲ့ ပန်းတွေနဲ့ ဈေးနှုန်းတွေကိုကြည့်ရင်း လေလံဆွဲလို့လည်း ရနိုင်ကြောင်း သိရပါတယ်။ (Ref; Daily Mail online, Feb 11, 2013, Tulips (and roses) from Amsterdam)Myanmar1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...