ဧဒင်အချစ်ပုံပြင်: နှစ်တန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး

Monday 11 February 2013

နှစ်တန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး

Photo: နှစ်တန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး

(၇-၂-၂၀၁၃) ရက်နေ့ ညနေ (၅း၄၅)အချိန်ခန့် က ဇီးတောအုပ်စု၊ ချင်းသပြေပင် ကျေးရွာနေ ရွာခွဲတာဝန်ခံ ဦးသိန်း ၀င်းသည် ရဲစခန်းသို့ ရောက်ရှိလာ ပြီး ၎င်း၏ကျေးရွာမှ ကလေးငယ် တစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းပေးပို့ချက်အရ တောင် တွင်းကြီးမြို့မရဲစခန်းမှ ရဲအုပ်စခန်း မှူး စိုးသန်း ဦးစီးသောရဲတပ်ဖွဲ့ ၀င်များသည် သက်သေများနှင့် အတူ အခင်းဖြစ်နေရာသို့ သွား ရောက်စစ်ဆေးရာ ချင်းသပြေပင် ကျေးရွာနေ မနှင်းမြတ်မွန်(၇)နှစ် နှစ်တန်းကျောင်းသူသည် (၇-၂-၂၀၁၃)ရက်နေ့ နံနက် (၁၁း၄၀) အချိန်ခန့်တွင် ၎င်းကျေးရွာနေ သုံးတန်းကျောင်းသူများဖြစ်သော မနှင်းဝေလွင်၊ မလှမျိုးနွယ်၊ မမျိုး မြင့်ဆန်း၊ မရွှေဝတ်မှုံတို့နှင့်အတူ ထမင်းစားကျောင်းဆင်းချိန်တွင် ရွာအနောက်မြောက်ဘက်(၂၅) ကိုက်အကွာခန့်ရှိ ယင်းမလည် ချောင်းအတွင်း အလျား(၄၀)ပေ၊ အနံ(၃၀)ပေ၊ အနက်(၅)ပေခန့်ရှိ ရေအိုင်အတွင်းသို့ ရေဆင်းချိုး ရာမှ မနှင်းမြတ်မွန် ရေနစ်နေ သဖြင့် ကျန်ကလေးများက ပတ် ၀န်းကျင်သို့ အော်ဟစ်အကူ အညီတောင်းခံရာ ချောင်းဘေး ရှိ ကြံခုတ်လုပ်သားတို့က ရေနစ်နေသော မနှင်းမြတ်မွန်ကို ၀ိုင်းဝန်းဆယ် ယူ၍ ၎င်း၏ မိဘများအိမ်သို့ လိုက်ပို့ခဲ့ရာ အိမ်သို့အရောက် တွင် သေဆုံးသွားကြောင်း စစ် ဆေးသိရှိရသည်ဆို၏။ ယင်းဖြစ် စဉ်နှင့်ပတ်သက်၍ ဓမ္မတာ အတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ရန် တောင်တွင်းကြီးရဲစခန်းက သေမှု သေခင်းအမှတ်စဉ် ၁/၂၀၁၃ဖြင့် ရေးဖွင့်ထားပြီး စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

The Hot News(၇-၂-၂၀၁၃) ရက်နေ့ ညနေ (၅း၄၅)အချိန်ခန့် က ဇီးတောအုပ်စု၊ ချင်းသပြေပင် ကျေးရွာနေ ရွာခွဲတာဝန်ခံ ဦးသိန်း ၀င်းသည် ရဲစခန်းသို့ ရောက်ရှိလာ ပြီး ၎င်း၏ကျေးရွာမှ ကလေးငယ် တစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းပေးပို့ချက်အရ တောင် တွင်းကြီးမြို့မရဲစခန်းမှ ရဲအုပ်စခန်း မှူး စိုးသန်း ဦးစီးသောရဲတပ်ဖွဲ့ ၀င်များသည် သက်သေများနှင့် အတူ အခင်းဖြစ်နေရာသို့ သွား ရောက်စစ်ဆေးရာ ချင်းသပြေပင် ကျေးရွာနေ မနှင်းမြတ်မွန်(၇)နှစ် နှစ်တန်းကျောင်းသူသည် (၇-၂-၂၀၁၃)ရက်နေ့ နံနက် (၁၁း၄၀) အချိန်ခန့်တွင် ၎င်းကျေးရွာနေ သုံးတန်းကျောင်းသူများဖြစ်သော မနှင်းဝေလွင်၊ မလှမျိုးနွယ်၊ မမျိုး မြင့်ဆန်း၊ မရွှေဝတ်မှုံတို့နှင့်အတူ ထမင်းစားကျောင်းဆင်းချိန်တွင် ရွာအနောက်မြောက်ဘက်(၂၅) ကိုက်အကွာခန့်ရှိ ယင်းမလည် ချောင်းအတွင်း အလျား(၄၀)ပေ၊ အနံ(၃၀)ပေ၊ အနက်(၅)ပေခန့်ရှိ ရေအိုင်အတွင်းသို့ ရေဆင်းချိုး ရာမှ မနှင်းမြတ်မွန် ရေနစ်နေ သဖြင့် ကျန်ကလေးများက ပတ် ၀န်းကျင်သို့ အော်ဟစ်အကူ အညီတောင်းခံရာ ချောင်းဘေး ရှိ ကြံခုတ်လုပ်သားတို့က ရေနစ်နေသော မနှင်းမြတ်မွန်ကို ၀ိုင်းဝန်းဆယ် ယူ၍ ၎င်း၏ မိဘများအိမ်သို့ လိုက်ပို့ခဲ့ရာ အိမ်သို့အရောက် တွင် သေဆုံးသွားကြောင်း စစ် ဆေးသိရှိရသည်ဆို၏။ ယင်းဖြစ် စဉ်နှင့်ပတ်သက်၍ ဓမ္မတာ အတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ရန် တောင်တွင်းကြီးရဲစခန်းက သေမှု သေခင်းအမှတ်စဉ် ၁/၂၀၁၃ဖြင့် ရေးဖွင့်ထားပြီး စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...