Saturday, 20 October 2012
တွင်းထွက်ရေကို သောက်ခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်နိုင်
ဆီလီကွန် ကြွယ်ဝသည့် တွင်းထွက်ရေမှာ အယ်လ်ဇိုင်းမား ရောဂါကို ခံစားနေရသူများ အတွက် မှတ်ဉာဏ်များ လျော့ကျမှုကို
တားဆီးနိုင်ကြောင်း လေ့လာမှု အသစ်တစ်ရပ် အရ သိရှိရပြီ ဖြစ်သည်ဟု presstv သတင်းတွင် ဖြော်ပသည်။
ဗြိတိန်ရှိ သုတေသန ပညာ ရှင်များမှာ ဆီလီကွန် ဓါတ်ကြွယ်ဝသည့် ရေကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း neurotoxin aluminum ပမာဏကို လျှော့ချနိုင်ပြီး ယင်းမှာ ဦးနှောက်ထိခိုက် ဒဏ်ရာရမှုနှင့် ရောဂါကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု စသည်များနှင့် ဆက်နွယ်နေကြောင်း သိရသည်။ အဆိုပါ လေ့လာမှု အရ သဘာဝ တွင်းရေကို နေ့စဉ် ၁၃ ပတ်ကြာ သောက်သုံးသူ ဝေဒနာရှင်များမှာ မှတ်ဉာဏ် လျော့ကျမှု လက္ခဏာများ ထပ်မဖြစ်လာဘဲ စိတ်ကျန်း မာရေး တိုးတက်လာခဲ့သည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ Aluminum ပမာဏမှာ အယ်လ်ဇိုင်းမား ရောဂါနှင့် ဆက်စပ်သည့် စိတ်ကျန်းမာရေး ဆိုးရွားမှုတို့နှင့် ဆက်စပ်မှု ရှိကြောင်း ကာလရှည်ကြာ ကတည်းက ယုံကြည်ခဲ့ကြသော်လည်း သိပံ္ပနည်းကျ အဖြေထုတ်ပြနိုင်ခဲ့ခြင်း မရှိပေ။ ယခု စမ်းသပ်မှုတွင် Aluminum မှာ ယင်းရောဂါအတွက် အဓိက နေရာမှ ပါဝင်ကြောင်း သိရှိခဲ့ရခြင်းလည်း ဖြစ်သည်။
Myanmar Express
Subscribe to:
Post Comments (Atom)
No comments:
Post a Comment