ဧဒင်အချစ်ပုံပြင်: ကောလ်စင်တာဖွင့်ပြီး ငွေလိမ်ယူသည့်ဂိုဏ်း ဖမ်းမိ

Monday 16 June 2014

ကောလ်စင်တာဖွင့်ပြီး ငွေလိမ်ယူသည့်ဂိုဏ်း ဖမ်းမိ

ဓာတ်ပုံ - maesainewsonline ဓာတ်ပုံ -
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ တယ်လီဖုန်းကောလ်စင်တာ ဖွင့်ပြီး ခရက်ဒစ်ကတ် အတုတွေနဲ့ ငွေလိမ်ယူနေတဲ့ ဂိုဏ်းတဂိုဏ်းကို ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
ဓာတ်ပုံ - maesainewsonline
ဓာတ်ပုံ – maesainewsonline
မယ်ဆိုင်မြို့ ဘန့်မိုင်လုံးခွန်ရပ် ကွက်ထဲ မှာ တယ်လီဖုန်းကနေရော၊ ခရက်ဒစ် (ငွေထုတ်ကတ်) အတုတွေနဲ့ ပါ ငွေလိမ်စားနေတဲ့ အဖွဲ့ရှိကြောင်း သတင်းပေးချက်အရ အမှတ် ၄၃၆/၂၁ က သုံးထပ်တိုက်ကို ဇွန်လ ၁၅ ရက်နေ့က ၀င်ရောက်စစ်ဆေးပြီး ကျူးလွန်သူတွေကို ဖမ်းမိခဲ့တာလို့
ချင်းရိုင်းခရိုင် အမှတ် ၃ စစ်ဒေသ ဗျူဟာမှူး ဗိုလ်မှူးကြီး ယုံယုဒ် လော်ခစ်ကန်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေကြတဲ့ ထိုင်ဝမ်နိုင်ငံသား ၄၇ ဦး၊ မြန်မာ လူမျိုး ၂ ဦး နဲ့ ထိုင်းလူမျိုး ၂ ဦး၊ စုစုပေါင်း ၅၁ ဦးကို သူတို့အသုံးပြုနေတဲ့ ကွန်ပျူတာတွေ၊ ရေဒီယိုစကားပြောစက် အလုံး ၃၀ ကျော်၊ အင်တာနက်ကြိုး၊ တရုတ်နိုင်ငံအပါအ၀င် နိုင်ငံခြားခရက်ဒစ်ကတ်မျိုးစုံတွေပါ သိမ်းဆည်းထားတယ်လို့ ဗျူဟာမှူးက ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ထိုင်းအာဏာပိုင်တချို့လည်း ပါဝင်ပတ်သက်နေတဲ့အတွက် အမှုကို ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ သွားရောက်စစ်ဆေးမယ်လို့ ဗျူဟာမှူးကပြောကြောင်း မယ်ဆိုင်သတင်းမှာ ဖော်ပြသွားပါတယ်။
 By

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...