၂၀၁၂ခုနှစ် နိုဝင်ဘာ ၁၅ရက် ၀၈း၃၀ မှ ၀၉း၁၀ ချိန်ခန့်ထိ မော်လမြိုင်မြို့
၊ဖက်တန်းရပ်ကွက်ရှိ မော်လမြိုင်အကျဉ်းထောင်အတွင်း
ထောင်တာဝန်ခံအရာရှိရုံးခန်း၌ နိုင်ငံတော် သမ္မတရုံး၏ ၁၄.၁၁.၂၀၁၂ ရက်စွဲပါ
စာအမှတ် ၊ ၁၂၇ (၁)/၈/သမ္မတရုံး၏ စာအရ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁)အရ
နိုင်ငံတော်၏ လွတ်ငြိမ်းသက်သာခွင့်ရရှိသူများ နှင့် ပတ်သက်၍
အခမ်းအနားပြုလုပ်ခဲ့ ကြောင်း ၊ အခမ်းအနားသို့ မော်လမြိုင်အကျဉ်းထောင်မှ
ထောင်မှူး လက်ထောက်ညွန်ကြားရေးမှူးဦးထွန်းဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးမြင့်ဆွေ ၊(စစစ)မှ ဦးစီးအရာရှိ ဦးအောင်ဇင်မြင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ အကျဉ်းသား ကျား(၈)ဦး ၊ မ(၁)ဦး ၊ စုစုပေါင်း(၉)ဦး အပါအ၀င် (၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း ၊ အခမ်းအနားတွင် လက်ထောက်ညွန်ကြားရေးမှူး ဦးထွန်းဝင်းနှင့် ရဲမှူးမြင့်ဆွေတို့မှ ကျင့် ၄၀၁(၁) အရပြန်လည်လွှတ်ပေးခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း ၊ ယင်းနောက်အကျဉ်းသား ၊ အကျဉ်းသူများအား ထောက်ပံ့ငွေ (၁၀၀၀)ကျပ်စီ နှင့် ထောင်လွတ်လက်မှတ်များ ထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ ယင်းနောက် ၀၉း၁၅ ချိန်တွင် အကျဉ်းသား/သူ(၉)ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
ထက်ဦးယံ
No comments:
Post a Comment