ဧဒင်အချစ်ပုံပြင်: အင်တာနက်ဆိုင်များတွင် အင်တာနက် အသုံးပြုသူများ လျော့နည်းလာ

Sunday 21 April 2013

အင်တာနက်ဆိုင်များတွင် အင်တာနက် အသုံးပြုသူများ လျော့နည်းလာ

အင်တာနက်ဆိုင်များတွင် အင်တာနက် အသုံးပြုသူများ လျော့နည်းလာ
=======================================

နေပြည်တော် ၊ ၂၂-၄-၂၀၁၃


နေပြည်တော် ကောင်စီ နယ်မြေ ၊ ဇမ္ဗူသီရိ မြို့နယ် ၊ သပြေကုန်း ဈေးတွင် ဖွင့်လှစ် ထားကြသည့် အင်တာနက် ဆိုင်များ မှ အင်တာနက် အသုံးပြုသူ နည်းပါး လာသည့် အတွက် ဈေးကွက် အတွင်း တွက်ခြေ မကိုက် သဖြင့် အရှုံးနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

" နှစ်သိန်းတန် ဖုန်း မပေါ်ခင် ကတော့ အလုပ်ဖြစ် သေးတယ် ၊ နှစ်သိန်းတန် ဖုန်း ပေါ်ပြီး နောက်ပိုင်းမှာ ဆိုင်ကို လူအလာ သိသိသာသာ ကျဆင်း သွားတယ် ၊ အကြောင်း ကတော့ အင်တာနက်ပါ တစ်ခါတည်း ဖွင့်လို့ရတဲ့ ဖုန်းတွေ ဆိုတော့ ဟန်းဆက် နည်းနည်း လေးကောင်းတာ ၀ယ်ပြီး ဟန်းဆက်နဲ့ ပဲအင်တာနက် သုံးကြတာ များလာတယ် ၊ ကျွန်တော်တို့ ဆိုင်ကိုတော့ ဂိမ်းကစားတဲ့ သူတွေနဲ့ ၊ နိုင်ငံခြားကို ဖုန်းခေါ် တာရယ်ပဲ အဓိက လာကြ ပါတယ် ၊ အင်တာနက် ကို ဆိုင်ထိုင် သုံးတဲ့သူက ခုဆို တော်တော် လေး နည်းသွားပါပြီ ၊ နောက်ပြီး စက်တစ်လုံး အတွက် တစ်နာရီ ငွေကျပ် ၄၀၀ ပဲဆိုတော့ ငွေလုံး ငွေရင်းနဲ့လည်း ပြန်မရဘူး ၊ လူတွေ အလွန်ဆုံး ထိုင်သုံးရင် ၃ နာရီ အများဆုံး ပါပဲ ၊ အခု ဂိမ်း ကစား သူတွေရှိလို့ ခံသာတာပါ ..... " ဟု အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အင်တာနက် ဆိုင်များမှာ စဖွင့် ကတည်းက တစ်နာရီ ငွေကျပ် ၄၀၀ သာ ကောက်ခံပြီး ယခုအထိ ဈေးနှုန်း မပြောင်းလဲဘဲ ကောက်ခံသည့် အပြင် မိုဘိုင်းလ်ဖုန်း မှ အင်တာနက် အသုံးပြု သူများ များပြား လာသည့် အတွက်ကြောင့် ရင်းနှီး မြှုပ်နှံမှု ပမာဏ ကြီးမားသည့် အင်တာနက် ဆိုင်တို့မှာ တွက်ခြေ မကိုက်ဘဲ အရှုံး နှင့် ရင်ဆိုင် နေရကြောင်း ၊ အချို့ ဆိုင်များမှာ တစ်နေ့လုံး အင်တာနက် အသုံးပြုသူ မရှိသလောက် နည်းလာသည့် အတွက် ၀န်ထမ်းများပင် မငှားဘဲ ပိုင်ရှင်များ ကိုယ်တိုင် ဆိုင်ထိုင် နေရကြောင်း သိရှိရသည်။
The Myawady Daily

နေပြည်တော် ကောင်စီ နယ်မြေ ၊ ဇမ္ဗူသီရိ မြို့နယ် ၊ သပြေကုန်း ဈေးတွင် ဖွင့်လှစ် ထားကြသည့် အင်တာ
နက် ဆိုင်များ မှ အင်တာနက် အသုံးပြုသူ နည်းပါး လာသည့် အတွက် ဈေးကွက် အတွင်း တွက်ခြေ မကိုက် သဖြင့် အရှုံးနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။ " နှစ်သိန်းတန် ဖုန်း မပေါ်ခင် ကတော့ အလုပ်ဖြစ် သေးတယ် ၊ နှစ်သိန်းတန် ဖုန်း ပေါ်ပြီး နောက်ပိုင်းမှာ ဆိုင်
ကို လူအလာ သိသိသာသာ ကျဆင်း သွားတယ် ၊ အကြောင်း ကတော့ အင်တာနက်ပါ တစ်ခါတည်း ဖွင့်လို့ရ
တဲ့ ဖုန်းတွေ ဆိုတော့ ဟန်းဆက် နည်းနည်း လေးကောင်းတာ ၀ယ်ပြီး ဟန်းဆက်နဲ့ ပဲအင်တာနက် သုံးကြ
တာ များလာတယ် ၊ 
 
ကျွန်တော်တို့ ဆိုင်ကိုတော့ ဂိမ်းကစားတဲ့ သူတွေနဲ့ ၊ နိုင်ငံခြားကို ဖုန်းခေါ် တာရယ်ပဲ အဓိက လာကြ ပါတယ် ၊ အင်တာနက် ကို ဆိုင်ထိုင် သုံးတဲ့သူက ခုဆို တော်တော် လေး နည်းသွားပါပြီ ၊ နောက်ပြီး စက်တစ်လုံး အ
တွက် တစ်နာရီ ငွေကျပ် ၄၀၀ ပဲဆိုတော့ ငွေလုံး ငွေရင်းနဲ့လည်း ပြန်မရဘူး ၊ လူတွေ အလွန်ဆုံး ထိုင်သုံးရင် ၃ နာရီ အများဆုံး ပါပဲ ၊ အခု ဂိမ်း ကစား သူတွေရှိလို့ ခံသာတာပါ ..... " ဟု အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦး
က ပြောသည်။

အင်တာနက် ဆိုင်များမှာ စဖွင့် ကတည်းက တစ်နာရီ ငွေကျပ် ၄၀၀ သာ ကောက်ခံပြီး ယခုအထိ ဈေးနှုန်း မပြောင်းလဲဘဲ ကောက်ခံသည့် အပြင် မိုဘိုင်းလ်ဖုန်း မှ အင်တာနက် အသုံးပြု သူများ များပြား လာသည့် အ
တွက်ကြောင့် ရင်းနှီး မြှုပ်နှံမှု ပမာဏ ကြီးမားသည့် အင်တာနက် ဆိုင်တို့မှာ တွက်ခြေ မကိုက်ဘဲ အရှုံး နှင့် ရင်ဆိုင် နေရကြောင်း ၊ အချို့ ဆိုင်များမှာ တစ်နေ့လုံး အင်တာနက် အသုံးပြုသူ မရှိသလောက် နည်းလာ
သည့် အတွက် ၀န်ထမ်းများပင် မငှားဘဲ ပိုင်ရှင်များ ကိုယ်တိုင် ဆိုင်ထိုင် နေရကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...