ဧဒင်အချစ်ပုံပြင်: ဟင်္သာတမြို့နယ် တာငုတ်ကျေးရွာတွင် လူသတ်မှုဖြစ်ပွား

Sunday 21 April 2013

ဟင်္သာတမြို့နယ် တာငုတ်ကျေးရွာတွင် လူသတ်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု တာငုတ်(ခ)တာညွန့်ကျေးရွာတွင် (၂၁-၄-၂၀၁၃)နေ့ နံနက် (၇)နာရီခန့်၌ ဦးတင်ထွန်း(တာငုတ်ကျေးရွာ)နေသူမှ ရွာလယ်လမ်းမကြီးနှင့် ဆယ်ပေခန့်အကွာတွင် ဦးခေါင်းတွင်ဒဏ်ရာများဖြင့် .လူသေအလောင်းတစ်လောင်းတွေ့ရှိကြောင်း
တာဝန်သိပြည်သူတစ်ဦးအနေဖြင့် သတင်းပေးပို့ချက်အရ ဆယ်အိမ်မှူး ဦးအောင်မင်းကြည်နှင့် အသိသက်သေများသွားရောက်ကြည့်ရူရာ သေဆုံးသူမှာ မျိုးမင်းဦး (ဘ)ဦးမျိုးမြင့်၊ အသက်(၁၇)နှစ် ဆိုသူဖြစ်ကြောင်း သတင်းရရှိပါသည်။ ယခုအချိန်တွင် သက်ဆိုင်ရာ မြို့နယ်မှူး၊ စခန်းမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ မသင်္ကာသူ (၁၄)ယောက်ခန့်အား ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။.
Credit by:HinthataHumanRights

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...