
ရန်ကုန်၊
မတ် ၂၉ Michael Learns to Rock (MLTR) ဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင်
ပထမဆုံးအကြိမ် ဖျော်
ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့
မတ်လ၂၉ ရက်နံနက် ၇ နာရီ ၅ မိနစ်က ကာတာလေ
ကြောင်းလိုင်းဖြင့်
ရောက်ရှိလာသည်။ MLTR အဖွဲ့တွင် အဖွဲ့၏ အဓိကဦးဆောင်သီဆိုသူ အဆိုတော်
Jascha Richter နှင့်အတူ ၄င်း၏ဇနီး၊သားနှင့်
သမီးတို့ပါ မိသားစုလိုက်
မြန်မာနိုင်ငံ၏ ဖျော်ဖြေရေးခရီးစဉ်ကို လိုက်ပါလာသည်ကို တွေ့ရသည်။
မိုက်ကယ်
ရီတွင် ၄င်းတို့ ခေတ္တတည်းခိုမည့် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်သို့
ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
မိုက်ကယ်လန်းအဖွဲ့၏ ဖျော်ဖြေပွဲကိုရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်တွင်မတ်လ ၃၁ ရက် ညနေ၌ ကျင်းပမည်
ဖြစ်ပြီး
ယနေ့ ညနေ ၄ နာရီခွဲတွင်ဆီဒိုးနားဟိုတယ်၌ ပြည်တွင်းမီဒီယာများနှင့်
တွေ့ဆုံသွားမည်ဖြစ်ကြောင်း Friendship Entertainment က ပြောသည်။
မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့၏ တေးသီချင်းများစွာမှာ
မြန်မာပ
ရိသတ်များနှင့်ရင်းနှီြး ပီးဖြစ်ပြီး
၎င်းတို့၏ နိုင်ငံတကာ ဂီတဖျော်ဖြေပွဲများမှာ အာရှနိုင်ငံ
တော်တော်များများ
တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင်
ဖျော်ဖြေရန် ယခင်က ကြိုးစား စီစဉ်ခဲ့သော်လည်း နိုင်ငံရေး
အခြေအနေများကြောင့် ပြု
လုပ်နိုင်ခြင်းမရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် မတ်လလ ၃၁
ရက်တွင် ပထမဆုံး မြန်မာနိုင်ငံဖျော်ဖြေပွဲကို ပြုလုပ်နိုင်
ပြီဖြစ်ကြောင်း
သိရသည်။
EMG




No comments:
Post a Comment