ဧဒင်အချစ်ပုံပြင်: “ဘ၀င်မြင့်တယ်လို့ထင်တယ်ဆိုရင်တော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်” ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း

Thursday 28 March 2013

“ဘ၀င်မြင့်တယ်လို့ထင်တယ်ဆိုရင်တော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်” ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း


Photo: “ဘ၀င်မြင့်တယ်လို့ထင်တယ်ဆိုရင်တော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်” ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း
Thursday, March 28, 2013

ရေးသားသူ-ဗိုလ်ဗိုလ်ဝင်း

မြန်မာဘောလုံးအသင်း တတိယဆုရရှိခဲ့သည့် ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲတွင် ခြေစွမ်းပြသခဲ့သော ကျော်ကိုကိုသည် တိုက်စစ်ကစားသမား ရှားပါးနေသည့် မြန်မာနိုင်ငံ၌ ပရိသတ်များက ၎င်းကို များစွာ မျှော်မှန်းခဲ့ကြသည်။ ၎င်းသည် အာရှ ယူ-၂၂ ခြေစစ်ပွဲစဉ်တွင်လည်း ခြေစွမ်းပြသခဲ့သူဖြစ်ပြီး အဆိုပါ ပွဲစဉ်၌ ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့သည်။ AFC Challenge Cup ခြေစစ်ပွဲစဉ်များတွင် ပရိသတ်များက ကျော်ကိုကို၏ ခြေစွမ်းကို ပြန်လည် ကြည့်ရှုခွင့်ရရန် မျှော်မှန်းခဲ့ကြသော်လည်း နည်းပြအဖွဲ့အား စော်ကားသည့် အပြုအမူများကြောင့် ကျော်ကိုကိုအား လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခဲ့သည်။ ကျော်ကိုကို၏ အပြုအမူများအတွက် ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက နှစ်လ ပွဲပယ်ပြစ်ဒဏ်နှင့် မိခင်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းကလည်း ပြင်းထန်စွာ သတိပေးခဲ့ပြီး လစာငွေ တစ်လစာ ဒဏ်ကြေးငွေ ချမှတ်ခဲ့သည်။ ထို့ကြောင့် ကျော်ကိုကို၏ ဖြစ်ရပ်အပေါ် အများက စိတ်ဝင်စားမှုရှိသဖြင့် တိုက်စစ်မှူး ကျော်ကိုကိုအား 7Day News က သွားရောက်မေးမြန်းသည်များထဲမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

ကျော်ကိုကိုက ဘ၀င်မြင့်သွားပြီလို့ ပြောကြတဲ့အပေါ် ဘာများပြောချင်ပါသလဲ။
ဘ၀င်မြင့်တယ်လို့ ထင်တယ် ဆိုရင်တော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ခံယူထားတာက ခုချိန်ထိ ဘောလုံးသမားတစ်ယောက်မဟုတ်ပါဘူးဆိုတဲ့ ပုံစံမျိုး ခံယူထားတာပါ။ ဒီနိုင်ငံမှာတောင် ခုနာမည်လေးက အသေးအမွှားလေးပါ။ ကျွန်တော့် အနေနဲ့ တောင်ကိုရီးယား၊ ဂျပန်တို့ဆီ သွားကန်ရင် လမ်းဘေးအဆင့်လောက်ပဲ ရှိပါတယ်။ အဲဒီလိုမျိုး စိတ်နဲ့ အမြဲကြိုးစားနေတာပါ။ ဒီလိုမျိုးဖြစ်သွားတာကလည်း မမျှော်လင့်တဲ့အနေအထားကနေ ဖြစ်သွားတာဆိုတော့ ဒါကျွန်တော့်ရဲ့ ကံကြမ္မာလို့ ဆိုရမှာပါ။

ဒီလိုအမှားမျိုးဖြစ်သွားတာဟာ ကျော်ကိုကိုရဲ့ မျှော်မှန်းထားတဲ့ အနေအထားလား။ ယခင် မျှော်မှန်းထားတာနဲ့ ခုတကယ်ဖြစ်နေတာတွေ ဘာကွာခြားမှုရှိနေလဲ။
ကျွန်တော့်ဘက်က မှားခဲ့တယ်ဆိုရင်လည်း စေတနာအမှား၊ မရည်ရွယ်တဲ့အမှား၊ ဘာစိတ်ဆန္ဒမှ မရှိတဲ့အမှား လုပ်မိလိုက်တာပေါ့နော်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ကျွန်တော့်ဘက်က တောင်းပန်လိုက်တယ်။ တောင်းပန်လိုက်တဲ့အပေါ်မှာ ခွင့်လွှတ်ပြီးတော့ အမြန်ဆုံးကစားခွင့် ပေးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း လက်ရွေးစင်အသင်းမှာ ကစားပေးချင်တဲ့ သူတစ်ယောက်လေ။ အဲဒီတော့ ဒီအဖြစ်အပျက်တွေက ကျွန်တော်မျှော်လင့်ထားတာနဲ့ လုံးဝဆန့်ကျင်တဲ့ အနေအထား ဖြစ်နေတာပါ။

ဥက္ကဋ္ဌဦးဇော်ဇော်နဲ့ နည်းပြ ပတ်ဆောင်ဟွာကို တောင်းပန်ပြီးပြီလို့ သိရပါတယ်။ ဘယ်လိုတောင်းပန်ခဲ့တယ်ဆိုတာ ပြောပြနိုင်မလား။
ဖြစ်ဖြစ်ချင်းတော့ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဖုန်းနဲ့တောင်းပန်ပါတယ်။ နောက် လူကိုယ်တိုင်လည်း ဥက္ကဋ္ဌနဲ့ နည်းပြကြီး (ပတ်ဆောင်ဟွာ)ကိုလည်း တောင်းပန်ပြီးပါပြီ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိတယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ နိုင်ငံလက်ရွေးစင်အသင်းမှာ ကျွန်တော်အရမ်း ကစားချင်ပါတယ်၊ အရမ်းလည်း မျှော်လင့်ထားပါတယ်။ နည်းပြကြီးကတော့ သူ့အနေနဲ့ ကျွန်တော့်အပေါ်မှာ ဘာအာဃာတအငြှိုးအတေးတွေမှ မရှိပါဘူးတဲ့၊ ဒါပေမဲ့ လတ်တလောကြီး ပြန်ခေါ်ဖို့ဆိုတာကတော့ သူ့အနေနဲ့ စဉ်းစားရဦးမယ်လို့ ပြောပါတယ်။

နိုင်ငံတကာက ဘောလုံးလူဆိုးတွေလို ကျော်ကိုကိုဖြစ်သွားပြီလားလို့ ဝေဖန်မှုတွေအပေါ် ဘာပြောချင်ပါသလဲ။
အမျိုးမျိုးတော့ ပြောကြမှာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်နဲ့ ပေါင်းသင်းဆက်ဆံနေတဲ့ မိဘ၊ ဆရာသမားတွေ၊ ညီအစ်ကို မောင်နှမအပေါင်းအသင်း ကစားသမားတွေ၊ မိတ်ဆွေတွေကြားထဲမှာ ကျွန်တော်က အဲဒီလောက်ထိရိုင်းစိုင်းတဲ့ကောင် မဟုတ်ဘူးဆိုတာ သိပါတယ်။ ဘယ်သူမှလဲ ဒီလိုဖြစ်သွားတာကို မမျှော်လင့်ထားဘူး။ ကျွန်တော့်မိသားစုကလည်း ဒီလိုဖြစ်သွားတဲ့ အခြေအနေမှာ အံ့သြစွာနဲ့ပဲ နှစ်သိမ့်တယ်၊ အားပေးတယ်။ ကိုယ့်ဘက်ကမှားတယ် ဆိုတာတောင်မှပဲ ဆရာသမားတွေကို ပြန်တောင်းပန်ပြီး ပြန်လည်ကြိုးစားဖို့ အားပေးခဲ့ပါတယ်။ ကျွန်တော်ရဲ့ စိတ်နေသဘောထားကို သိတဲ့သူတွေ အားလုံးကတော့ ကျွန်တော့်ကို အားပေးကြပါတယ်။

AFC Challenge Cup ခြေစစ်ပွဲစဉ်တွေမှာ ၀င်ကစားခွင့်မရဘဲ ပရိသတ်တစ်ဦးအနေနဲ့ ကြည့်ရှုခဲ့ရတဲ့အပေါ် ခံစားချက်လေး သိချင်ပါတယ်။
ခြေစစ်ပွဲအောင်မြင်သွားတဲ့အတွက် ၀မ်းသာတယ်။ ကိုယ်ပါလို့ မပါလို့ထက် ပရိသတ်တစ်ယောက်အနေနဲ့ပဲ ခံစားကြည့်ရှုပေးလိုက်တယ်။ ဘောလုံးသမားတိုင်းကတော့ အမြဲဘောလုံးကစားချင်တာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဥပမာ-ဒဏ်ရာလေးရလို့ မကစားနိုင်ရင်တောင် မပျော်ရွှင်တော့ဘူး။ ဒီလို ပြဿနာ အကြီးကြီးဖြစ်သွားပြီး လက်ရွေးစင်အသင်းမှာ မကစားရတော့ ကျွန်တော့်ဘက်က စိတ်ခံစားချက် ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးကြည့်လို့ရကြမှာပါ။ ကျွန်တော် ဘယ်လောက် ခံစားနေရမယ်ဆိုတာ သိနိုင်ပါတယ်။

လက်ရွေးစင်အသင်းမှာ ကျော်ကိုကိုမပါလဲ ဘာမှမဖြစ်ဘူးလို့ ပရိသတ်တချို့က ပြောကြတဲ့အပေါ် ဘာပြောချင်ပါသလဲ။
ဒါကတော့ မှန်တာပဲလေ။ ဘယ်အသင်းမှာမှ ဘယ်သူတစ်ဦး တစ်ယောက်မရှိရင် မဖြစ်ဘူးဆိုတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးကစားနည်းက တစ်ဦးချင်း ကစားနည်းမှမဟုတ်တာ အသင်းလိုက် ကစားနည်းဖြစ်ပါတယ်။ အသင်းနဲ့ စည်းလုံးမှုမရှိရင် အံမ၀င်တဲ့သူကတော့ သွားရမှာပဲ။

လက်ရွေးစင်အသင်းမှာ ပြန်ရွေးချယ်ခံရရင် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ။ အဲဒီအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။
ကျွန်တော့်ဘက်ကတော့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးကို မေ့ပစ်လိုက်ပါပြီ။ ဘာဆို ဘာမှကို စိတ်ထဲမရှိတော့ပါဘူး။ သူတို့ဆိုးတာ၊ ကောင်းတာလည်း မရှိတော့ဘူး။ ကိုယ်ဆိုးတာ၊ ကောင်းတာလည်းမရှိတော့ဘူး။ နောင်လာမယ့်နေ့တွေကိုပဲ ကျွန်တော် ဘာလုပ်မလဲဆိုတာပဲ ရှိပါတယ်။ ဘယ်သူနဲ့မှ အငြှိုးအတေး တွေဆိုတာလည်း မရှိပါဘူး။ မနက်ဖြန်ဘာလုပ်ရမယ်ဆိုတာပဲ ကျွန်တော့်စိတ်ထဲမှာ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ ဘာမှမရှိပါဘူး။ နိုင်ငံအတွက် ပြန်အရွေးခံရရင်လည်း အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။ ဒီအချိန်မှာ သင်ခန်းစာအကြီးကြီးလည်း ရပါတယ်။ စကားလုံးကြီးကြီးနဲ့ ပြောရမယ်ဆိုရင် ရင့်ကျက်မှုလည်း ရပါတယ်။ နောက်ထပ် ဒီလိုမျိုး ပြဿနာပုံစံမျိုးတော့ နောင်ဘယ်တော့မှ ဖြစ်လာမယ် မထင်ဘူး။

နည်းပြအဖွဲ့နဲ့ တာဝန်ရှိသူတွေကို 7Day က တစ်ဆင့် ပြောချင်တာမျိုး ရှိပါသလား။
ကျွန်တော်ကတော့ အကုန်ပြောပြီးသွားပြီ။ ဘာတွေ ပြောပြီးသွားပြီလဲဆိုတော့ တောင်းပန်သင့်တာတွေ အကုန် တောင်းပန်ပြီးသွားပြီဆိုတော့ နောက်ထပ် ပြောစရာတော့ မရှိတော့ပါဘူး။

ပရိသတ်တွေကိုရော ဘာပြောချင်ပါသလဲ။
ဒီလို ပြဿနာမျိုးကို နောက်ထပ်မဖြစ်အောင် အတတ်နိုင်ဆုံး လုံးဝဆင်ခြင်ပြီးတော့ နိုင်ငံအတွက်ရော၊ မိမိကိုယ်တိုင်အတွက်ရော အားလုံးအတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။

7 Daysမြန်မာဘောလုံးအသင်း တတိယဆုရရှိခဲ့သည့် ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲတွင် ခြေစွမ်းပြသခဲ့သော ကျော်ကိုကိုသည် တိုက်စစ်ကစားသမား ရှားပါးနေသည့် မြန်မာနိုင်ငံ၌ ပရိသတ်များက ၎င်းကို များစွာ မျှော်မှန်းခဲ့ကြသည်။ ၎င်းသည် အာရှ ယူ-၂၂ ခြေစစ်ပွဲစဉ်တွင်လည်း ခြေစွမ်းပြသခဲ့သူဖြစ်ပြီး အဆိုပါ ပွဲစဉ်၌ ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့သည်။ AFC Challenge Cup ခြေစစ်ပွဲစဉ်များတွင် ပရိသတ်များက ကျော်ကိုကို၏ ခြေစွမ်းကို ပြန်လည် ကြည့်ရှုခွင့်ရရန် မျှော်မှန်းခဲ့ကြသော်လည်း နည်းပြအဖွဲ့အား စော်ကားသည့် အပြုအမူများကြောင့် ကျော်ကိုကိုအား လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခဲ့သည်။ ကျော်ကိုကို၏ အပြုအမူများအတွက် ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက နှစ်လ ပွဲပယ်ပြစ်ဒဏ်နှင့် မိခင်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းကလည်း ပြင်းထန်စွာ သတိပေးခဲ့ပြီး လစာငွေ တစ်လစာ ဒဏ်ကြေးငွေ ချမှတ်ခဲ့သည်။ ထို့ကြောင့် ကျော်ကိုကို၏ ဖြစ်ရပ်အပေါ် အများက စိတ်ဝင်စားမှုရှိသဖြင့် တိုက်စစ်မှူး ကျော်ကိုကိုအား 7Day News က သွားရောက်မေးမြန်းသည်များထဲမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

ကျော်ကိုကိုက ဘ၀င်မြင့်သွားပြီလို့ ပြောကြတဲ့အပေါ် ဘာများပြောချင်ပါသလဲ။
ဘ၀င်မြင့်တယ်လို့ ထင်တယ် ဆိုရင်တော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ခံယူထားတာက ခုချိန်ထိ ဘောလုံးသမားတစ်ယောက်မဟုတ်ပါဘူးဆိုတဲ့ ပုံစံမျိုး ခံယူထားတာပါ။ ဒီနိုင်ငံမှာတောင် ခုနာမည်လေးက အသေးအမွှားလေးပါ။ ကျွန်တော့် အနေနဲ့ တောင်ကိုရီးယား၊ ဂျပန်တို့ဆီ သွားကန်ရင် လမ်းဘေးအဆင့်လောက်ပဲ ရှိပါတယ်။ အဲဒီလိုမျိုး စိတ်နဲ့ အမြဲကြိုးစားနေတာပါ။ ဒီလိုမျိုးဖြစ်သွားတာကလည်း မမျှော်လင့်တဲ့အနေအထားကနေ ဖြစ်သွားတာဆိုတော့ ဒါကျွန်တော့်ရဲ့ ကံကြမ္မာလို့ ဆိုရမှာပါ။

ဒီလိုအမှားမျိုးဖြစ်သွားတာဟာ ကျော်ကိုကိုရဲ့ မျှော်မှန်းထားတဲ့ အနေအထားလား။ ယခင် မျှော်မှန်းထားတာနဲ့ ခုတကယ်ဖြစ်နေတာတွေ ဘာကွာခြားမှုရှိနေလဲ။
ကျွန်တော့်ဘက်က မှားခဲ့တယ်ဆိုရင်လည်း စေတနာအမှား၊ မရည်ရွယ်တဲ့အမှား၊ ဘာစိတ်ဆန္ဒမှ မရှိတဲ့အမှား လုပ်မိလိုက်တာပေါ့နော်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ကျွန်တော့်ဘက်က တောင်းပန်လိုက်တယ်။ တောင်းပန်လိုက်တဲ့အပေါ်မှာ ခွင့်လွှတ်ပြီးတော့ အမြန်ဆုံးကစားခွင့် ပေးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း လက်ရွေးစင်အသင်းမှာ ကစားပေးချင်တဲ့ သူတစ်ယောက်လေ။ အဲဒီတော့ ဒီအဖြစ်အပျက်တွေက ကျွန်တော်မျှော်လင့်ထားတာနဲ့ လုံးဝဆန့်ကျင်တဲ့ အနေအထား ဖြစ်နေတာပါ။

ဥက္ကဋ္ဌဦးဇော်ဇော်နဲ့ နည်းပြ ပတ်ဆောင်ဟွာကို တောင်းပန်ပြီးပြီလို့ သိရပါတယ်။ ဘယ်လိုတောင်းပန်ခဲ့တယ်ဆိုတာ ပြောပြနိုင်မလား။
ဖြစ်ဖြစ်ချင်းတော့ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဖုန်းနဲ့တောင်းပန်ပါတယ်။ နောက် လူကိုယ်တိုင်လည်း ဥက္ကဋ္ဌနဲ့ နည်းပြကြီး (ပတ်ဆောင်ဟွာ)ကိုလည်း တောင်းပန်ပြီးပါပြီ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိတယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ နိုင်ငံလက်ရွေးစင်အသင်းမှာ ကျွန်တော်အရမ်း ကစားချင်ပါတယ်၊ အရမ်းလည်း မျှော်လင့်ထားပါတယ်။ နည်းပြကြီးကတော့ သူ့အနေနဲ့ ကျွန်တော့်အပေါ်မှာ ဘာအာဃာတအငြှိုးအတေးတွေမှ မရှိပါဘူးတဲ့၊ ဒါပေမဲ့ လတ်တလောကြီး ပြန်ခေါ်ဖို့ဆိုတာကတော့ သူ့အနေနဲ့ စဉ်းစားရဦးမယ်လို့ ပြောပါတယ်။

နိုင်ငံတကာက ဘောလုံးလူဆိုးတွေလို ကျော်ကိုကိုဖြစ်သွားပြီလားလို့ ဝေဖန်မှုတွေအပေါ် ဘာပြောချင်ပါသလဲ။
အမျိုးမျိုးတော့ ပြောကြမှာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်နဲ့ ပေါင်းသင်းဆက်ဆံနေတဲ့ မိဘ၊ ဆရာသမားတွေ၊ ညီအစ်ကို မောင်နှမအပေါင်းအသင်း ကစားသမားတွေ၊ မိတ်ဆွေတွေကြားထဲမှာ ကျွန်တော်က အဲဒီလောက်ထိရိုင်းစိုင်းတဲ့ကောင် မဟုတ်ဘူးဆိုတာ သိပါတယ်။ ဘယ်သူမှလဲ ဒီလိုဖြစ်သွားတာကို မမျှော်လင့်ထားဘူး။ ကျွန်တော့်မိသားစုကလည်း ဒီလိုဖြစ်သွားတဲ့ အခြေအနေမှာ အံ့သြစွာနဲ့ပဲ နှစ်သိမ့်တယ်၊ အားပေးတယ်။ ကိုယ့်ဘက်ကမှားတယ် ဆိုတာတောင်မှပဲ ဆရာသမားတွေကို ပြန်တောင်းပန်ပြီး ပြန်လည်ကြိုးစားဖို့ အားပေးခဲ့ပါတယ်။ ကျွန်တော်ရဲ့ စိတ်နေသဘောထားကို သိတဲ့သူတွေ အားလုံးကတော့ ကျွန်တော့်ကို အားပေးကြပါတယ်။

AFC Challenge Cup ခြေစစ်ပွဲစဉ်တွေမှာ ၀င်ကစားခွင့်မရဘဲ ပရိသတ်တစ်ဦးအနေနဲ့ ကြည့်ရှုခဲ့ရတဲ့အပေါ် ခံစားချက်လေး သိချင်ပါတယ်။
ခြေစစ်ပွဲအောင်မြင်သွားတဲ့အတွက် ၀မ်းသာတယ်။ ကိုယ်ပါလို့ မပါလို့ထက် ပရိသတ်တစ်ယောက်အနေနဲ့ပဲ ခံစားကြည့်ရှုပေးလိုက်တယ်။ ဘောလုံးသမားတိုင်းကတော့ အမြဲဘောလုံးကစားချင်တာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဥပမာ-ဒဏ်ရာလေးရလို့ မကစားနိုင်ရင်တောင် မပျော်ရွှင်တော့ဘူး။ ဒီလို ပြဿနာ အကြီးကြီးဖြစ်သွားပြီး လက်ရွေးစင်အသင်းမှာ မကစားရတော့ ကျွန်တော့်ဘက်က စိတ်ခံစားချက် ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးကြည့်လို့ရကြမှာပါ။ ကျွန်တော် ဘယ်လောက် ခံစားနေရမယ်ဆိုတာ သိနိုင်ပါတယ်။

လက်ရွေးစင်အသင်းမှာ ကျော်ကိုကိုမပါလဲ ဘာမှမဖြစ်ဘူးလို့ ပရိသတ်တချို့က ပြောကြတဲ့အပေါ် ဘာပြောချင်ပါသလဲ။
ဒါကတော့ မှန်တာပဲလေ။ ဘယ်အသင်းမှာမှ ဘယ်သူတစ်ဦး တစ်ယောက်မရှိရင် မဖြစ်ဘူးဆိုတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးကစားနည်းက တစ်ဦးချင်း ကစားနည်းမှမဟုတ်တာ အသင်းလိုက် ကစားနည်းဖြစ်ပါတယ်။ အသင်းနဲ့ စည်းလုံးမှုမရှိရင် အံမ၀င်တဲ့သူကတော့ သွားရမှာပဲ။

လက်ရွေးစင်အသင်းမှာ ပြန်ရွေးချယ်ခံရရင် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ။ အဲဒီအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။
ကျွန်တော့်ဘက်ကတော့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးကို မေ့ပစ်လိုက်ပါပြီ။ ဘာဆို ဘာမှကို စိတ်ထဲမရှိတော့ပါဘူး။ သူတို့ဆိုးတာ၊ ကောင်းတာလည်း မရှိတော့ဘူး။ ကိုယ်ဆိုးတာ၊ ကောင်းတာလည်းမရှိတော့ဘူး။ နောင်လာမယ့်နေ့တွေကိုပဲ ကျွန်တော် ဘာလုပ်မလဲဆိုတာပဲ ရှိပါတယ်။ ဘယ်သူနဲ့မှ အငြှိုးအတေး တွေဆိုတာလည်း မရှိပါဘူး။ မနက်ဖြန်ဘာလုပ်ရမယ်ဆိုတာပဲ ကျွန်တော့်စိတ်ထဲမှာ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ ဘာမှမရှိပါဘူး။ နိုင်ငံအတွက် ပြန်အရွေးခံရရင်လည်း အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။ ဒီအချိန်မှာ သင်ခန်းစာအကြီးကြီးလည်း ရပါတယ်။ စကားလုံးကြီးကြီးနဲ့ ပြောရမယ်ဆိုရင် ရင့်ကျက်မှုလည်း ရပါတယ်။ နောက်ထပ် ဒီလိုမျိုး ပြဿနာပုံစံမျိုးတော့ နောင်ဘယ်တော့မှ ဖြစ်လာမယ် မထင်ဘူး။

နည်းပြအဖွဲ့နဲ့ တာဝန်ရှိသူတွေကို 7Day က တစ်ဆင့် ပြောချင်တာမျိုး ရှိပါသလား။
ကျွန်တော်ကတော့ အကုန်ပြောပြီးသွားပြီ။ ဘာတွေ ပြောပြီးသွားပြီလဲဆိုတော့ တောင်းပန်သင့်တာတွေ အကုန် တောင်းပန်ပြီးသွားပြီဆိုတော့ နောက်ထပ် ပြောစရာတော့ မရှိတော့ပါဘူး။

ပရိသတ်တွေကိုရော ဘာပြောချင်ပါသလဲ။
ဒီလို ပြဿနာမျိုးကို နောက်ထပ်မဖြစ်အောင် အတတ်နိုင်ဆုံး လုံးဝဆင်ခြင်ပြီးတော့ နိုင်ငံအတွက်ရော၊ မိမိကိုယ်တိုင်အတွက်ရော အားလုံးအတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။

ရေးသားသူ-ဗိုလ်ဗိုလ်ဝင်း 7 Days

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...