ဧဒင်အချစ်ပုံပြင်: ၂ဝ၁၂မှာ အထူးခြားဆုံးပွဲအဖြစ် ရွှေနန်းတော်၁၈နှစ်ပြည့် အထူးအစီအစဉ်ပွဲ ကျင်းပနိုင်

Monday 28 May 2012

၂ဝ၁၂မှာ အထူးခြားဆုံးပွဲအဖြစ် ရွှေနန်းတော်၁၈နှစ်ပြည့် အထူးအစီအစဉ်ပွဲ ကျင်းပနိုင်

ဒီလိုလည်းပြသသွားပါတယ်..
နိုင်ငံတကာအဆင့်မီ ရွှေနန်းတော်စိန် ရွှေရတနာဆိုင်၏ ၁၈နှစ်ပြည့် အထိမ်းအမှတ် အထူးအစီအစဉ်ပွဲကို မေလ ၂၆ရက် နေ့လည်၁နာရီက အမျိုးသားကဇာတ်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပရိသတ်များကို ရုပ်ရှင်သရုပ်ဆောင်များဖြစ်သော ခန့်စည်သူ၊ ရဲတိုက်၊ ဖွေးဖွေး၊ ဝိုင်းစုခိုင်သိန်း၊ စိုင်းစည် တွမ်ခမ်း၊ ထွန်းအိန္ဒြာဗို၊ မေသန်းနု၊ နေတိုး၊ သက်မွန်မြင့်၊ ဟိန်းဝေယံ၊ မိုးဟေကို၊ မင်းသွေး၊ အေးမြတ်သူတို့နှင့် အလှည့်ကျအမှတ်တရ လက်မှတ်ရေး ထိုးပေးခဲ့ပြီး
ဓာတ်ပုံများလည်း အတူတွဲ ရိုက်ခဲ့ကြသည်။ ထို့နောက် Plus-3 တေး ဂီတအဖွဲ့နှင့်အတူ Rဇာနည်၊ ဇော်ပိုင်၊ နေတိုး၊ မိုးမိုး၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း၊ အေ သင်ချိုဆွေ၊ ဇင်ဇင်တို့က တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ ဆက်လက်ပြီး Forever Gems by Shwe Nan Taw သီချင်းဖွင့်၍ ကိတ်မုန့်လှီးခဲ့သည်။
ရွှေနန်းတော် စိန်ရွှေရတနာဆိုင် ၃ဆိုင်ရှိ ကံစမ်းမဲပုံးများမှ ကံစမ်းမဲများကို မဲဖောက်ပေးခဲ့ရာ အထူးဆုကြီး များဖြစ်သော Gold Certificate J Color triple excellent 1.03  Ct ၁ပွင့် ကျပ်သိန်း ၆ဝတန်ကို ကိုသိုက်ထူးအောင် (မင်္ဂလာတောင်ညွန့်)၊ HRD Certificate I Color triple excellent 1.01 Ct ၁ပွင့် ကျပ် ၆၇သိန်းတန် ကို ရွှေတောင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအိုက်ထွန်းက မဲနှိုက်ရွေးချယ်ပေးရာ မမြမြဝင်း (မင်းလှမြို့) ၊ GIA Certificate I Color triple excellent 1.05 ct ၁ပွင့် ကျပ်၇၂သိန်းတန် ကို ရွှေနန်းတော် စိန်ရွှေရတနာဆိုင်များ၏ ဖခင်ကြီးဦးရွှေက မဲနှိုက်ရွေးချယ်ပေးရာ မရီရီချို (သာကေတ)တို့က ဆွတ်ခူးခဲ့ပြီး ဆက်လက်၍ EVD, MP4 Player၊ ၅ကျပ်သား Gold Set p စသဖြင့် တစ်ဆင့်ခြင်း ကံစမ်းမဲဖောက်ပေးခဲ့ပါသည်။ ထိုအခမ်းအနားကို ထွန်းအိန္ဒြာဗိုက  Forever Gems by Shwe Nan Taw သီချင်းဆို၍ အခမ်းအနားပိတ်ခဲ့သည်။ ပွဲလာရောက်သူများ အတွက် ရွှေနန်းတော် ရွှေဆိုင်က အသွားအပြန် ဖယ်ရီကားများ စီစဉ်ပေးထားခဲ့သည်။ ရွှေနန်းတော် ၁၈နှစ်ပြည့်ပွဲကို Junction Square Shopping Centre မှာ မေလ ၁၉ ရက် နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရပြီးနောက် ယခုကဲ့သို့ စည်စည် ကားကား အောင်အောင်မြင်မြင် ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်ရာ ပရိသတ်များစိတ်ဝင်တစား ရုံပြည့်ရုံလျှံ အားပေးခဲ့သည့်အတွက် ၂ဝ၁၂ခုနှစ်မှာ အထူးခြားဆုံးပွဲ တစ်ပွဲဖြစ်ခဲ့သည်။
P-060
by-popularmyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...