ဧဒင်အချစ်ပုံပြင်: ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၂၅-၇-၂ဝ၁၃ မှ ၃၁-၇-၂ဝ၁၃) ဟောစတမ်း

Saturday 27 July 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၂၅-၇-၂ဝ၁၃ မှ ၃၁-၇-၂ဝ၁၃) ဟောစတမ်း

တနင်္ဂနွေ
ကြာသပတေးနံ ပဲမျိုးစုံ၊ မြေ အစရှိသည်များ အဝယ်ရှိက ရောင်းချပါ။ အရောင်းနှေးက အရှုံးပေါ်တတ်သည်။ အိုးအိမ်အဝင်မတော်။ အိမ်ပြင်ခြင်းပြု က အတောမသတ် အကုန်အကျများမည်။ အိမ်ဝယ်ယူက နောက်ကြောင်း မရှင်း၊ အရှုပ်အရှင်း ဖြစ်တတ်သည်။ စနေနံပစ္စည်း အဝင်မတော်။ အရှုပ်အရှင်း ဖြစ်တတ်သည်။ စနေသားသမီးများနှင့် ပူးပေါင်းလုပ်သောလုပ်ငန်းများတွင်

နှောင့်အယှက်များမည်။
ယတြာ ။ ။ မွေးနေ့တွင် အုန်းထမင်း ဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
တစ်ပါးသူနှင့် ဆန့်ကျင်ပြီးလုပ်သော ကိစ္စများမှ ကောင်းသောအကျိုးဆက် ရရှိမည်။ လက်လွန်ထားသည်များ လက်ဝယ်ပြန်လည်ရရှိမည်။ ပျိုရွယ်သူများ စန်းပွင့်မည်။ ခရီးကိစ္စ အထူးကောင်းသည်။ မိတ်ဆွေကောင်း အထောက် အကူရမည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ လုပ်ငန်းခွင်အတွင်း ဆက်ဆံရသောသူ အပြောင်းအလဲ ရှိမည်။ အလုပ်အစီအစဉ်များကို ဦးတည်ချက် ပြောင်း၍ လုပ်ကိုင်တိုးတက်မည်။
ယတြာ ။ ။ မွေးနေ့တွင် ကော်ပစ္စည်းအဟောင်းများ ရှာဖွေစွန့်ပစ်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
မမျှော်လင့်ဘဲ နေထိုင်မှုနေရာ၊ အလုပ်နေရာများတွင် ကောင်းသောတိုး တက်မှုများ ရရှိမည်။ ငွေကြေး ကံကောင်း သည်။ လက်လွန်ထားသော ငွေများ ပြန်ရမည်။ အပြောင်းအလဲကြားမှ တိုးတက်မည်။ အဖြူရောင်ပစ္စည်း လက် ဆောင်ရက အထူးကောင်းသည်။ အရှေ့အရပ်မှ သတင်းကောင်း ကြားရမည်။ ပျိုရွယ်သူများ စန်းပွင့်မည်။ စိတ်ရှည်ခြင်း၊ ဇွဲကြီးခြင်းနှင့် အပြိုင်အဆိုင်များကို ပရိယာယ်ဖြင့် ရင်ဆိုင်နိုင်ခြင်းတို့ကြောင့် အဖက်ဖက်မှ တိုးတက်မှုများ ရရှိမည်။
ယတြာ ။ ။ မွေးနေ့တွင် သက်ကြီးရွယ်အိုများအား ဆေးဝါးလှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
ငွေဝင်မည်။ ဆုံးဖြတ်ချက်များ၊ အရပ်ဝေးနှင့် ဆက်သွယ်လုပ်သော လုပ် ငန်းများ၊ သူတစ်ပါးကြောင့် နှောင့်နှေးနေသော ကိစ္စများ ဆောင်ရွက်အောင်မြင် မည်။ အနီးကပ်လူယုံ ဒုက္ခပေးခြင်းကို ဖော် ထုတ်ဖယ်ရှားနိုင် မည်။ ပျိုရွယ်သူများ အချစ်ရေး၊ မေတ္တာရေးတွင် ထူးထူးခြားခြား အဆင်ပြေမည်။ မိသားစုနှင့် ပတ်သက်သော ကောင်းသတင်းများ ကြားသိရမည်။
ယတြာ ။ ။ မွေးနေ့တွင် လမုန့်ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
နေရာထိုင်ခင်းကိစ္စ စကားပြောရမည်။ ခရီးနှင့်ပတ်သက်သော ကံကောင်းမည်။ လူမျိုးကွဲ ကောင်းကျိုးပေးမည်။ ရပ်တန့်ဆိုင်းငံ့ထားသည်များ ပြန်လည် ဆောင်ရွက်အဆင်ပြေမည်။ ငွေအစုလိုက်ဝင်မည်။ သြဇာကောင်းမည်။ အောက် ခြေမှ စတင်ဆောင်ရွက်သော ကိစ္စများ ပြီးမြောက်မည်။ အိမ်တွင် အလုပ်သမား ပြဿနာ ဖြစ်တတ်သည်။ အတွင်းပစ္စည်း ပျောက်တတ်သည်။
ယတြာ ။ ။ မွေးနေ့ ညနေပိုင်းတွင် ကလေးသူငယ်များအား ငှက်ပျောသီးကျွေးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
အဖိုးတန်ဆေးပစ္စည်းများကို စနစ်တကျ သိမ်းဆည်းပါ။ အထားအသို မှားသယောင်နှင့် ပျောက်တတ်သည်။ အခိုးခံ ရမည်။ ဆွေမျိုးသားချင်းများ၊ လုပ်ငန်းခွင်အတွင်း လက်အောက်ငယ်သား ဒုက္ခပေးမည်။ စာရင်းဇယား လိမ်လည် သူများနှင့် ကြုံမည်။ အမည်အတွင်း (က၊ ခ၊ သ၊ ဟ၊ င) ပါသောသူများ ဒုက္ခပေးတတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် မုန့်ကြာစေ့ ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
ပညာအတတ်ကို အခြေတည်၍ ဘဝအောင်မြင်မှုများ ရရှိမည်။ စီးပွား ကိစ္စ၊ လုပ်ငန်းကိစ္စများ ဆောင်ရွက်အောင်မြင် မည်။ ဦးတည်ချက်ပြောင်းပြီး ဆောင်ရွက်သောကိစ္စများ အထူးအောင်မြင်မည်။ ရွှေဝင်မည်။ တောင်အရပ်မှ ကပြား စပ်သူများနှင့် ပတ်သက်၍ စီးပွားတိုးတက်မည်။ ဖြစ်ပေါ်လာသော အ ပြောင်းအလဲများနှင့် တစ်ပြေးညီ ဦးတည်ချက် သစ်နှင့် လုပ်ငန်းဘဝတိုးမှုများ ရရှိမည်။
ယတြာ ။ ။ မွေးနေ့တွင် သံပုရာရည် ဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
ဝယ်ယူသိမ်းဆည်းထားသော ပစ္စည်းများမှ အကျိုးအမြတ်ကောင်း ရရှိမည်။ အလုပ်တစ်ခုမှထွက်၍ အလုပ် တစ်ခုသို့ ပြောင်းရန် အခါမကျသေးပါ။ ကိုယ်တိုင်တွင်ဖြစ်စေ၊ မိသားစုတွင်ဖြစ်စေ လုပ်လက်စလုပ်ငန်းများကို နှစ်သက် မည်။ မနှစ်သက်ဟု သဘောဆန္ဒမထားဘဲ တည်မြဲဆက်လက်လုပ်သင့်သည်။ ပျိုရွယ်သူများ အထူးစန်းပွင့်သည်။ ကြာသပတေးနေ့၊ စနေနေ့ မွေးသောသူများ နှင့် ပူးပေါင်းလုပ်ငန်း အကျိုးပေးမည်။
ယတြာ ။ ။ စနေနေ့တွင် စနေနံ ထီး၊ ဖိနပ်ဟောင်းများ ရှာဖွေစွန့်ပစ်ပါ။

ဟောစတမ်း တင်ပြခွင့်ပေးသော ဆရာ စံဇာဏီဘို အား ဗေဒင်ဝါသနာအိုး မှ ကျေးဇူးအထူးတင်ရှိပါသည်။

from-FB ဗေဒင်ဝါသနာအိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...