ဧဒင်အချစ်ပုံပြင်: ( ၇ ) ရက်သားသမီးများအတွက် ( ၃၁-၁ဝ-၂ဝ၁၃ မှ ၆-၁၁-၂ဝ၁၃ ) ဟောစတမ်း

Thursday 31 October 2013

( ၇ ) ရက်သားသမီးများအတွက် ( ၃၁-၁ဝ-၂ဝ၁၃ မှ ၆-၁၁-၂ဝ၁၃ ) ဟောစတမ်း

တနင်္ဂနွေ
စိတ်အေးချမ်းမည်။ အလိုပြည့်စုံမည်။ မိသားစုနှင့်ပတ်သက်သော ကောင်း သတင်းနှင့် တိုးတက်ခြင်းများကြုံမည်။ အလှူမင်္ဂလာကိစ္စများ ကြုံတွေ့မည်။ အမျိုးသမီးမိတ်ဆွေအကြီးအကဲတစ်ဦးထံမှ အထောက်အကူရရှိမည်။ တစ်ပါးသူ ၏ မေတ္တာရေး၊ အိမ်ထောင်ရေးနှင့်ပတ်သက်သောကိစ္စ

များကို ဆောင်ရွက်ရမည်။ ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ အနေအထိုင် အသွားအလာမှားသည်နှင့် အညံ့ ကြုံနိုင်သည်။
ယတြာ ။ ။ မွေးနေ့တွင် ကြံငါးစိတ် ဘုရားဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
အရာရာ အဆင်ပြေမည်။ စိတ်ချမ်းမြေ့ဖွယ်ရာများ ကြုံမည်။ ငွေကြေးနှင့် ပတ်သက်သောကံကောင်းခြင်း၊ အလုပ်နှင့်ပတ်သက်သော တိုးတက်ခြင်းများ အခိုင်အမာ ဖြစ်ပေါ်မည်။ လက်လွန်ထားသော ငွေ၊ ပစ္စည်းများကိုလည်း ပြန်ရ မည်။ လုပ်အားကြောင့်သာမက ကံကြောင့် ငွေဝင်ခြင်း ကြုံမည်။ လုပ်ငန်း အပြောင်းအလဲ ပြုခြင်း၊ လုပ်ငန်းလျှောက်ခြင်း၊ လုပ်ငန်းရှာ ဖွေခြင်းများပြု၍ အထူးကောင်းသည်။
ယတြာ ။ ။ မွေးနေ့တွင် ကြံသကာ ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
ပြဿနာ အတိုက်အခံများနှင့် ထိပ်တိုက်တွေ့မည်။ ကိုယ့်အပေါ် နှောင့် ယှက်နေသူများ ဝန်းရံနေမည်။ လူပေါင်းမှား၊ ဆုံးဖြတ်ချက်မှား ဖြစ်မည်။ အိမ် တွင်းရေး၊ လူမှုရေးကိစ္စများတွင် အနှောင့်အယှက် ရှိမည်။ ရုံးရောက် ဂတ် ရောက် လိုက်လံဖြေရှင်းရမည်။ အာမခံခြင်း၊ တာဝန်ယူခြင်းများ မပြုရ။ မလိုအပ် ဘဲ တစ်ပါးသူအား ကိုယ်လုပ်မည့်ကိစ္စများကို ဖွင့်ဟတိုင်ပင်ခြင်း ပြောဆိုခြင်း မပြုသင့်။
ယတြာ ။ ။ မွေးနေ့တွင် စက်ပစ္စည်းအဟောင်းများ ရှာဖွေစွန့်ပစ်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
ဦးတည်လိုက်တိုင်း ဆောင်ရွက်သည့်ကိစ္စတိုင်း၌ အနှောင့်အယှက်ရှိမည်။ ကျန်းမာရေး အထူးဂရုစိုက်ရမည်။ မတော်တဆ ထိခိုက်မှု အထူးဂရုစိုက်ရမည်။ မိဘအကြီးအကဲများ ကျန်းမာရေးအတွက် စိတ်ပင်ပန်းရသော အနေအထား ရှိမည်။ လုပ်ငန်းခွင်မှသူများအဖို့ ပညာ သင်တန်းနှင့် ပတ်သက်သည်များ ကြုံတွေ့ရမည်။ ဤကာလအတွင်း ဆောင် ရွက်သမျှ လူသိရှင်ကြားဖြစ်မည်။ အကုန်အကျ များတတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် ပိန်းပန်းပွင့် ဘုရားကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
ဆုံးဖြတ်ချက်များ ခိုင်မာမည်။ တစ်ခုထက်မကသော လုပ်ငန်းများကို တစ် ပြိုင်နက်တည်း လုပ်ကိုင်ရမည်။ အရပ်တစ်ပါးနှင့် ဆက်နွယ်ပြီးလုပ်သော ကိစ္စမှ ထင်ရှားသော တက်လမ်းရှိမည်။မိသားစုတွင် အိုးအိမ်ပြင်ဆင်ခြင်း၊ တည်ဆောက် ခြင်းများရှိမည်။ အလုပ်နေရာ၊ နေထိုင်မှုနေရာ အပြောင်းအလဲအတွက် ကြံစည် နေသူများအဖို့ ကောင်းသောအပြောင်းအလဲများ ရှိမည်။ အပြိုင်အဆိုင်ကြားမှ တက်လမ်းပေါ်မည်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ပဲပင်ပေါက်ကြော် ဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
မူလရည်မှန်းထားသည်နှင့် လက်တွေ့ဖြစ်ပေါ်လာသည်တို့ တလွဲတချော် ဖြစ်နေသည်။ အပျက်အစီး၊ အပျောက်အရှ အကုန်အကျ အလွန်များမည်။ အိမ်တွင် ကျန်းမာရေးအညံ့များ တစ်ဦးပြီးတစ်ဦး ကြုံမည်။ တစ်ပါးသူ၏ ကတိ ပျက်ယွင်းမှုကြောင့် မိမိအကြံအစည်များ ချွတ်ယွင်းမည်။ လုပ်နေသောအလုပ် များ ပျက်ယွင်းမည်။
ယတြာ ။ ။ မွေးနေ့တွင် ပေါက်ပေါက်တစ်ပွဲ ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
တစ်ပါးသူနှင့်ယှဉ်ပြိုင်ပြီး လုပ်သော ကိစ္စမှန်သမျှ အောင်မြင်ခြင်း အဆင် ပြေခြင်း ရှိမည်။ ကျန်းမာရေးအညံ့ရှိမည်။ ကိုယ်ရေးကိုယ်တာကိစ္စမှန်သမျှ ဦး စားပေး၍မရ။ စီစဉ်မထားဘဲ အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများ ပါဝင်ပတ်သက် ရမည်။ မူလစိတ်ကူးထားသည်နှင့် လက်တွေ့ဆောင်ရွက်ရသည်တို့ ကွာဟနေ လင့်ကစား အဆုံးပိုင်းတွင် အဆင်ပြေသွားလိမ့်မည်။ အသက်အရွယ် ကြီးရင့်သူများ ကျန်းမာရေး ဂရုစိုက်ပါ။
ယတြာ ။ ။ မွေးနေ့တွင် သစ်တော်သီး ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
အိမ်တွင်းရေး၊ လူမှုရေးအညံ့ ရှိမည်။ စိတ်ပင်ပန်းရမည်။ လူယုံ ဒုက္ခပေး မည်။ သစ္စာမဲ့သောသူများ၊ စကားမတည်သောသူများနှင့် ကြုံတွေ့ရမည်။ အမှု ပြဿနာများ၊ ရုံးရောက်၊ ဂတ်ရောက် ဖြေရှင်းရတတ်သည်။ ငွေကြေးကိစ္စနှင့် လူမှုရေးကိစ္စများ ရောထွေးပြီး အရှုပ်အထွေးများ ဖြစ်ပေါ်နိုင်သည်။ မနာလို အပြိုင်အဆိုင်များမည်။ ကိုယ့်အပေါ် ဝေဖန်တိုက်ခိုက်သူများ၊ အနှောင့်အယှက် ပြုသူများဝန်းရံနေမည်။
ယတြာ ။ ။ မွေးနေ့တွင် အုန်းညွန့်တစ်ညွန့် ဘုရားကပ်လှူပါ။


from- ဗေဒင်ဝါသနာအိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...