ဧဒင်အချစ်ပုံပြင်: ခုနှစ်ရက်သားသမီးများအတွက် ( ၁၈.၉.၁၃ ) မှ ( ၂၄.၉.၁၃ ) အထိတပတ်စာဗေဒင်ဟောစာတမ်း

Wednesday 18 September 2013

ခုနှစ်ရက်သားသမီးများအတွက် ( ၁၈.၉.၁၃ ) မှ ( ၂၄.၉.၁၃ ) အထိတပတ်စာဗေဒင်ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့် ဆရာမဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
ရေခြားမြေခြား ပင်လယ်ရပ်ခြားခရီးသွားရတတ်သည်။ သို့မဟုတ် မိမိမရောက်ဖူးသောဒေသ

သို့သွားရတတ်သည်။ အလုပ်အကိုင်အစစအရာရာအဆင်ပြေနေတတ်သည်။
မိမိထံသို့ဘာသာရေးနှင့်ပတ်သက်သောပုံတော်များရောက်လာတတ်သည်။ ရောက်
လာပြီးသော်ထူးခြားမှုများဖြစ်လာတတ်သည်။

ကျန်းမာရေး။ နှစ်လုံးနှင့်ပတ်သက်သောရောဂါဖြစ်နေတတ်သည်။


အချစ်ရေး။ ပုံမှန်အတိုင်းဖြစ်နေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ထောပတ်သုပ်ကပ်


လှူဆုတောင်းပါ။


အကျိုးပေးဂဏန်း။ ( ၆ ၃ ၃ ၉ )




တနင်္လာသားသမီးများ၏ကံကြမ္မာ


ရပ်ဝေးမှကောင်းသောသတင်းကြားရတတ်ခြင်း၊ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများအောင်

မြင်နေတတ်ခြင်းဖြစ်နေတတ်သည်။ လုပ်ငန်းများတိုးချဲ့ရန်လည်းဖြစ်လာတတ်သည်။ စီးပွား

ရေးအောင်မြင်နေချိန်ဖြစ်သည်။ အစစအရာရာအောင်မြင်နေတတ်သည်။


ကျန်းမာရေး။ ခြေထောက်ထုံကျင်နေခြင်းဖြစ်နေတတ်သည်။


အချစ်ရေး။ မိဘစကားနားထောင်ပြီးမိဘစိတ်တိုင်းကျရွေးချယ်နေတတ်သည်။


ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ကြက်ဥကြော်


ကပ်လှူဆုတောင်းပါ။


အကျိုးပေးဂဏန်း။ ( ၃ ၂ ၃ ၄ )




အင်္ဂါသားသမီးများ၏ကံကြမ္မာ


လူမူရေးပြဿနာများကြောင့်စိတ်ခံစားမှုများဖြစ်နေတတ်သည်။

အဝေးမှမိတ်ဆွေများနှင့်ပြန်လည်ဆက်သွယ်မှုရနေတတ်သည်။

အလုပ်အကိုင်ပုံမှန်အတိုင်းဖြစ်နေတတ်သည်။ နိုင်ငံခြား

မှလက်ဆောင်ပစ္စည်းများရောက်လာတတ်ခြင်း၊ စာအုပ်စာပေရခြင်းဖြစ်နေတတ်သည်။


ကျန်းမာရေး။ အကြောတက်ခြင်း၊ ကိုက်ခဲခြင်းဖြစ်နေတတ်သည်။


အချစ်ရေး။ ရုတ်တရက်အဆက်အသွယ်ဖြတ်ခြင်းခံရတတ်သည်။


ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲပေါက်စီကပ်လှူ


ဆုတောင်းပါ။


အကျိုးပေးဂဏန်း။ ( ၇ ၇ ၃ ၈ )




ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ


အကြီးအကဲများ၏ကျန်းမာရေးညံ့နေသောသတင်းကြားရတတ်သည်။ ရပ်ဝေးရောက်ဆွေမျိုး

သားချင်း၏အောင်မြင်သောသတင်းကောင်းကြားရခြင်းဖြစ်နေတတ်သည်။ လုပ်ငန်းများပြောင်း

ရန်စီစဉ်နေတတ်သည်။ မပြောင်းသင့်သောအချိန်ဖြစ်နေသေး

သည်။ လက်ရှိအလုပ်ကိုသည်းခံပြီးလုပ်ကိုင်ရမည့်အချိန်ဖြစ်နေသည်။


ကျန်းမာရေး။ အသက်ရှုကြပ်နေခြင်းဖြစ်နေတတ်သည်။


အချစ်ရေး။ စဉ်းစားရင်းစဉ်းစားရင်းနှင့် အပျိုကြီး၊ လူပျိုကြီးဖြစ်နေတတ်သည်။


ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ထမင်းကြော်ကပ်လှူ


ဆုတောင်းပါ။


အကျိုးပေးဂဏန်း။ ( ၃ ၃ ၀ ၆ )




ကြာသပတေးသမီးများ၏ကံကြမ္မာ


အလုပ်များနေခြင်း၊ လူမူရေးကိစ္စများလည်းအဆက်မပြတ်လုပ်ပေးနေရတတ်ခြင်းဖြစ်နေတတ်

သည်။ ပျော်ပွဲရွှင်ပွဲများလည်းသွားလာနေရတတ်သည်။ အဖွဲအစည်းများနှင့်လုပ်ကိုင်သောလုပ်

ငန်းမိမိကြိုးစားသလောက်မအောင်မြင်ဖြစ်နေတတ်သည်။ စိတ်ပင်ပမ်းလူပင်ပမ်းလည်းဖြစ်နေ

တတ်သည်။


ကျန်းမာရေး။ ခြေသလုံးကြွက်သားများနာနေတတ်သည်။


အချစ်ရေး။ မိမိစိတ်တိုင်းကျဖြစ်ရန် ရွေးချယ်ရခက်ခဲနေတတ်သည်။


ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြက်ဆီထမင်းကပ်လှူ


ဆုတောင်းပါ။


အကျိုးပေးဂဏန်း။ ( ၉ ၀ ၁ ၀ )




 သောကြာသားသမီးများ၏ကံကြမ္မာ


နိုင်ငံခြားနှင့်ပတ်သက်သောသတင်းကောင်းကြားရတတ်သည်။ အရင်းနှီးဆုံးမိတ်ဆွေများနှင့်

ပျော်ရွှင်သောခရီးသွားရတတ်သည်။ မိမိမျှော်လင့်နေသောရည်ရွယ်မှန်းချက်တခုအောင်မြင်

ရန်ဖြစ်လာတတ်သည်။ ငွေများဝင်သည်။ သို့သော်ငွေများစွာကုန်နေတတ်သည်။


ကျန်းမာရေး။ သွေးတိုး၍ပုံမှန်ဆေးစားနေရတတ်သည်။


အချစ်ရေး။ ချစ်ချစ်ခင်ခင်နှင့်ပျော်ရွှင်နေရတတ်သည်။


ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းထမင်းကပ်လှူ


ဆုတောင်းပါ။


အကျိုးပေးဂဏန်း။ ( ၅ ၆ ၁ ၂ )




စနေသားသမီးများ၏ကံကြမ္မာ


အလုပ်များနေတတ်သည်။ သူတပါးကိုလည်းကူညီမှုများပေးနေရတတ်သည်။

စိတ်ညစ်စရာများလည်းတနေ့တခြားကြုံတွေ့နေရတတ်သည်။ ငွေများစွာဝင်သည်။

ကားဝင်ခြင်း၊ မြေ၀င်ခြင်းဖြစ်တတ်သည်။ လာဘ်ကောင်းနေသည်။


ကျန်းမာရေး။ သွားဒုက္ခပေးနေတတ်သည်။


အချစ်ရေး။ အချစ်ဟောင်းနှင့်ပြန်ပြီးအဆက်အသွယ်ရနေတတ်သည်။


ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဆီထမင်းကပ်လှူဆု


တောင်းပါ။


အကျိုးပေးဂဏန်း။ ( ၅ ၆ ၇ ၉ )




*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ*


ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့် )


ဖုန်း- 001 214 962 4361 ( U S A )


E-mail:swezinwati@gmail.com

FNG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...