ဧဒင်အချစ်ပုံပြင်: ဖခင် ကွယ်လွန်ကြောင်း လိမ်ညာ၍ နာရေး ထောက်ပံ့ငွေ တောင်းခံသည့် ကစားသမားကို ဇွဲကပင် အသင်း စာချုပ်ဖျက်

Wednesday 18 September 2013

ဖခင် ကွယ်လွန်ကြောင်း လိမ်ညာ၍ နာရေး ထောက်ပံ့ငွေ တောင်းခံသည့် ကစားသမားကို ဇွဲကပင် အသင်း စာချုပ်ဖျက်

Photo: ဖခင် ကွယ်လွန်ကြောင်း လိမ်ညာ၍ နာရေး ထောက်ပံ့ငွေ တောင်းခံသည့် ကစားသမားကို ဇွဲကပင် အသင်း စာချုပ်ဖျက်
-------------------------------------
၂၀၁၃ ခုနှစ် MNL Cup ပြိုင်ပွဲဝင်ရန် ပြင်ဆင် လေ့ကျင့်နေသော ဇွဲကပင် ယူနိုက်တက် အသင်းသည် အသင်းမှ ကစားသမား တစ်ဦး ဖြစ်သူ ကျောနံပါတ် (၂၀) ကျော်ဖြိုးဦးအား နာရေးကိစ္စ ထောက်ပံ့ ကြေးငွေ ကျပ် (၅)သိန်းကို မတော်လောဘ ဖြင့်လိမ်လည် ရယူရန် ကြိုးပမ်းခဲ့မှု ကြောင့် အသင်းမှ စာချုပ် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ 
ဇွဲကပင် ယူနိုက်တက် အသင်းသည် အသင်းပိုင်ရှင်၏ လမ်းညွှန်ချက်ဖြင့် နည်းပြအဖွဲ့နှင့် ကစားသမား တို့၏ သက်သာ ချောင်ချိမှု၊ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများကို အဆင့်ဆင့်သော ငွေကြေးနှုန်းထား ချမှတ်၍ အစဉ်ထောက်ပံ့ ကူညီပေးလျက် ရှိကြောင်း၊ အဆိုပါ ကစားသမား သည် စက်တင်ဘာ ၄ ရက်နေ့က နာရေးကိစ္စ ထောက်ပံ့ ကြေးငွေကို မတော်လောဘ၊ မသမာသော နည်းလမ်းဖြင့် မိမိ၏ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖခင်ဖြစ်သူ ဦးကျော်ဆန်း (အသက် ၅၄ နှစ်) ကွယ်လွန်ကြောင်းကို စာရွက်စာတမ်း အတု များဖြင့် လိမ်လည်တင်ပြ ခဲ့ကြောင်း၊ အသင်းတာဝန် ရှိသူများ အနေဖြင့် အတုပြုလုပ် ထားသည့် စာရွက်စာတမ်း ၃ စောင် တွင်ပါရှိသော လိပ်စာအတိုင်း ကစားသမား၏ နေအိမ်သို့ သွားရောက်ရာတွင် ဖခင် ဦးကျော်ဆန်းမှာ သက်ရှိ ထင်ရှား ရှိနေကြောင်း ညီအစ်ကိုရင်း များက ဖြေကြားသည့် အတွက် ကျော်ဖြိုးဦးသည် မသမာသော နည်းလမ်းဖြင့် လိမ်ညာ၍ နာရေး ထောက်ပံ့ငွေ ရယူလိုသော အပြစ်ကျူးလွန် သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စက်တင်ဘာ ၁၂ ရက်နေ့ နည်းပြများ အစည်းအဝေးတွင် ကျော်ဖြိုးဦး၏ လုပ်ရပ်အတွက် အသင်းမှ ရှုံချ ထုတ်ပယ်ကာ စာချုပ် ဖျက်သိမ်း လိုက်ကြောင်း ဇွဲကပင် ယူနိုက်တက် အသင်းကံမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ထံသို့ တုပပြုလုပ် ထားသည့် စာရွက် စာတမ်းများ နှင့်အတူ တရားဝင် စာဖြင့် ပေးပို့ အကြောင်းကြား ခဲ့သည်။
ဇွဲကပင် ယူနိုက်တက် အသင်းသည် ၂၀၁၀ ခုနှစ်မှ စ၍ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ (MNL) အားဝင်ရောက် ယှဉ်ပြိုင်နေသော အသင်း တစ်သင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပြိုင်ပွဲတွင် ပရိသတ် အကြိုက် ခြေစွမ်းပြသ နိုင်ခဲ့သော အသင်းတစ်သင်း ဖြစ်သည်။ ဇွဲကပင် အသင်း၏ ပိုင်ရှင်မှာ ဦးလှဌေး ဖြစ်ပြီး လက်ရှိ မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်း ဆီးဂိမ်းစ် အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ယူထားသည်။
By;Myanmar Football Federation

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...