ဧဒင်အချစ်ပုံပြင်: 5 . 7. 2013 မှ 11. 7 . 2013 ထိ၇ရက်ဟောစာတမ်း

Monday 8 July 2013

5 . 7. 2013 မှ 11. 7 . 2013 ထိ၇ရက်ဟောစာတမ်း



တနင်္ဂနွေ

အတွေးများနေသည်။ တခါတရံ တွေးခေါင်ပူပင်မည်။ အတွေးသမား၊ စိတ်ကူးယဉ်သမားဖြစ်၍ ပို၍ ဆိုးမည်။ လွတ်လပ်မှုလိုလားသော်လည်း ကိုယ်စိတ်ကိုမပိုင်ဖြစ်မည်။ ကွက်ကျော်ဖြင့် အကဲခတ်ကောင်းသော်လည်း တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချရဲမည်။ ရည်ရွယ်ချက်များသော်လည်း

စိတ်တိုင်းမကျဖြစ်နေမည်။ ထီထိုး၊ မဲနိုက် ပြုလုပ်လျှင်ပေါက်မည်။ အလုပ်အတွက်၊ ပညာရေးအတွက် အင်တာဗျူးစာမေးပွဲတွေအောင်မြင်မည်။ ချစ်သူထံမှ မင်္ဂလာသတင်းကြားရမည်။ မိသားစုအတွက် ၀န်ထုတ်၊ ၀န်ပိုး ဖြစ်နေမည်။

အကျိုးပေးဂဏန်းမှာ - ၆၊ ၈၊ ၁

အထူးဟော - အားမငယ်ဘဲဆက်လုပ် မုချအောင်မြင်မည်။

ယတြာ - အောင်သပြေ ဘုရားလှူပါ။

တနလာၤ

ဒီတပတ်မှာတော့ သင့်ရဲ့စိတ်ကူးလေးများ အကောင်ထည်ဖော်မည်။ လုပ်ပါ။ ရဲရဲလုပ်ပါ။ မုချအောင်မြင်လိမ့်မည်။ ခရီးဝေး ယာယီလေးတွေရောက်မည်။ ချစ်သူထံ နှင့် သူငယ်ချင်း များထံမှ လက်ဆောင်လေးတွေရမည်။ ကျန်းမာရေးမှာအနည်းငယ်ချူချာနိုင်သည်။ စက်၊ ရွှေ၊ တို့ဝင်ပါမည်။ အလုပ်ပြောင်းလဲမှု (သို့မဟုတ်) နေရာပြောင်းရွေ့မှု မုချအောင်မြင်မည်။ မုန်းနေသူ ပြန်ချစ်မည်။ ဝေးနေသူပြန်ရောက်မည်။ ရှယ်ယာ၊ စပ်တူ လုပ်လျှင်ကောင်းသည်။ ကိုယ်ပိုင်လုပ်ပါကလည်း ကောင်းသည်။ ၀န်ထမ်းဘ၀ ရာထူးတက်မည်။ ကျောင်းသား/သူဘ၀ စာမေးပွဲအောင်မြင်မည်။

အကျိုးပေးဂဏန်း - ၂၊ ၄၊ ၆

အထူးဟော - ဆန္ဒတွေအဆင်ပြေပါမည်။

ယတြာ - ငွေ (၁၀၀) ကျပ် ပံ့သကူပြုပါ။ လိုရာဆုတောင်းပြည့်မည်။

အဂါၤ

ဖြစ်သန်းခဲ့ရတဲ့ နှစ်တွေ၊ လတွေ၊ ရက်တွေ ထဲမှာ ဒီတပတ်ကအရေးကြီးဆုံးဖြစ်တယ်။ အတိုက်အခံတွေလည်းများတယ်။ ဥာဏ်ကောင်းလျှင် ကောင်းသလို ကျော်ဖြတ်နိုင်မယ်။ သတိရှိဖို့တော့လိုမည်။ သိုင်းဆရာတွေလို ရှောင်တက်ကွင်းတက်ပြီး တန်ပြန်တိုက်ခိုက်တက်ဖို့လိုတယ်။ တစ်ခု သတိထားရမှာက ဒီတပတ်အတွင်း သင့်အားမလိုသူရှိနေမည်။ အတိုက်အခံ လုပ်မည်။ ကျော်နိုင်အောင်ကြိုးစားပါ။ အလုပ်လည်းရှုပ်မည်။ မိသားစုအိမ်တွင်းရေးမှာ ပြုံးလိုက် ၊ မဲ့လိုက် ဖြစ်နေတက်သည်။ လိမ္မာပါးနပ်စွာဖြင့်ကျော်ဖြတ်ပါ။ အဓိကအရေးကြီးဆုံးက အချစ်ရေး နှင့် အိမ်ထောင်ရေး င်းအပြင် သင့်ရဲ့အလုပ်ဖြစ်တယ်။ ပြုံးသင့်က ပြုံးပါ။ ပြောသင့်တာကို ပြောပါ။ ဒါမှ သင်ရပ်တည်နိုင်မည်။ တခုကံကောင်းတယ်။ အလုပ်ရာထူးတက်ခြင်း၊ လစာတိုးခြင်း ၊ ၀င်ငွေကောင်းခြင်း တွေဖြစ်မည်။ ခရီးဝေးသွားရမည်။ စက်၊ ကား ပြောင်းလဲဝင်ထွက်မည်။ ငွေကြေးလက်မလွန်သင့်ပါ။ အလိမ်ခံရတက်ပါသည်။

အကျိုးပေးဂဏန်း - ၃၊ ၅၊ ၂

အထူးဟော - ရဲလျှင်လာဘ်ရ၊ ကြောက်လျှင် လာဘ်လွဲတက်ပါသည်။

ယတြာ - ပျံနေသောငှက်တွေကို အစာကျွေးပါ။ ဆုတောင်းပါ။

ဗုဒ္ဒဟူး

စိတ်လေတက်တယ်။ အပေါင်းသင်းစုံနေတယ်။ အဝေးနှင့် အနီး သူငယ်ချင်း မိတ်ဆွေတို့ရဲ့ အကူအညီတွေရမည်။ အချစ်ရေးမှာ ၁ ယောက်ဟာ ချစ်သူတွေ့မယ်။ သူချစ်၊ ကိုယ်ချစ် (သို့မဟုတ်) မောင်နှမလို ခင်ရာမှ စွဲလမ်းလာသူ ၁ ဦး၊ ကိုယ်ကမချစ်ဘဲ ဇွတ်တိုးလာသူ ၁ ဦး နောက် ၁ ဦးက သူ့မှာ အိမ်ထောင်ရှိလျှက် နှင့် ကိုယ်အပေါ်ချစ်လာနေသူ ၁ ဦးဖြစ်ပါတယ်။ အချစ်ရွေးတဲ့ပွဲလေး ဒီတပတ် ဖြစ်မည်။ ကိုယ်ကချစ်နေတဲ့သူ နှင့် အဆင်ပြေပါလိမ့်မည်။ မုန်းနေလည်း ပြန်ချစ်ပါတယ်။ တစ်ခုတော့ ရှိတယ် သင့်ချစ်သူကို တစ်ပါးသူက လုယူချင်တက်တယ်။ ယခု သင့်ချစ်သူ စိတ်လေနေတယ်။ ကြိုးစားဖို့က သင့်တာဝန်ဖြစ်နေတယ်။ ပညာရေး ၊ အလုပ်အကိုင် အခြေအနေကောင်းတယ်။ အောင်မြင်တယ်။ ခရီးဝေး ယာယီရောက်မည်။ အပေါင်းအသင်းမှားတက်၍ ဆင်ခြင်ပါ။

အကျိုးပေးဂဏန်း - ၉၊ ၆၊ ၁

အထူးဟော - အောင်မြင်မှု ဆက်တိုက်ရနေမည်။

ယတြာ - ဘုရားကို ရေသက်စေ့ ရေသပ္ပာယ်ပါ။

ကြာသပတေး

မပြောလို့မပြီးနိုင် ဟုယုံကြည်လျှင် ပြောသာပြောပါ။ မလုပ်လို့ မပြီးလျှင် လုပ်သာလုပ်ချလိုက်ပါ။ ဆုံးဖြတ်ချက်ရဲဖို့တော့ ဒီတပတ်အတွင်း လိုနေပြီး မပြောမပြီး မတီးမမြည်ဖြစ်တက်ပါသည်။ စီးပွားရေး ပညာရေး အလုပ်အကိုင်တွေအောင်မြင်မည်။ ၀မ်းဗိုက်ရောဂါရတက်၍ ဂရုစိုက်ပါ။ ခရီးဝေးယာယီရောက်မည်။ ရှယ်ယာလုပ်ငန်းဂရုစိုက်ပါ။ အလိမ်ခံရတက်သည်။ ရစရာငွေတို့ ရတက်ပါသည်။ သူတပါးအရှုပ် ကိုယ်အရှုပ်ဖြစ်မည်။ ခြေလက်တို့ ခိုက်မိတက်သည်။ အဒေါ်၊အမေစသည့်ကြီးသူတို့ချူချာတတ်သည်။ငွေစကားပြောရတတ်သည်။မပြီးပျက်သောလုပ်ငန်းတို့ဆက်လုပ်ရမည်။မပြတ်သေးသောချစ်သူနှင့်စကားပြောရမည်။အဝေးကချစ်သူနှင့်အဆင်ပြေမည်။

အကျိုးပေးဂဏန်း ၅၊၁၊၉

အထူးဟော- အရှုပ်ထဲကရှင်းအောင်နေလိုက်ပါ။

ယတြာ-အိမ်ဘုရားကိုအုန်းပေါင်းလှူပါ။

သောကြာ

သံယောဇဉ်ကြီးခြင်း၊တယူသန်စိတ်ရှိခြင်း၊ချစ်မိလျှင်အသဲစွဲချစ်ခြင်း၊တစ်ယောက်မကချစ်ခြင်းတွေရှိနေသည်။ထို့ကြောင့်ချစ်သူခြင်းရှုပ်ထွေးလာမည်။ရည်ရွယ်ချက်တွေများမည်။မမျှော်လင့်ဘဲရုတ်တရက်အိမ်ထောင်ကျကိန်းရှိသည်။အိမ်ပြောင်းရကိန်းမြင်သည်။မရောက်ဘူးသောခရီးသွားရတတ်သည်။မပေါင်းဘူးသောမိတ်ဆွေတို့နှင့်တွေ့မည်။ကျန်းမာရေးကိုဂရုစိုက်ပါ။အနည်းငယ်ချူချာတတ်သည်။ကတိပေးမလွန်ပါနှင့်၊လူယုံမထားပါနှင့်၊အပြောမကြီးပါနှင့်၊ဆန္ဒမစောပါနှင့်မှားတတ်သည်။ဘယ်သူဘာပြောပြောလုပ်စရာရှိတာလုပ်ပါ။မုချအောင်မြင်မည်။

အကျိုးပေးဂဏန်း ၅၊၆၊၇

အထူးဟော-ကံကောင်းမည်။

ယတြာ-သစ်သီး(၉)မျိုးဘုရားကပ်ပါ။

စနေ

ကြိုးစားနေမည်။ကြိုးစားမှုတိုင်းအောင်မြင်မည်။အနီး၊အဝေးမိတ်ဆွေ၊သူငယ်ချင်းတို့ကလည်းကူညီပေးမည်။အချစ်ရေးအတွက်ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေမည်။ကိုယ်ချစ်တဲ့သူကိုမိဘ၊သားချင်းများကသဘောမတူပါ။ မိဘသားချင်းတို့သဘောမတူနိုင်သောသူကို ယူချင်နေမည်။ အသက်ငယ်စဉ် ၁၀ နှစ်အရွယ်က သစ္စာဆိုခဲ့၍ အခက်ကြုံနေသည်။ ထိုသစ္စာစကားမှာ ငါကြီးလို့ အိမ်ထောင်ပြုလျှင် မိဘတို့စိတ်မဆင်းရဲစေရဘူး သူတို့သဘောတူတဲ့သူကိုဘဲ ယူမည်ဟု သော ဆုံးဖြတ်ချက်ကြောင့်အခက်ကြုံနေမည်။ ခရီးဝေးတွေရောက်မည်။ အိမ်ထောင်ကျလျှင်ကံကောင်းမည်။ သင့်ချစ်သူက သင့်အပေါ်နားလည်မှုတွေပေးလိမ့်မည်။ ပညာရေး၊ အလုပ်အကိုင်တွေ အဆင်ပြေမည်။ အောင်မြင်မည်။ ငွေဝင်ကောင်း၍ ချမ်းသာမည်။ သင်လုပ်နေဆဲ အလုပ်တွေအောင်မြင်မည်။

အကျိုးပေးဂဏန်း - ၇၊ ၀၊ ၂

အထူးဟော - ကံကောင်းမည်။

ယတြာ - အိမ်ဘုရားတွင်ရေလှူပါ။

Credit: ဒေါက်တာထွန်းလင်း - ဘုတလင်( GOLD MEDALIST)
ဗေဒင်ဝါသနာအိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...