ဧဒင်အချစ်ပုံပြင်: ဝေဠုကျော်ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)သို့ အရေးပေါ်သွေးလိုအပ်လျှင် ဆက်သွယ်နိုင်

Friday 20 April 2012

ဝေဠုကျော်ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)သို့ အရေးပေါ်သွေးလိုအပ်လျှင် ဆက်သွယ်နိုင်

ရုပ်ရှင်သရုပ်ဆောင်ဝေဋ္ဌုကျော်
သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) သည် ”ဤအမှုကိစ္စတို့သည် ငါတို့အတွက် မဟုတ်၊ ငါတို့အမျိုးအတွက်လည်းမဟုတ်၊ ဖြူမည်းမသိ၊တိုရှည်မသိ သက်ရှိအားလုံး တို့အတွက်သာတည်း”ဟူသော ဆောင်ပုဒ် နှင့်အညီ ဆင်းရဲဒုက္ခနှင့် သောကများ လျော့ ပါးသက်သာစေရန် ရည်ရွယ်၍ အကူအညီ ပေးနေခြင်းဖြစ်ပါသည်။
လူနာနှင့် လူနာရှင် ထံမှ အခကြေးငွေမယူဘဲ နေ့ထူးနေ့မြတ် မရွေးသွေးလိုအပ်လာသည်ရက်တိုင်း အကူ အညီပေးလှူဒါန်းနေပါသည်။

မြန်မာနိုင်ငံ အနှံ့အပြားရှိ ရှားပါးသွေး လိုအပ်နေသော နေရာများနှင့် သဘာဝဘေးအန္တရာယ်ကျ ရောက်သော ဒေသ များမှ အရေးပေါ်လူနာ များနှင့်ဆင်းရဲချို့တဲ့သော လူနာများအတွက် လည်း လှူဒါန်း ကူညီ ပေးရန် စီစဉ်ဆောင် ရွက်ပေးလျက်ရှိပါ သည်။

သွေးမေတ္တာ အလှူ တော်အဖွဲ့သည် ၂ဝဝ၃ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့ဝယ် စတင်ဖွဲ့စည်းခဲ့ပြီး ယခု ၂ဝ၁၂ခုနှစ် တွင်အသင်း ဝင်ပေါင်း နှစ်ထောင် ကျော်ဖြင့်သွေးမေတ္တာ ပရဟိအသင်းအဖြစ် လူ မျိုးဘာသာမရွေး အဆင့် အတန်းမရွေး နေ့ညမရွေး လှူဒါန်းပေးလျက် ရှိပါသည်။

သို့ဖြစ်ပါ၍အရေး ပေါ်သွေးလိုအပ်လျှင်လည်း ကောင်း၊ မိမိ၏သွေးဖြင့်သူတစ်ပါးအသက်ကိုကယ်တင်လိုလျှင်လည်းကောင်း၊ပရဟိတ အသင်းဝင်အဖြစ်လည်း ကောင်း ဆောင်ရွက်လိုပါက

ဦးမြတ်ကျော်(အဘိဓမ္မာ)(ဥက္ကဋ္ဌ) ဖုန်း-ဝ၉-၇၃ဝဝ၆၁၃၁၊
ဦးဝေဠု ကျော် (သရုပ်ဆောင်) ဒု-ဥက္ကဋ္ဌ၊
ဦးထွန်းရွှေ (ထွန်းရွှေဝါ)ဒု-ဥက္ကဋ္ဌ၊
ဦးဝင်းအောင် (အတွင်း ရေးမှူး) ဖုန်း-ဝ၉- ၅၁၅၇ဝ၇၉၊
ဦးမျိုးအောင် (ဘဏ္ဍာရေးမှူုး) ဖုန်း-ဝ၉-၅၁၈၅၃၅၁သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

from ပေါ်ပြူလာ by AF

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...