ဧဒင်အချစ်ပုံပြင်: မြန်မာလို ဟဲတဲ့ မြောက်ကိုရီးယားလုံမေများ(ရုပ်/သံ)

Sunday 6 May 2012

မြန်မာလို ဟဲတဲ့ မြောက်ကိုရီးယားလုံမေများ(ရုပ်/သံ)

♫ ♪♫ အို ၀ို့ ၀ို ၀ိုး ..... ငယ်ရွယ်စဉ်မှာ အချစ်က အိမ်မက်လို ဟို ဟိုး ... ♫ ♪♫

အမေရိကန် နဲ့ ဗြိတိန်တို့က ရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်းဖွင့်ပြီး ငွေရှာနေချိန်မှာ မြောက်ကိုရီးယားက စားသောက်ဆိုင်ဖွင့်ပြီး ငွေရှာပါတယ်။

ရန်ကုန်က ဒီဆိုင်မှာ မြောက်ကိုရီးယားဝန်ထမ်းတွေရဲ့ စင်တင်ဖျော်ဖြေမှုရှိပါတယ်။ သူတို့တွေရဲ့ မြန်မာလို သီဆိုမှုက နှစ်သက်စရာပါပဲ။



အလွမ်းသီချင်းတွေကို နောက်ခံအဆိုတွေနဲ့ အတိုင်အဖောက်ညီညီ မြူးမြူးကြွကြွ သီဆိုကြတာတွေကို ဗီဒီယိုဖိုင်မှာ တွေ့ရ ကြားရမှာပါ။

တင်ဆက်မှုတွေထဲမှာ -

ဉာဏ်လင်းအောင် ရဲ့ သူငယ်ချင်း
ဝိုင်ဝိုင်းရဲ့ မေ့မှာပါ
ဝိုင်ဝိုင်းရဲ့ ဝဋ်ကြွေး
ချမ်းချမ်းရဲ့ မေ့တော့မမေ့သေးဘူး
ဝိုင်ဝိုင်းရဲ့ "ဖြေသိမ့်လိုက်"

စတဲ့ စတဲ့ သီချင်းတွေ ပါဝင်ပါတယ်။

အာရှဒေသတွင်း ထင်ရှားပြီးသား တရုတ်သီချင်းများကို မြန်မာမှုပြုထားတာ ဖြစ်လို့ သူတို့အတွက် ဒီသီချင်းတွေက စိမ်းဟန် မတူပါဘူး။

သီချင်း အလိုက်ရပြီးသား ဆိုတော့ မြန်မာအသံထွက်နဲ့ လေ့ကျင့်ရတဲ့အခါ အထောက်အကူ ဖြစ်မှာပါ။

စားသောက်ဆိုင်လာတဲ့ ဧည့်သည်များလည်း စင်ပေါ်တက် ပန်းစည်းပေးတာ တွေ့ရပါတယ်။




.irrawaddy

2 comments:

Related Posts Plugin for WordPress, Blogger...