ဧဒင်အချစ်ပုံပြင်: မင်္ဂလာ ကိစ္စပြောရာမှ လူသတ်မှု ဖြစ်ပွား

Tuesday 1 May 2012

မင်္ဂလာ ကိစ္စပြောရာမှ လူသတ်မှု ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်တွင် မင်္ဂလာ ကိစ္စ ပြောဆိုရာမှ စကားများ ရန်ဖြစ်ပြီး လူသတ်မှုပါ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဧပြီလ ၂၈ ရက်နေ့ ည ၉ နာ ရီခွဲခန့်၌ လှိုင်သာယာမြို့နယ်တွင် နေသူ ကိုဘိုဘိုစိုးမှ လွန်ခဲ့သော တစ်ပတ်ခန့်မှ ပေါင်းသင်း နေထိုင်သည့်ဇနီးဖြစ်သူနှင့် ခဲအို တော်စပ် သူအားတွေ့သဖြင့် "ကန်တော့ပွဲနှင့်
လာအပ်မယ်၊ ရှောင်မထွက်သွား နဲ့"ဟု ပြောဆိုရာမှ ခဲအိုနှင့်စကား များရန်ဖြစ်ပြီး လုံးထွေးသတ်ပုတ် နေစဉ် ၄င်း၏ ဆွေမျိုးသားချင်း တစ်ဦးရောက်ရှိ လာပြီး ကိုဘိုဘိုစိုး အား ချွန်ထက်သော အရာတစ်ခု ဖြင့် ဝဲနံဘေးသို့ ထိုးရာ အခင်းဖြစ် ရာနေရာ၌ပင် သေဆုံး သွားသဖြင့် ပြစ်မှုကျူးလွန်သူနှစ်ဦးအားအရေးယူပေးပါရန် ကိုဘိုဘိုစိုး၏ မိခင် ဒေါ်သင်းသင်းအေးက တရားလို ပြုလုပ် တိုင်တန်းထား ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်သာယာရဲစခန်းမှ (ပ) ၄၅၇/ ၁၂၊ ပုဒ်မ ၃၀၂/၁၄၄ ဖြင့် အမှုဖွင့် ပြီး ပြစ်မှုကျူးလွန်သူနှစ်ဦးအား ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိ ရသည်။
ဘုန်းမြတ်
Venus News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...