ဧဒင်အချစ်ပုံပြင်: "ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် တည်ထောင်သော ရွှေမှော်ဝန်း လူမှုယဉ်ကျေးမှုကူညီရေးအဖွဲ့ ပထမဆုံးအကြိမ်ကူညီမှုပြုလုပ်"

Saturday 26 May 2012

"ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် တည်ထောင်သော ရွှေမှော်ဝန်း လူမှုယဉ်ကျေးမှုကူညီရေးအဖွဲ့ ပထမဆုံးအကြိမ်ကူညီမှုပြုလုပ်"


ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် တည်ထောင်သော ရွှေမှော်ဝန်း လူမှု ယဉ်ကျေး မှုကူညီရေးအဖွဲ့ ၏ ပထမဆုံးအကြိမ်ကူညီမှုကို မေ၂၆ ရက်နေ့ နံနက် ၉ နာရီ က ကျောက်တန်းမြို့နယ် သာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သည်။
ရွှေမှော်ဝန်း၏ ပထမဆုံး လှုပ်ရှားမှုအဖြစ် ကျောက်တန်းမြို့ပေါ်ရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၁၀၈ ဦးအား တစ်ဦးလျှင် ကျပ်နှစ်သောင်း
နှုန်း၊ ကျောင်းတက်ရန် အခက်အခဲ ဖြစ်နေ သော မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူ ကျောင်သား ၂၀ အား ကျောင်းဝတ်စုံနှင့်
သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခြင်း၊ မူလတန်းကျောင်း ၁၀ ကျောင်းသို့ ဗလာစာအုပ် ဒါဇင် ၁၅၀ ၊ ကျောင်းစာကြည့်တိုက်များသို့ သုတ-ရသစာအုပ် များ၊ မြို့နယ်ဆေးရုံ၊ အာသောက ကုသိုလ်ဖြစ်ဆေးခန်း၊ နတ်ရေကန် ကုသိုလ်ဖြစ်ဆေးခန်းနှင့် ဘိုးဘွားရိပ်သာများသို့ ဆေးများ လှူဒါန်းခြင်း များ ပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် ပြီးနောက် ကျောက်တန်းမြို့နယ်အတွင်း လူမှုယဉ်ကျေးမှုလုပ်ငန်း များ ပြုလုပ်ရန် ရွှေမှော်ဝန်း လူမှုယဉ်ကျေးမှုကူညီရေးအဖွဲ့ကိုတည်ထောင်ခဲ့
ပြီး ပထမဆုံးအကြိမ်ကူညီမှု စတင်ပြုလုပ်ခြင်းဖြစ်သည်။

သတင်း၊ ဓာတ်ပုံ- အောင်ကျော်လတ်
Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...