ဧဒင်အချစ်ပုံပြင်: အောင်ပန်းမြို့တွင် မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဥတ္တမ (ဦးဥာဏတပည့်ရင်း) အား လူဝတ်လဲ

Saturday 19 May 2012

အောင်ပန်းမြို့တွင် မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဥတ္တမ (ဦးဥာဏတပည့်ရင်း) အား လူဝတ်လဲ

                                                                ဧဒင်အချစ်ပုံပြင်
မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲပြီးတွေ့ ရစဉ်
မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲနေစဉ်
(၁၆-၅-၂၀၁၂)ရက် ည(၈း၀၀)နာရီအချိန်  ရှမ်းပြည်နယ်တောင်ပိုင်း၊
အောင်ပန်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော ဒေါ်နွဲ့နွဲ့ဌေး နေအိမ်တွင်
(၁၃-၅-၂၀၁၂)ရက်နေ့ကတည်းက ရောက်ရှိနေသော မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ(၁၂/မဂဒ(သ)၀၀၀၉၅၆)
ရွှေဥမင်ဓမ္မသုခကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေသူအား
 မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များက  အောင်ပန်းမြို့ မြို့မပြင်သာ
 ကျောင်းတိုက်သို့ခေါ်ဆောင်ပြီး ...နိုင်ငံတောသံဃမဟာနာယကအဖွဲ့၏ 
ညွှန်ကြားလွှာအမှတ်(၉၅)(၀ိ-မှုခင်းလုပ်ထုံး) နှင့်အညီ...လုပ်ကိုင်ဆောင်ရွက်
ခဲ့ပါသည်။

 မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်တို့မှလည်း....ပြည်နယ်သံဃနာယက
အဖွဲ့ဆရာတော်၏ ညွှန်ကြားချက်အရလည်းကောင်း၊ ပြည်နယ်သာသနာရေး
ဦးစီးဌာန၏လျှောက်ထားချက်အရလည်းကောင်း၊ မြို့နယ်သာသနာရေးဦးစီး
ဌာနနှင့် ပူးပေါင်းကာ အောင်ပန်းမြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး
 ဦးဆောင်ကာလည်းကောင်း၊    အဆိုပါ အဓ္ဓမ၀ါဒီမိုးပြာဂိုဏ်းခေါင်းဆောင်
ဦးဥတ္တမ  အား လူဝတ်လဲပေးလိုက်ကြောင်း သိရပါသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဗဟိုဌာနချုပ်မှ ညွှန်ကြားလွှာအမှတ်(၉၅)
အရ နိုင်ငံတော် ၀ိနည်းဓိုရ်အဖွဲ့အမှတ်(၁၇/၂၀၁၁)က    မိုးပြာဝါဒသည်
 အဓ္ဓမ၀ါဒ  ဟုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

 မိုးပြာဝါဒခေါင်းဆောင် ဦးဥာဏ သည် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့်
လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း   အပြစ်ဒဏ်ကျခံနေ
ရပြီးဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍  ၄င်း ဦးဥာဏ၏ တပည့်ရင်းဖြစ်သူ  ဦးဥတ္တမ   ကိုလည်း
လူဝတ်လဲပြီးနောက်  သံဃအဖွဲ့ အစည်းဆိုင်ရာဥပဒေဖြင့်လည်းကောင်း၊
  ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း ပြစ်မှုဆိုင်ရာဥပဒေ
ပုဒ်မ-၂၉၅(က) အရ  ဘာသာသာသနာကို စော်ကားစေမှုအဖြစ် အရေးယူ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   သတင်းရရှိပါသည်။

Myanmar News Now

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...