ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်

သူသည် ဧပြီ ၂၁ ရက်က မူးယစ် ထောက်လှမ်းရေးအဖွဲ့မှ ဝင်ရောက် ဖမ်းဆီးရာတွင် မူးယစ်ဆေးပြားများ၊ လက်နက်များနှင့်အတူ ဖမ်းဆီးမိခဲ့သော သံသယရှိသူ ကိုးဦးထဲမှ တစ်ဦးလည်း ဖြစ်သည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များက သူ့အားအခန်းထဲတွင် မေ့လျော၍ ထားရစ်ခဲ့ပြီးနောက် မစ္စတာချုန်းသည် တတ်နိုင်သမျှ အသံကုန် အော်ဟစ် အကူအညီ တောင်းခဲ့သော်လည်း မည်သည့် တုံ့ပြန်သံမှ မကြားခဲ့ရကြောင်း၊ သူ့အနေဖြင့် သူ၏ အသက်ဆက်ရေးအတွက် ကျင်ငယ်ရည်ကိုပင် ပြန်၍ သောက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ မစ္စတာချုန်းအား ဧပြီ ၂၅ ရက်တွင် အခန်းထဲမှ ပြန်လည် တွေ့ရှိရပြီးနောက် ဆေးရုံသို့ ပို့ဆောင်ကာ ခံစားနေရသော ဗိုက်အောင့်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်း ဝေဒနာများ ကုသပေးခဲ့ရကြောင်း သိရသည်။
@Flower News Journal
ကံကောင်းလို့မသေတာနာ်
ReplyDelete