ဧဒင်အချစ်ပုံပြင်: မိသားစုဘဝက ပျော်ရွှင်စရာကောင်းတယ်ဆိုတဲ့ Rဇာနည် နှင့် ဝမ်း

Friday 25 May 2012

မိသားစုဘဝက ပျော်ရွှင်စရာကောင်းတယ်ဆိုတဲ့ Rဇာနည် နှင့် ဝမ်း


Rဇာနည် နှင့် ဝမ်းမိသားစုRဇာနည် နဲ့ ဝမ်းတို့ဟာ ချစ်စရာကောင်းတဲ့ သားလေး ဥာဏ်ဘုန်းဇာနည် နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့
မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်လျက်ရှိပါတယ်။ မိခင်ဖြစ်သူ ဝမ်းအနေနဲ့ သားလေးရဲ့ ကျန်းမာရေးအတွက် ဘယ်လို ပြုစုစောင့်ရှောက် နေသလဲဆိုတာ မေးမြန်းခဲ့ပါ
တယ်။
Q. အစ်မသားလေးက အသက် ဘယ်လောက်ရှိပြီလဲ။ လိမ္မာအောင် ဘယ်လိုသွန်သင်လေ့ရှိသလဲ။
သားလေးက အခုဆိုရင် နှစ်နှစ်နဲ့ ဆယ်လထဲမှာပါ။ အဓိကကတော့ ဘယ်အရာက ကောင်းတယ်၊ ဘယ်အရာက မကောင်းဘူး၊ ဘာတွေက လုပ်ရမယ်၊ ဘာတွေကမလုပ်ရဘူးစသဖြင့်
အခုအရွယ်ကတည်းက ပြောပြထားပါတယ်။ အကုန်လုံးတော့ နားမလည်သေးပေမယ့် သူ သိတတ်တဲ့ အရွယ်ရောက်လာရင်တော့ ဒါတွေကို သိသွားမှာပေါ့နော်။

Q. ဘယ်အရွယ်အထိ မိခင်နို့ကို တိုက်ခဲ့ပါသလဲ။
ဝမ်းက မွေးတဲ့အချိန်ကနေ ခြောက်လအထိပဲ သားကို နို့တိုက်ခဲ့ပါတယ်။ အခု နို့ဘူးတော့တိုက်နေပါသေးတယ်။

Q. အစားအစာနဲ့ပတ်သက်ပြီး ဘယ်လို ဂရုစိုက်ပေးနေရသလဲ။
ဝမ်းက သားလေး ခြောက်လပြည့်ကတည်းက ဖြည့်စွက်စာအနေနဲ့ ထမင်းကို ခပ်ပျော့ပျော့လေးချက်ပြီး ဆန်ပြုတ်လို ကျွေးတယ်။ အခုနောက်ပိုင်းတော့ လူကြီးလိုပဲ ထမင်း၊ ဟင်းတွေ စားနေပါပြီ။

Q. ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုစားသောက်မှုပုံစံတွေနဲ့ ကျွေးနေပါလဲ။
သူ့ကို မနက်အိပ်ရာနိုးနိုးချင်း Breakfast အနေနဲ့သူကြိုက်တဲ့ အာလူး၊ ငါးမုန့်ကြော်နဲ့ ကြက်ဥကျွေးတယ်။နေ့ခင်းပိုင်း နေ့လယ်စာကိုတော့ ထမင်းနဲ့ သူစားနေကျ ဝက်ဦးနှောက်၊ ဆိတ်ဦးနှောက်၊ ပုစွန်၊ ကြက်သား၊ အမဲသား၊ ငါး၊ အရည်ဟင်း တစ်ခုခုကျွေးတယ်။ ညနေစာကိုညနေ ၆ နာရီ လောက်မှာ ကျွေးတယ်။ ညပိုင်းမှာတော့အာဟာရဖြစ်စေမယ့် ပူတင်းလို အစားအစာတွေကျွေးတယ်။

Q. ဒီအရွယ်တွေက အဆော့မက်တဲ့အတွက် အိပ်ချိန်၊ စားချိန်မှာ ဘယ်လိုဂရုစိုက်ပေးရသလဲ။
ဟုတ်တယ်။ အဲဒီအတွက်ကို ဂရုစိုက်ပြီး ပြုလုပ်ပေးရတယ်။ ကျောင်းရှိတဲ့ နေ့တွေဆို မနက် ၈ နာရီလောက်နှိုးပြီး ၈ နာရီခွဲမှာ ထတယ်။ ၁၂ နာရီခွဲ ဒါမှ မဟုတ် ၁ နာရီလောက်မှာ ပြန်အိပ်ခိုင်းတယ်။ မအိပ်ချင်လည်း အိပ်ချင်အောင် ခေါ်သိပ်တယ်။ ဒါပေမဲ့ သားလေးက လိမ္မာပါတယ်။ အခု ဘယ်အချိန်ရှိပြီလဲလို့ သူ့ကို မေးလိုက်တာနဲ့ အိပ်ချိန်ဆိုရင် အိပ်ရမယ်ဆိုပြီး သူ့အခန်းထဲ ဝင်အိပ်ပါတယ်။

Q. အားဆေးတိုက်ဖြစ်တာမျိုးတွေကောရှိသလား။
အားဆေးအနေနဲ့ကတော့ အခု လောလောဆယ်သားလေးကို သူ မနက်အိပ်ရာက နိုးတာနဲ့ Ceelin တိုက်
တယ်။ Ceelin က ကိုယ်ခံစွမ်းအားကောင်းတယ်ဆိုတဲ့ အတွက် နှာ စေး၊ ချောင်းဆိုး တာတြွေဖစ်ဖို့ နည်းတယ်လေ။ နေ့လယ် ထမင်းစားတဲ့အချိန်မှာတော့ Appeton တိုက်တယ်။ သားက ကျန်းမာရေး သိပ်ချူချာတာမရှိပါဘူး။ ပုံမှန်ကလေးတွေ ဖြစ်တတ်တဲ့ နှာစေး၊ ချောင်းဆိုးလောက်ပဲဖြစ်တယ်။ အခုနောက်ပိုင်း မဖြစ်တာ ကြာပါပြီ။

Q. တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ဘယ်လိုဂရုစိုက်ပေးပါသလဲ။
သူ့ကို တစ်ရက်ခြား တစ်ခါ ခေါင်းလျှော်ပေးတယ်။ နေ့တိုင်းတော့ ရေချိုးပေးတယ်။ ပူတဲ့ရာသီတွေမှာ မနက်တစ်ကြိမ်၊ ည တစ်ကြိမ် ချိုးပေးပြီး အေးတဲ့ရာသီတွေမှာတော့ မနက်တစ်ကြိမ်ပဲ ချိုးပေးပါတယ်။

Q.  တချို့မိခင်တွေက ကလေးကို ပြင်ပအစားအစာတွေ မကျွေးတာ တွေ့ရတယ်။ အစ်မကကော...
ဝမ်းကတော့ ပြင်ပအစားအစာတွေ မစားရဘူး၊ ဘယ်အစားအစာ မစားရဘူးဆိုပြီး ခွဲခြားထားတာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက မြန်မာပြည်မှာ ကြီးရမှာဆိုတော့ဒါတွေကို ရှောင်နေရင် ပိုအန္တရာယ်များတယ်။ တစ်ခါတလေ မဖြစ်မနေအပြင်စာတွေ စားမိရင် အလေ့အကျင့်မရှိတော့ တစ်ခုခု ဖြစ်သွားမှာစိုးတဲ့အတွက် အပြင်စာကိုလည်း သူစားချင်ရင် ကျွေးပါတယ်။ သူက မုန့်ဟင်းခါး အရမ်းကြိုက်တယ်။

Q. ကျန်းမာရေးနဲ့ပတ်သက်ပြီး မိသားစုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာမျိုး ရှိသေးလား။
နေမကောင်းဖြစ်ရင်တော့ ချက်ချင်း ဆရာဝန်နဲ့ပြတယ်။ တခြားအချိန်တွေမှာလည်း ဝမ်းက သားလေး ကျန်းမာရေးနဲ့ပတ်သက်ပြီး သိချင်တာရှိရင် ဖုန်းဆက်ပြီး မေးတယ်။ သားလေးကို ဆရာမကြီး ဒေါက်တာဒေါ်မြမြအုန်းနဲ့ ပြနေပါတယ်။

Q. တချို့မိခင်တွေက ကလေးရလာပြီးရင် ဝလာတက်ကြတယ်။ ဝိတ်မတက်အောင် ဘယ်လိုဂရုစိုက် သလဲ အစ်မ။
ဝမ်းက ထွေထွေထူးထူး အားကစားပြုလုပ်တာ မရှိပါဘူး။ အဓိကကတော့ အစားအသောက်နဲ့ပဲ ထိန်းဖြစ်ပါတယ်။ ဝမ်းက နဂိုကလည်း အစားအသောက် သိပ်မမက်ဘူး။ အစားအစာ ရှောင်တာ တွေလည်း သိပ်မရှိဘူး။ ဒါပေမဲ့ ညနေ ၆ နာရီနောက်ပိုင်းမှာ ထမင်းမစားဘဲ
အသီးအနှံလောက်ပဲ စားပါတယ်။

Q. သားလေးကို ပြုစုနေတဲ့ အချိန်မှာ  ဘယ်လိုကြည်နူးမှု့ရရှိသလဲ။
မိခင်မေတ္တာဆိုတာ တကယ်ကို ဆန်းကြယ်ပါတယ်။ ပြောပြလို့ မတတ် အောင်ပါပဲ။ စိတ်ထဲမှာ အလိုလိုနေရင်း သူ့ကို ပြုစု၊ ယုယနေချင်တယ်။ တတ်နိုင် သလောက် သူ့အတွက် အကုန်ဖြည့် ဆည်းပေးချင်တယ်။ အလုပ်အားအား၊ မအားအား၊ သူရဲ့ ဝေယျာဝစ္စတွေကို ကိုယ်တိုင်ပဲ ပြုလုပ်ပေးချင်တယ်။

Q. မိသားစုဘဝမှာ ဘယ်အရာက ပျော်ရွှင်ဖို့ ကောင်းးပါသလဲ။
မိသားစုဘဝမှာ အရာရာတိုင်းက ပျော်ရွှင်ဖို့ ကောင်းပါတယ်။ လက်ရှိမှာ ဝမ်းက သားလေးကိုပဲ ပြုစုနေတဲ့အ တွက် ကိုဇာနည်ရဲ့ Show  ပွဲတွေကို တောင် အရင်လို မလိုက်ဖြစ်တော့ဘူး။

Q. အစ်မရဲ့သားလေးမှာ အနုပညာ ဗီဇပါတယ်လို့ ထင်လား။
ကိုယ်နဲ့ရင်းနှီးတဲ့မိတ်ဆွေ သူငယ် ချင်းတွေကတော့ သူ့မှာ အနုပညာ ဝါသနာပါတယ်လို့ ပြောကြတယ်။ ဘာ ကြောင့်လဲဆိုရင် သူ ကြီးပြင်းလာတာက လည်း အနုပညာအသိုင်းအဝိုင်းမှာ ကြီး ပြင်းလာတဲ့အတွက် ဝါသနာ ပါနေတယ် လို့ ထင်ပါတယ်။ ဒါပေမဲ့ အရွယ်ရောက် လာတဲ့အခါမှသာ သူ ဘာဝါသနာပါလဲ ဆိုတာ ကြည့်ရဦးမှာပေါ့နော်။
မင်းအိုက်စွန်းန်
Good Health

1 comment:

Related Posts Plugin for WordPress, Blogger...