Saturday, 30 June 2012
စက်ရုပ်များဖြင့် ၀န်ဆောင်မှုပေးနေသည့် တရုတ်စားသောက်ဆိုင်
တရုတ်နိုင်ငံ ဟာပင်မြို့တွင် စားသုံးသူများအား ကျေနပ်နှစ်သိမ့်မှုများ ရရှိစေရန် စက်ရုပ် (၁၈)မျိုးဖြင့် ၀န်ဆောင်မှုပေးသော စားသောက်ဆိုင်တစ်ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။ ၄င်းစားသောက်ဆိုင်တွင် စက်ရုပ်အမျိုးအစား ၁၈ မျိုးရှိပြီး ဧည့်ကြိုသူ၊ စားပွဲထိုးသူနှင့် ချက်ပြုတ်ရေး ဖျော်ဖြေရေး စသည့် လုပ်ငန်းဆောင်တာများအားလုံးကို အဆိုပါ စက်ရုပ်များက စွမ်းဆောင်ပေးနေခြင်းဖြစ်သည်။ စားသုံးသူများ အနေဖြင့် ၄င်းဆိုင်သို့ ရောက်ရှိလာပါက ဧည့်ကြိုစက်ရုပ်မှ လက်ကို ဆန့်တန်း၍ ဟန်ပါသော အမူအယာဖြင့် စားသောက်ဆိုင်မှ ကြိုဆိုကြောင်း နှုတ်ခွန်းဆက်သသည်ဟု သိရသည်။ အစားအသောက်များ မှာကြားပြီးပါက စက်ရုပ်များကပင် ချက်ပြုတ်ပြင်ဆင်ပြီးသော ဟင်းလျာများကို စားပွဲထိုးစက်ရုပ်က မီးဖိုချောင်မှ စားပွဲအထိ ကြမ်းပြင်ပေါ်ရှိ ၄င်း၏ လမ်းကြောင်းအတိုင်း သယ်ယူလာပေးသည်။ စားသုံးနေစဉ်အတွင်း အခြားစက်ရုပ်တစ်မျိုးက သီချင်းဆီဆိုဖျော်ဖြေပေးသည်ဟု သိရသည်။ ၄င်းစက်ရုပ်များအား လုပ်ငန်းပြီးစီးချိန်တွင် လျှပ်စစ်ဖြင့် အားသွင်းပေးရပြီး နှစ်နာရီကြာ အားသွင်းပေးပြီးနောက် ငါးနာရီခန့် ဆက်တိုက် အလုပ်လုပ်နိုင်သည်ဟု သိရသည်။ ၄င်းစက်ရုပ် စားသောက်ဆိုင်တွင် အမျိုးပေါင်း ၃၀ ထက်ပိုမိုသော ဟင်းလျာများ မှာယူစားသောက်နိုင်ပြီး တစ်ကြိမ်စားသောက်လျှင် ပျမ်းမျှ ယွမ်ငွေ ၄၀ မှ ၅၀ (စတာလင်ပေါင် ၄ ပေါင်မှ ၅ ပေါင်) ကုန်ကျမည်ဟု သိရသည်။ (အင်တာနက်)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment