စိုးမြတ်နန္ဒာက
 ဖေ့စ်ဘုတ်ကို အမြဲတမ်း အသုံးပြုတတ်ပါတယ်။ ဖေ့စ်ဘုတ်မှာ ပရိသတ်က 
သူ့ကိုပြောထားတာကို ကြည့်တတ်သလို၊ သတင်းတွေလည်း ဖတ်လေ့ ရှိကြောင်း၊ 
နိုင်ငံခြားမှာရှိတဲ့သူငယ်ချင်းတွေနဲ့လည်း စကားပြောဖို့ သုံးလေ့ရှိကြောင်း 
ပြောပါတယ်။ အခုနောက်ပိုင်းမှာ အနုပညာရှင်တွေလည်း အသုံးများလာသလို အကောင့် 
အတုတွေနဲ့လည်း သုံးတတ်ကြောင်းကို စိုးမြတ်နန္ဒာက”အတုတွေကအများကြီး 
ရှိတဲ့အတွက်ကြောင့်
ကိုယ့်သတင်းက မှားရင်မှားသွားနိုင်တယ်။ ကိုယ် တကယ်တမ်း 
အကောင့်အစစ်ကို သုံးနေတယ်ဆိုရင် ပရိသတ်တွေက ဘယ်ဟာအစစ်၊ ဘယ်ဟာအတုဆိုတာ 
သိသွားနိုင်တယ်။ တချို့ဆိုရင် ဘယ်လောက်ဆိုးလဲဆို ဒါဒါဆိုရင် ဒါ့ဒါ့ Fan 
Page လုပ်ထားတယ်။ အဲဒီ Fan Page ကနေ ဒါဒါတင်သမျှပုံ တွေကို 
Downloadဆွဲပြီးလိုက်တင်တယ်။ ဒါဒါကတော့ စာလုံးအကြီးတွေနဲ့ SOE MYAT NANDAR 
ဆိုတာ ဒါဒါရဲ့အကောင့်တစ်ခုတည်းပါ။ သူများကတော့ စာလုံးအကြီးနဲ့ သိပ်လိုက် 
မလုပ်နိုင်ဘူး။ ဖြစ်နိုင်ရင်တော့ ကိုယ့်အကောင့်ကိုယ်ရှိတာ အကောင်းဆုံးပဲ။ 
မကြီး(စိုးမြတ်သူဇာ)ဆိုလည်း သူ့အကောင့်ရှိတယ်။ ဇင်ဇင် (စိုးပြည့်သဇင်)၊ 
ဒီးဒီ (စန္ဒီမြင့်လွင်)တို့လည်း ကိုယ့်အကောင့်ကိုယ်လုပ် ဆိုတော့ သူတို့ လည်း
 လုပ်ထားကြတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရတာပေါ့။ 
သူတို့ဝေဖန်တာလည်း ခံရတာပေါ့”လို့ ဖေ့စ်ဘုတ်သုံးရတဲ့ အကျိုးကို 
ပြောပြပါတယ်။ လတ်တလောမှာ စိုးမြတ်နန္ဒာနဲ့ သူ့ရဲ့သားမြတ်သောမောင်တို့ 
ကြော်ငြာတဲ့ဖြူဖွေးဆပ် ပြာကြော်ငြာကိုလည်းပရိသတ်ကြိုက်ကြပါတယ်။ 
မြတ်သောမောင် ကိုလည်း အသက်ငယ်ငယ်နဲ့ အိုက်တင်ကောင်းတယ်လို့ ပြောရမှာပါ။ 
ဒီကြော် ငြာလေးကသူ့ရဲ့နောက်ဆုံး ကြော်ငြာပဲဖြစ်ပြီးအနုပညာကို 
ဝါသနာမပါတဲ့သားဖြစ်သူအကြောင်းကို စိုးမြတ်နန္ဒာက”သူကမရိုက် ချင်ဘူး။ 
အဲဒီကြော်ငြာတုန်းကသူ့ကိုမက်လုံးပေးပြီး အရုပ်ဝယ်ပေးမယ်ဆိုပြီး ပြောရတယ်။ 
ပင်ပန်းတဲ့ဒဏ်လည်း သူမခံနိုင်ဘူး။နေ့လယ် လည်း အိပ်တတ်တော့ နေ့လယ်ရောက်တော့ 
ပင်ပန်းလာပြီ။ သူမရိုက်ချင်တော့ဘူးတဲ့။ သူ့ကိုကတိပေးတဲ့။ သူ့ကို 
နောက်ပေးမရိုက်ပါနဲ့တော့ဆိုပြီး ပြောတယ်။ သူက ဝါသနာမပါဘူး။ ကိုယ်ကတော့ 
ငယ်တုန်းလေးဆိုတော့ အမှတ်တရလေးဖြစ်အောင် သူအရွယ်ရောက် လာရင်ပြန်ပြဖို့တော့ 
လုပ်စေချင်တယ်။ ဒါပေမဲ့ သူက မလုပ်ဘူး။ သူ့ကိုစာဘက်ကိုတော့ ဦးစားပေးတယ်။ 
သူကစာကို ကြိုးကြိုးစားစားလုပ်တယ်။ အဲဒီဘက်ကို အားသန်တယ်”လို့ပြောပါတယ်။ 
ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ အတွက် သားအတွက် အချိန်ကို ဘယ်လို 
ပေးလဲလို့ မေးတော့”ဒါဒါကတော့ ဇာတ်ကားရိုက်ပြီးရင် အိမ်မှာနေတာများတယ်။ 
ဟိုးအရင်ကတော့ မြတ်သောမောင် အိမ်မှာ ကျန်ခဲ့တော့ ပျင်းကောင်းပျင်းလိမ့်မယ်။
 အခု ကျောင်းလည်းတက်နေပြီဆိုတော့ မနက် ၈ နာရီဆို သူကသွားပြီ။ ညနေ ၄နာရီ 
လောက်မှ ပြန်ရောက်တာဆိုတော့ ဒါဒါနဲ့ ညဘက်တွေ့ရတယ်။ နေ့လယ်ဘက်တော့ 
ပူစရာမလိုတော့ဘူးပေါ့။ ဒါဒါ့ရိုက်ကွင်းလည်း သိပ်မလိုက်ချင်ဘူး။ 
အရင်တုန်းကတောကို သွားရိုက်မှာဆိုတော့သူလည်း လိုက်ချင်တယ်ဆိုလို့ 
သန်လျင်တစ်ခါ ခေါ်သွားတယ်ပြန်လာတော့ ဖျားသွားရော၊ အဲဒီကတည်းက တောလည်း 
သူမလိုက်ချင်တော့ဘူး”လို့ ပြောပါတယ်။ စိုးမြတ်နန္ဒာရဲ့ သားလေး မြတ်သောမောင်က
 အောက်တိုဘာ ဆိုရင် ၆နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ခိုင်ဝေလွင်

No comments:
Post a Comment