ဧဒင်အချစ်ပုံပြင်: ရခိုင်အတွက် ရှော့ပင်း စင်တာကြီးများတွင် အနုပညာရှင်များ ကိုယ်တိုင် အလှူခံကြမည်

Thursday, 28 June 2012

ရခိုင်အတွက် ရှော့ပင်း စင်တာကြီးများတွင် အနုပညာရှင်များ ကိုယ်တိုင် အလှူခံကြမည်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှုးပြီး ဇွန်လ၂၉၊ ၃ဝရက်နေ့များမှာ ရခိုင်ပြည်နယ် တိုင်းရင်းသား ပြည်သူများ ဖွံ့ဖြိုးရေး ရန်ပုံငွေပဒေသာကပွဲ အနေနဲ့ အမျိုးသားက ဇာတ်ရုံ(မြို့မကျောင်းလမ်း)မှာ ဖျော်ဖြေ ပွဲတစ်ခု ကို ပြုလုပ်သွားမှာဖြစ်ကြောင်းကို ဇွန် ၂၂ရက်နေ့မနက် ၁ဝနာရီ က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ခန်းမမှာ စာနယ်ဇင်း ရှင်းလင်း ပွဲပြုလုပ်ခဲ့ပါတယ်။
အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲမှာ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြုလုပ်မယ့် ပဒေသာကပွဲနဲ့ ပတ်သက် ပြီး ပြောကြား ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဦးလူမင်းကလည်း
ပဒေသာကပြပွဲ အတွက် ရှင်းလင်းပြောကြားခဲ့သလို၊ ဒါရိုက်တာဝိုင်းကလည်း ရန်ပုံငွေရရှိရေး အတွက် အနုပညာရှင်များအားလုံး ပူးပေါင်းကာ ထူးခြားတဲ့အစီအစဉ်တွေနဲ့ လက်မှတ်ရောင်းနေ စဉ် ပြည်သူ ပရိသတ်တွေ အတွက် ကျေးဇူးတုံ့ပြန် သွားမယ့်အကြောင်း များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါပွဲမှာ ရခိုင်ပြည်နယ် တိုင်းရင်း သား မိဘပြည်သူများ ပြန်လည်ဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ထည့်ဝင် လှူဒါန်းခဲ့ ကြတဲ့ အလှူရှင်တွေကတော့ ရွှေသံလွင် ကုမ္ပဏီလီမိတက်မှ သိန်း၅ဝဝ၊ ဦးသိန်းဟန် ရတနာငြိမ်းချမ်းကျောက်မျက် တူးဖော်ရေးကုမ္ပဏီမှ သိန်း၂ဝ၊ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ၁သိန်း၊ ဦးဝင်းကြည် (စိန်ဌေးရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေး)မှ ၁သိန်း၊ ဦးကြွက်(Sky Net))မှ ၁သိန်း၊ဦးအောင်ဖြိုးဝင်း(Sky Net))မှ ၁သိန်း၊ အကယ် ဒမီ ဝေဠုကျော် မှ၁သိန်း၊ ဘိုဘိုအင်တာတိန်းမိန့်မှ ကိုဘိုစန်းက ၁သိန်း အလှူငွေများကို လှူဒါန်းပေးအပ် ခဲ့ကြပါတယ်။
အဆိုပါ ရန်ပုံငွေပဒေ သာကပွဲ အတွက် အနုပညာရှင်များက ဇွန် ၂၉၊ ၃ဝ ရက်နေ့များမှာ ၁၂ နာရီမှ ၄နာရီအထိ ခန့်စည်သူနဲ့ ဝေဠုကျော် ဦးဆောင်မည့် အဖွဲ့ က တော်ဝင်စင်တာ၊ လူမင်းနဲ့ ဒါရိုက်တာကြည်ဖြူသျှင် ဦးဆောင်မယ့် အဖွဲ့က Junction Mawtin၊ ပြေတီဦး နဲ့ ဒါရိုက်တာဝိုင်းတို့အဖွဲ့က Junction Squareစတဲ့ စင်တာများရှိ လက်မှတ် အရောင်း ဌာနတွေမှာကိုယ်တိုင် ကိုယ်ကျ အလှူငွေကောက်ခံ ပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ကြီးမှူးပြီး ကချင်ပြည် နယ်မှာရှိတဲ့ စစ်ဘေးရှောင် တိုင်းရင်းသားပြည် သူတွေအတွက် ရန်ပုံငွေရှာပေးခဲ့ရာမှာ ဇွန် ၁၅၊ ၁၆ရက်နေ့ကပြုလုပ်ခဲ့တဲ့ 'ကချင်ပြည် နယ်ကျေးလက်နေ တိုင်းရင်း သားပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေပဒေသာကပွဲ'မှ ရရှိငွေများနဲ့တခြားအလှူရှင်များရဲ့ အလှူငွေ များအပြင် လက်မှတ်ရောင်းချရငွေအပါအဝင် စုစုပေါင်းရရှိငွေ မှာ သိန်း ၁ဝဝဝကျော်ခန့်ရရှိ နေပြီဖြစ်ကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲ တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဒု-ဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။ ဒီခရီးစဉ်မှာ အလှူငွေများ အပြင် အသုံးအဆောင် ပစ္စည်းတွေပါ လှူဒါန်း မှာဖြစ်ကြောင်း သိရပါတယ်။ ဇူလိုင်၃ရက်နေ့မှာအနုပညာရှင်များ ကိုယ်တိုင် ကချင်ပြည်နယ်ကို သွားရောက် လှူဒါန်းကြ မှာဖြစ်ပြီး ဇူလိုင်၁ရက်နေ့ မှာတော့ ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်း ကြမှာဖြစ်ပါ တယ်။ ထက်လူလူ
Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...