ဧဒင်အချစ်ပုံပြင်: မရမ်းကုန်း တိုက်ပြိုသည့် နေရာအနီး လူသတ်မှုဖြစ်ပွား

Thursday, 28 June 2012

မရမ်းကုန်း တိုက်ပြိုသည့် နေရာအနီး လူသတ်မှုဖြစ်ပွား

မရမ်းကုန်းမြို့နယ် တိုက်ပြိုကျမှုဖြစ်ပွားရာ ရပ်ကွက်အနီးတွင် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ် ခံရမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ အသတ်ခံရသူမှာ မပိုးပိုးမွန် ဖြစ်ပြီး ၀မ်းဗိုက် လည်ပင်းနှင့်ပေါင်တို့တွင် ထိုးသွင်း ဒဏ်ရာ များဖြင့်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့်နေရာမှာ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် မိသားစုလမ်း အိမ်အမှတ် ၂၅ဘီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့အပါအ၀င် ရန်ကုန်တိုင်းဒေသကြီး ဒုစရိုက် နှိမ်နင်းရေးအဖွဲ့မှ တရားခံကိုဖမ်းမိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

" ကလေးမလေးက ဒီနေ့ ယမန်နေ့မနက် ၉ နာရီခွဲလောက်က အိမ်ကို တစ်ယေက်တည်း စက်ဘီးစီးပြီးတော့ပြန်လာ တာပါ။ နောက်၄၅မိနစ်လောက်ကြာတော့ သူရဲ့အမေ၊အဖေတွေ ပြန်လာပြီး သူတို့သမီးလေး ဒီလိုဖြစ်တာ ကိုတွေ့ရတာပါ " ဟု ယင်းပတ်ဝန်းကျင် အနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ရန်ကုန်တိုင်း(မ်) ဂျာနယ် သို့ ပြောကြား သည်။

သေဆုံးသူ စီးနင်းလာသော စက်ဘီး ၊ ဆွဲကြိုး နှင့် နားကပ် တစ်ဖက်မှာမူ ပျောက်ဆုံးလျက်ရှိကြောင်း သေဆုံးသူ၏ အဒေါ်ဖြစ်သူက ပြောသည်။ အခင်းဖြစ်ပွားချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် ပတ်ဝန်းကျင်မှ လူအများမှာ အဆိုပါဖြစ်ရပ်ကို သိရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
 ==============================
===
ဇေယျ
==================================

1 comment:

  1. အော်...ဖြစ်ရလေခြင်း။
    အကောင်းတွေလာမယ်မကြံသေး
    အဆိုးတွေက ဆက်တိုက်လာနေပါလား



    ခင်တဲ့
    အလွမ်း

    ReplyDelete

Related Posts Plugin for WordPress, Blogger...