လည်း ပါဝင်ဦး မှာဖြစ် ပါတယ်။ သဇင်က အိမ်ထောင်ကျပြီး တဲ့နောက်ပိုင်းမှာ ဇာတ် ကားတွေ အရိုက်ကျဲ သွားတယ်လို့ပြောရမှာပါ။ ဒီလို ဇာတ်ကားတွေအရိုက်ကျဲ သွားရခြင်းအကြောင်းကိုတော့ သဇင်က
“အနုပညာလှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယအခွေအတွက် စီစဉ်နေလို့ပါ။ ပထမအခွေတုန်းကလည်း အချိန်ယူခဲ့တယ်။ ဒုတိယအခွေလည်း အဲဒီလိုမျိုး အေးအေးဆေးဆေးပဲ လုပ် ချင်တယ်။ ကားရိုက်ကျတော့လည်း ကိုယ်နဲ့အံဝင် ခွင်ကျဖြစ်မယ့် ကားမျိုးပဲ ရိုက်ချင်တယ်။ ဇာတ်ကားတွေရိုက်ဖို့ရှိတယ်´´လို့လည်း ပြောပါတယ်။ အနုပညာနဲ့ပတ်သက် ပြီး ခင်ပွန်းဖြစ်သူက ဘာမှမပြောပါဘူးလို့ ဆိုလာတဲ့သဇင်ကို အနုပညာအလုပ်အပြင် တခြားစီးပွားရေးပါ လုပ်ဖို့အစီအစဉ်ရှိလား လို့မေးတော့ “ဒါကတော့လုပ်ရမှာပဲ။ အစ်မရယ်မှမဟုတ်ဘူး။ တော်တော်များများ အနုပညာရှင်တွေ လုပ်နေကြတာပဲ။ လူငယ်တွေလည်း လုပ်နေကြတယ်။ သိတာမသိတာဘဲရှိတယ်။
ဒါတွေက လိုအပ် တယ်လေ။ ကိုယ့်အတွက်တော့ နောက်ပိုင်းမှာ အသက်မွေးဝမ်းကျောင်း အနေနဲ့တော့လိုအပ်တယ်´´ လို့ လည်းပြောပါတယ်။
သရုပ်ဆောင်တစ်ယောက်ဆိုတာ ဘယ်အရာမဆို အကုန်လုံးလုပ်တတ်ဖို့ လိုတယ်လို့ပြောလာတဲ့ သဇင်က သူ့ရဲ့ တစ်ကိုယ်တော်စီးရီးရဲ့ ခေါင်းစီးကိုတော့ လောလော ဆယ် `၁ဝဝ ရာခိုင်နှုန်းချစ်သူ´လို့ ယာယီပေးထားပြီး ဒုတိယတစ်ကိုယ်တော် စီးရီးကို ၂ဝ၁၃ လောက်မှပဲ ထွက်ရှိမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ တွယ်တာ

No comments:
Post a Comment