Saturday, 30 June 2012
ထိုင်းအမျိုးသမီး(၂)ဦးတို့သည် စိတ်ကြွဆေးပြား ( ၂၅၀၀ )အား မြန်မာ-ထိုင်း နယ်စပ်မှ သယ်ဆောင်လာဟုဆို
ထိုင်းနိုင်ငံ ချင်းလိုင်းခရိုင် မယ်ကျန်း၊ ဒုဗိုလ်မှူးကြီး ယုတ္ထကော် ထမ္မ၀ှန်းသည် ချင်းလိုင်း-မယ်ကျန်း လမ်းတစ်လျှောက်မူးယစ်ဆေးဝါး သယ်ဆောင်လာမည်ဟုသော သတင်းရရှိထားကြောင်းကို စစ်ဆေးရေးဂိတ်များသို့ အထူးကြီးကြပ်စစ်ဆေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုသို့အထူးစစ်ဆေးရန် အမိန့်ထုတ်ပြန်ထားသည်ဖြစ်ရာ ၂၉.၆.၂၀၁၂ ရက်နေ့ နံနက် (၈)နာရီတွင် မယ်ကျန်းရပ်ကွက် ကျူထပ်ရန်နတ်ဆင်ရှေ့၌ ထိုင်းနိုင်ငံသူများဖြစ်ကြသော အသက်( ၂၁ )နှစ်အရွယ် မနန်းစူဖတ်သလာချေမူ ဆိုသူနှင့် အသက်( ၁၉ )နှစ်အရွယ် မနန်းဝိမုန် ဆန်ကျောက်တို့သည်
ဆိုင်ကယ်စီး၍ ကျောပိုးအိတ်လွယ်ထားသည်ကိုတွေ့ရာ ၎င်းတို့အား မသင်္ကာ၍ ရဲတပ်ဖွဲ့မှ တားမြစ်စစ်ဆေးရာ ကျောပိုးအိတ်အတွင်းရှိ ကလေးပေါင်တာမုန့်တစ်ဗူးထဲတွင် စိတ်ကြွရူးသွပ်ဆေးပြား( ၂၅၀၀ )ပြားကို တွေ့ရှိရာ ၎င်းတို့အား မယ်ကျန်းရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်တွင် " ယခု သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများမှာ မြန်မာ - ထိုင်း နယ်စပ်မှ သယ်ဆောင်လာတာဖြစ်ပြီး၊ ချင်းလိုင်းမြို့တွင်းသို့ပို့ပေးရမည်ဖြစ်ကာ ပို့ဆောင်ခမှာ ထိုင်းဘတ်ငွေ ( ၇၀၀၀ ) ရမည်ဖြစ်ကြောင်း" ထုတ်ဖော်ပြောကြားလာကြောင်းကို ထိုင်းသတင်းဌာနတစ်ခုမှ သတင်းရရှိပါသည်။
သတင်းဖတ်သူများအနေဖြင့် သတိပြုရန်အချက်မှာ
ထိုင်းနိုင်ငံတွင် အမြဲလိုလို ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ၎င်းတို့အနေဖြင့် မြန်မာနယ်စပ်က ရသည်ဟု အမြဲလိုလို ပြောကြားနေသည်ဖြစ်သောကြောင့် ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာ အနေဖြင့် ထိုင်းသတင်းများတွင် မြန်မာဟုသော အသုံးအနှုန်းကို တွေ့ရသည်ဖြစ်ရာ မြန်မာနှင့်သက်ဆိုင်သော သတင်းတစ်ပုဒ်ဟု ယူဆကာ ထိုသို့သော သတင်းများကို ဘာသာပြန်၍ ဆက်လက် တင်ပေးသွားမည် ဖြစ်ပါသည်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment