ဧဒင်အချစ်ပုံပြင်: ပြင်သစ်တွင် အမျိုးသားတစ်ဦး အီဖယ်လ်မျှော်စင်ပေါ်မှ ခုန်ချကာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်ပွား

Wednesday, 27 June 2012

ပြင်သစ်တွင် အမျိုးသားတစ်ဦး အီဖယ်လ်မျှော်စင်ပေါ်မှ ခုန်ချကာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်ပွား


ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အမျိုးသားတစ်ဦးသည် အီဖယ်လ်မျှော်စင်ပေါ်သို့ တက်၍ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ကြောင်း ဇွန် ၂၅ ရက်တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသားသည် မျှော်စင်ပေါ်သို့ ဇွန် ၂၄ ရက် ည ၁၁ နာရီ မိနစ် ၃၀ က တက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ၄င်းတို့အနေဖြင့် မျှော်စင်အနီးတစ်ဝိုက်နေရာများကို အ၀င်အထွက် ပိတ်ထားခဲ့ရပြီး အဆိုပါ
အမျိုးသားအား စေ့စပ်ညှိနှိုင်းမှုကို လက်မခံဘဲ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အီဖယ်လ်မျှော်စင်ပေါ်မှ ခုန်ချသေကြောင်းကြံစည်သူများသည် မကြာခဏ ဖြစ်ပွားတတ်ကြောင်း၊ သို့သော်လည်း မျှော်စင်ပေါ်သို့ တက်နိုင်ရန်မှာ ခက်ခဲလှသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း ရဲဝန်ထမ်းများက ပြောကြားသည်။ (အင်တာနက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...