ဧဒင်အချစ်ပုံပြင်: အိန္ဒိယတွင် သမီးဖြစ်သူအား ဖခင်က ကိုယ်တိုင်သတ်ဖြတ်

Thursday 21 June 2012

အိန္ဒိယတွင် သမီးဖြစ်သူအား ဖခင်က ကိုယ်တိုင်သတ်ဖြတ်


မိမိ၏ သမီးဖြစ်သူအား ခေါင်းဖြတ် သတ်ခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်ပြီး လုံးဝ နောင်တမရကြောင်း အိန္ဒိယ နိုင်ငံသား တစ်ဦးက တရားသူကြီးများအား ပြောကြားခဲ့သည်။ အသက်(၄၆)နှစ် အရွယ်ရှိ အော့ဂ်ဟတ်ဆင်းသည် သမီးဖြစ်သူအား ရိုးရာ အခမ်းအနား တစ်ခုနှင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

 ၎င်းသည် ရဲစခန်းသို့ လက်တစ်ဖက်တွင် ခေါင်းပြတ်ကို ကိုင်ကာ ကျန်တစ်ဖက်တွင် သွေးအလိမ်းလိမ်းနှင့် ဓားကို ကိုင်ဆောင်ပြီး သွားရောက် အဖမ်းခံခဲ့သည်။ ဆင်းသည် လူသတ်မှုဖြင့် တရားစွဲဆို ခံထားရကြောင်း ရဲများက ဆိုသည်။ 

ဒန်ဂါဂျီ ကျေးရွာတွင် နေထိုင်သူများသည် တနင်္လာနေ့က အသတ်ခံရသည့် မိန်းကလေးငယ်ကြောင့် ခြောက်ခြားတုန်လှုပ် ခဲ့ရသည်။


ရဲများက စကျင်ကျောက် တူးဖော်ရေး လုပ်သားတစ်ဦးဖြစ်သော ဆင်းသည် သမီးဖြစ်သူအား မိသားစု အသရေ ညှိုးနွမ်းစေမှုကြောင့် ဒဏ်ခတ်ခဲ့ခြင်းဟု ၀န်ခံသွားကြောင်း ပြောဆိုခဲ့သည်။ အသတ်ခံရသော မိန်းကလေးသည် ယောက်ျားများနှင့် ရှုပ်ထွေးမှု ရှိသဖြင့် နာမည်ပျက်နေရာ လက်မထပ်ရသေးသော ညီမငယ် နှစ်ဦးကို ရိုက်ခတ်မှု ရှိခဲ့ပြီး ခင်ပွန်းသည် ရှာဖွေရန် ခက်ခဲခဲ့ကြောင်းလည်း ဆင်းက ဆိုသည်။ 

အသတ်ခံရသူ မိန်းကလေး မန်ဂျူ ကန်ဝါ၏ နှစ်ပိုင်းဖြစ်နေသော ကြွင်းကျန် ရုပ်အလောင်းအား မီးသင်္ဂြီုဟ်ခဲ့ရသည်။ ထိုဈာပန အခမ်းအနားသို့ မိန်းကလေး၏ မိခင်နှင့် သမီးလေးဦးတို့ တက်ရောက်ခွင့် မရခဲ့ပေ။ ယနေ့ခေတ်တွင် လျှင်မြန်စွာ တိုးတက်လာနေသည့် အိန္ဒိယတွင် သီခေါင်သော ဒေသများ၌ ယခုကဲ့သို့ မိသားစု ဂုဏ်သိက္ခာအတွက် စတေးသတ်ဖြတ်ခြင်းများ ရှိနေဆဲဖြစ်ရာ ယင်းကဏ္ဍကို အစိုးရ အနေဖြင့် ကိုင်တွယ်ရန် ခက်ခဲသော စိန်ခေါ်မှုသဖွယ် ဖြစ်လာခဲ့သည်။

ပါးလွှာသော အ၀တ်စဖြင့် ထုပ်ပိုးထားသော ရုပ်အလောင်းတွင် ဦးခေါင်းကို ခန္ဓာကိုယ်နှင့် ပြန်လည် တွဲဆက်ပေးထားကာ ရိုးရာ ရက်ဂ်ျပစ် စစ်သူရဲများသဖွယ် ၀တ်ဆင်ထားသူ အမျိုးသား (၁၀၀)ခန့်က သင်္ချီုင်းမြေသို့ သယ်ဆောင်ခဲ့ကြသည်။ "သူက ဓားကိုယူတယ်။ ပြီးတော့ အိမ်ထဲမှာ တစ်ယောက်တည်း ရှိနေတဲ့ သမီးဆီကို သွားပြီး တစ်ချက်တည်း ခုတ်ဖြတ်လိုက်တယ်။
 ခေါင်းက မြေကြီးပေါ် ကျသွားတယ်"ဟု နီးစပ်သော ဆွေမျိုး တစ်ဦးဖြစ်သည့် နာရာယန် ဆင်းက ပြောကြားခဲ့သည်။ စွဲချင်တင်ခံထားရသူသည် ယခုလူသတ်မှုအတွက် လုံးဝ နောင်တမရဟု ပြောဆိုခဲ့ကြောင်းလည်း ရဲများက ဆိုသည်။

ရဲအရာရှိ တစ်ဦးက "သံသယ တရားခံက သူ့သမီးကို သူကိုယ်တိုင် သတ်ကြောင်း ၀န်ခံတယ်။ အဲဒီအတွက် နောင်တလည်း မရဘူးတဲ့။ မိန်းကလေးက မိသားစုရဲ့ နာမည်ကို ညစ်နွမ်းစေခဲ့တယ်လို့ သူက ပြောပါတယ်"ဟု သတင်းထောက်များထံ ပြောဆိုသွားသည်။ 
အသတ်ခံရသူ မိန်းကလေးသည် လက်ထပ်ရန် စီစဉ်ထားသော ခင်ပွန်းလောင်းကို လွန်ခဲ့သော (၂)နှစ်က စွန့်ခွာကာ မိသားစုထံ ပြန်လာခဲ့သည်။ ထို့နောက်ပိုင်းတွင် အမျိုးသား အတော်များများနှင့် ဇာတ်လမ်း ဖြစ်ခဲ့သည့်နောက် ဖခင်ဖြစ်သူက ဂုဏ်သိက္ခာအတွက် ယခုလို စတေးလိုက်ခြင်းဟု သိရှိရသည်။

SourceAP on GoogleNews,Planet Myanmar News

1 comment:

  1. ဘယ်လိုပဲ ဖြစ်ဖြစ် သမီးပဲလေ

    ReplyDelete

Related Posts Plugin for WordPress, Blogger...