ဧဒင်အချစ်ပုံပြင်: မွေးကင်းစအမြွှာနှစ်ဦး ရေသန့်စင်သည့်ဗွီဒီယိုဖိုင် YouTube ၌ အကြည့်များနေ

Monday 18 November 2013

မွေးကင်းစအမြွှာနှစ်ဦး ရေသန့်စင်သည့်ဗွီဒီယိုဖိုင် YouTube ၌ အကြည့်များနေ

မိခင်ဝမ်းမှ မွေးကာစ ရက်ပိုင်းသာရှိသော အမြွှာနှစ်ဦးအား မိခင်၏ ဝမ်းဗိုက်အတွင်း နေစဉ်ကလို ခံစားမှုမျိုးဖြစ်အောင် ဖန်တီးစီစဉ်ထားသည့် Ms Rochel ၏ မွေးကင်းစသီးသန့် ရေချိုးကန်အတွင်း ရေသန့်စင်နေသော အမြွှာကလေးနှစ်ဦး၏ ဗွီဒီယိုဖိုင်ဟာ YouTube ၌ ကြည့်ရှုသူဦးရေ များပြားလျက်ရှိကြောင်း သိရသည်။
Twin Bath
၂ မိနစ်နှင့် စက္ကန့်(၅၀)သာ ကြာသော ယင်းဗွီဒီယိုဖိုင်အတွင်းဝယ် ယောက်ျားလေးနှင့် မိန်းကလေး အမြွှာကလေးနှစ်ဦးက မိခင်ဝမ်းတွင်းမှာ နေစဉ်ကလို တစ်ဦးကိုတစ်ဦး ဖက်တွယ်လျက် မခွဲမခွါရှိနေကြတာကိုက ၎င်းတို့နှစ်ဦးအကြားရှိနေသော မေတ္တာတရားကို ပေါ်လွင်စေသည်။
ကလေးနှစ်ဦးမွေးဖွားသော ဆေးခန်းရှိ ‘The Thalasso Baby Spa’ တွင် ၎င်းတို့အား ရေသန့်စင်ပေးနေသည့် ဗွီဒီယိုဖိုင်ကို Ms Rochel က YouTube ၌ တင်ခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူ အရေအတွက်ဟာ ယခုဆို ၈၄ သိန်းကျော်သွားပြီဖြစ်သည်။

ထိုကဲ့သို့ ရေချိုးနည်းကို Thalasso Baby Spa စတင်ထူထောင်သည့် မြေးခြောက်ယောက်၏အဖွား Ms Rochel က ၎င်း ရေချိုးစဉ် မျက်နှာပေါ်ရေတွေကျနေတာကို ဇိမ်ကောင်းကောင်းယူရင်း အတွေးရလာခဲ့ကာ ထို Thalasso Baby Spa စ ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အထူးစီမံထားသည့် ထိုရေချိုးကန်အတွင်းဝယ် နှစ်လအောက် ကလေးငယ်များကိုသာ ရေချိုးပေးခြင်းဖြစ်ပြီး ကလေးငယ်၏ မိဘများကို အိမ်တွင် ထိုကဲ့သို့ရေချိုးနည်းဖြင့် အတတ်မစမ်းဖို့ကို Ms Rochel က သတိပေးထားသည်။
ယခုဆိုလျှင် ဗွီဒီယိုဖိုင်ထဲတွင် ပါဝင်သော အမြွှာကလေးများဟာ တစ်လအရွယ်ရှိပြီဖြစ်ပြီး ၎င်းတို့၏ မိခင်အမည်ကိုတော့ မဖော်ပြထားပေ။ ဗွီဒီယိုဖိုင်ကို အောက်တွင် ကလစ်နှိပ် ကြည့်ရှုနိုင်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...