ဧဒင်အချစ်ပုံပြင်: "မင်္ဂလာဝတ်စုံ ရိုက်ကွင်းပေါ်က သတို့သားလောင်း ကိုဥက္ကာမြင့်ကြူ ရဲ့စကား"

Monday 18 November 2013

"မင်္ဂလာဝတ်စုံ ရိုက်ကွင်းပေါ်က သတို့သားလောင်း ကိုဥက္ကာမြင့်ကြူ ရဲ့စကား"

Photo: "မင်္ဂလာဝတ်စုံ ရိုက်ကွင်းပေါ်က သတို့သားလောင်း ကိုဥက္ကာမြင့်ကြူ ရဲ့စကား"

 ဖေဖော်ဝါရီလ ထဲမှာ မင်္ဂလာပွဲပြုလုပ်မယ့် ကိုဥက္ကာမြင့်ကြူ နဲ့ ဝိုင်းစုခိုင်သိန်း တို့ရဲ့ မင်္ဂလာအကြို ပုံရိပ်များ ကိုတော့ နိုဝင်ဘာ ၁၅ ရက်နေ့က ဖြိုးမိုးသိင်္ခ စတူရီယို မှာ သွားရောက် ရိုက်ကူး ခဲ့ပါတယ်။ ဓာတ်ပုံ ရိုက်ကူးမှု အပြီး သတို့သား လောင်း ဥက္ကာမြင့်ကြူ ကို အင်တာဗျူး ဖြစ်ခဲ့တာကတော့ . ..

ချစ်သူနှစ်ယောက်စတွေ့ ခဲ့ပုံ

ဝိုင်းစု နဲ့ ချစ်သူ သက်တမ်းသုံး နှစ်ကျော် သွားပါပြီ။ ဝိုင်းစုကို မတွေ့ခင် ကတည်းက သဘောကျ ခဲ့တာတော့ မဟုတ်ဘူး။ ၂ဝ၁ဝ တုန်း က အမေရိက လာ ပြီး ဖျော်ဖြေရေး လုပ်ရင်းနဲ့ မှ တွေ့ပြီး သဘောကျသွား တာပါ။

အချစ်နဲ့ နားလည်မှု

ချစ်သူဖြစ်တဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တော့ပေး ရတာပေါ့။ တစ်ယောက် နဲ့ တစ်ယောက် အလျှော့ အတင်းတော့ လုပ်ရ တာပေါ့။ သူက အနုပညာ သည် ဖြစ်တော့ အနုပညာ လုပ်ငန်းက သာမန် လူတွေနဲ့ မတူဘူးလေ။ သီချင်း ဆိုတာကတော့ ဘာမှမဟုတ် ဘူးလေ။ ရုပ်ရှင် ရိုက်တာ ကျတော့ နား လည် မှုပေးရတာပေါ့။ သူလည်း ဝါသနာ ပါတာကို လုပ်နေတာ ဆိုတော့ ကျွန်တော့် ဘက်က ဘာမှ အဆင်မပြေ တာမရှိပါဘူး။ အဆင်ပြေပါတယ်။

လက်တွဲဖော်အဖြစ် ရွေးချယ်ပုံ

အဓိက အချက် ကတော့ သူ့ကို စစတွေ့ချင်း စိတ်ထဲမှာ တစ်မျိုးပဲ ရင်ခုန် တယ်။ တစ်ခါမှ မဖြစ်ဖူးတဲ့ ခံစားချက်မျိုး ဖြစ်တယ်။ propose တွေ လုပ် ပြီးတော့ မြန် မာပြည် ပြန်လာတယ်။ သူ နဲ့ ချစ်သူတွေ ဖြစ်သွားပြီးတော့ ဒီကြား ထဲမှာ သွားရင်း လာရင်းနဲ့ လည်း ပိုပြီး သံယောဇဉ် ဖြစ်လာတယ်။ သူ့အတွေး အခေါ် တွေက ကျွန်တော် နဲ့ အဆင်ပြေတယ်။ မိဘကိုလည်း သိ တတ်တယ်။ သူ့အတွက် ထက်သူ့ မိသားစု၊ ကျွန်တော့် အတွက် အမြဲတမ်း စဉ်းစားတယ်။ စိတ်ထား ကောင်းတယ်။ အဲ ဒါကြောင့် ရွေးချယ်တာပါ။ ဝိုင်းစုကို အနုပညာလုပ် ခွင့်ပေးပါတယ်။ သူအဆင်ပြေတဲ့ အချိန်ထိ သူ ဝါသနာပါတဲ့ အလုပ်ကိုလုပ် နေတာပဲ။ သူ နောက်ဆုံး အသက် တွေ ကြီးလာ လို့ မလုပ်ချင်ဘူး။ ပင်ပန်း တယ်ဆိုရင်လည်း သူ့သဘောပါပဲလို့ ဖြေကြားပေးခဲ့ ပါတယ်။

ခိုင်ဝေလွင်

ဓါတ်ပုံ – အေးဇော်မိုး (စက်မှု)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...