ဂျပန်နိုင်ငံရှိ အသက်(၂၉)နှစ်အရွယ် မိခင်တစ်ဦးဟာ သူမရဲ့ (၁၉)လသားအရွယ်
သားလေး ဖျားနေတာကို ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲချိန်တွင် သိထားခဲ့ပေမယ့်
ကလေးကို အိပ်ယာပေါ်တွင် လှဲအိပ်စေကာ သူမကတော့ Online မှာ Chatting
ဝင် စကားပြောနေခဲ့ရာမှ နောက်တစ်နေ့ မနက်အစောပိုင်း (၂)နာရီလောက်တွင်
အသက်မရှိတော့သော ကလေး၏ အလောင်းအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ဖျားနေတဲ့ကလေးကို ပြုစုစောင့်ရှောက်မှုမရှိဘဲ လျစ်လျူရှု ပစ်ထားတဲ့အတွက်
ကလေးငယ်သေဆုံးမှု ဖြစ်ပေါ်စေခဲ့တယ်လို့ သံသယရှိသောကြောင့် ကလေး၏မိခင်ကို
ကြာသပတေးနေ့တွင် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုအမျိုးသမီးဟာ သူမ၏ ပထမကလေးကို မွေးဖွားပြီး ရက်အနည်းငယ်အကြာတွင်
ဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်ကာ ဒုတိယသားကိုလည်း နေအိမ် balcony
မှ ပြုတ်ကျသေဆုံးသွားခဲ့လို့
ဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
သူမက Online မှ chatroom များကို မတော်တဆမှုများကြောင့်
ကလေးငယ်သေဆုံးပြီးနောက်ပိုင်း ရခဲ့သော စိတ်ဖိစီးမှုကို
ဖြေဖျောက်နိုင်ရန်နှင့် လူအများနှင့် ဆက်သွယ်ရန်အလို့ငှါ အသုံးပြုနေခဲ့သူ
တစ်ဦးဖြစ်တယ်လို့ ရဲများကို သူမကိုယ်တိုင် ပြောခဲ့ကြောင်းလည်း သိရသည်။
ဒါ့အပြင် သူမက ကလေးငယ်ကြီးပြင်းအောင် ပြုစုစောင့်ရှောက်ရတာဟာ အရမ်းကို
ကသီလင်တနိုင်တာပဲလို့ ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

No comments:
Post a Comment