ဧဒင်အချစ်ပုံပြင်: သြဂုတ် ၇ ရက် ၂၆ နှစ်ပြည့်မွေးနေ့ကို ရှုတင်မှာပဲ ဖြတ်သန်းမယ့် မြင့်မြတ်

Monday 9 July 2012

သြဂုတ် ၇ ရက် ၂၆ နှစ်ပြည့်မွေးနေ့ကို ရှုတင်မှာပဲ ဖြတ်သန်းမယ့် မြင့်မြတ်

သရုပ်ဆောင် မြင့်မြတ်က Actor Star ဘောလုံး အသင်းရဲ့ ရှေ့တန်း
တိုက်စစ်မှူး ဖြစ်ပါတယ်။  သရုပ်ဆောင်များ ဖြစ်တာမို့ ထရိန်နင် နည်းသော်လည်း အထူးသဖြင့် လူမှုရေးပွဲ၊ ရန်ပုံငွေပွဲများကို ကြိုးစားကန်ကြသူများ ဖြစ်ပါတယ်။ ရသမျှငွေများကိုလည်း လှူကြပါတယ်။ ဇွန် ၂၉ ရက်နေ့ ညနေ ၄ နာရီ လှိုင်မြို့နယ် အားကစားကွင်းမှာ ရခိုင်ပြည်နယ်အတွက် ရံပုံငွေပွဲ ကန်ကြတာမို့ မြင့်မြတ်ကို တွေ့မေးခဲ့ပါတယ်။
“ကျွန်တော်တို့ အဖွဲ့က ကန်တိုင်းရှုံးတာတော့ မဟုတ်ပါဘူး။ နိုင်တဲ့ပွဲလည်း ရှိပါတယ်။ မကြည့်ဖြစ်လို့ ဖြစ်ပါလိမ့်မယ်။ အားကစားဆိုတာကတော့ ဒီလိုပဲပေါ့။ နိုင်တာလည်းရှိ၊ ရှုံးတာလည်း ရှိတာပဲလေ။ ကျန်းမာရေးလည်း ကောင်းတယ်။ ဝါသနာပါတာကြောင့်လည်း ကန်ဖြစ်တယ်” လို့ပြောပြီး ဒါရိုက်တာ နေပိုင်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းနဲ့ ရိုက်နေတဲ့ ဘဝသရုပ်ဖော် ကားအတွက် မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေ ထားတာလို့လည်း ဆိုပါတယ်။
သြဂုတ် ၇ ရက်နေ့ဟာ မြင့်မြတ်ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ၂၅ နှစ်ပြည့်အထိ ပထမ ကုမ္ပဏီမှာ နေရင်း မွေးနေ့ပွဲ နွှဲလေ့ရှိတာမို့ ယခုနှစ် အစီအစဉ်ကို မေးတဲ့အခါ ၂၆ နှစ်ပြည့် မွေးနေ့ကို အကြီးအကျယ် မလုပ်ပါဘူး။
ကားရိုက်နဲ့လည်း တိုက်နေမယ်ထင်တယ်။ ဒါကြောင့် ရှုတင်အဖွဲ့သားတွေနဲ့ပဲ မွေးနေ့ ကျင်းပလိုက်မယ်” လို့ ပြောပါတယ်။
အရင်က မြင့်မြတ် မွေးနေ့မှာ ကုမ္ပဏီကို လာကြတဲ့ ဗီဒီယို ကိုယ်စားလှယ်များကို အမှတ်တရ မုန့်များကျွေးပါတယ်။ ဒါကြောင့် ဒီနှစ်အစီအစဉ်ကို မေးတဲ့အခါ “ကျွန်တော့်မွေးနေ့မှာ ကျွန်တော့်ကား ဖြန့်တဲ့ရက်နဲ့ ကြုံရင်တော့ အဲဒီအစီအစဉ် ပါမယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ်ပြည့်အထိ အမှတ်တရ မွေးနေ့ဆိုတာ မရှိခဲ့ပါဘူး။ ဒီလိုပဲ ပုံမှန်ဖြတ်သန်းခဲ့တာပါပဲလို့ ပြောခဲ့ပါတယ်။
SHADE Journal

1 comment:

  1. ဖတ်သွားတယ် သယ်ရင်းရေ ...:-)

    ReplyDelete

Related Posts Plugin for WordPress, Blogger...