
ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲမှာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲခဲ့တဲ့ခွေး ဒီခွေးကို ကြည့်လိုက်ရင် နှာခေါင်း ပုတိုတို၊ မျက်လုံး သေးသေး၊ အဖြူရောင် နှုတ်ခမ်းမွှေး တွေလည်း ကျိုးတိုး ကျဲတဲ ပေါက်နေသေး တာ ကြောင့် သူ့ရဲ့အလှတရားကို မှန်ဘီလူး နဲ့ အသေးစိတ် ရှာကြည့် ရင်တောင် တွေ့နိုင်မယ် မထင်ပါဘူး။ ဒီလို အကျည်းတန် ရုပ်လက္ခဏာတွေ ကြောင့် ဖြစ်မယ်ထင်ပါရဲ့။ မြောက်
ကယ်လီဖိုးနီးယားမှာ နှစ်စဉ်ကျင်းပ နေကြ ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ အရုပ်ဆိုးဆုံးခွေးပြိုင်ပွဲ(World's Ugliest Dog) မှာ ထိုက်ထိုက်တန်တန် အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။
ကမ္ဘာ တစ် လွှားက တခြားအရုပ်ဆိုးခွေး (၂၈) ကောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အသက် (၈)နှစ်အရွယ် မက်ဂလေကို ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုချင်း ဆီမှာ ဘယ်သူ့မှ မယှဉ်ပြိုင်နိုင်ခဲ့တာ ကြောင့် ဆုကြေးငွေဒေါ်လာ ၁၀ဝ၀နဲ့ အတူ ဆုဖလား သိမ်းပိုက်နိုင်ခဲ့တာပါ။ ပိုင်ရှင်ဖြစ်သူ ဘက်ဗ်နီကိုလ်ဆင်က လည်း "မက်ဂလေရဲ့ နာမည်ကြေ ညာလိုက်ချိန်မှာ ကျွန်မဖော်မပြနိုင် လောက်အောင် ဝမ်းသာခဲ့ရပါ တယ်"လို့ ပြောကြားခဲ့ပါတယ်။ မက် ဂလေအတွက် အခုလို ကမ္ဘာ့ရုပ်အဆိုး ဆုံးခွေးအဖြစ် အသိအမှတ်ပြုခံရတာ ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀ဝ၅ ခုနှစ်မှာလည်း ဗြိတိန်ရဲ့ အရုပ် အဆိုးဆုံးခွေးအဖြစ် အသိအမှတ်ပြု ခြင်းခံခဲ့ရပါတယ်။
@First Music News
No comments:
Post a Comment