ဧဒင်အချစ်ပုံပြင်: ရောဂါဆန်းတစ်မျိုးကြောင့် ကမ္ဘောဒီးယား၌ ကလေး ၆၁ ဦးသေဆုံး

Friday, 6 July 2012

ရောဂါဆန်းတစ်မျိုးကြောင့် ကမ္ဘောဒီးယား၌ ကလေး ၆၁ ဦးသေဆုံး


ကမ္ဘောဒီးယားနိုင်ငံ၌ ကလေး ၆၀ ကျော်အား သေဆုံးစေခဲ့သော ထူးထူးဆန်းဆန်း ရောဂါတစ်မျိုး ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စုံစမ်းလေ့လာလျက်ရှိကြောင်း ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။ ကမ္ဘောဒီးယားနိုင်ငံ၌ ဧပြီလမှစ၍ ထူးထူးဆန်းဆန်း ရောဂါဖြင့် ကလေး ၆၂ ဦးကို ဆေးရုံတင်ခဲ့ရပြီး ၆၁ ဦး သေဆုံးခဲ့ရကြောင်း သို့ရာတွင် အဆိုပါ ရောဂါမှာ လူတစ်ဦးမှ အခြားတစ်ဦးထံသို့ ကူးစက်ပျံ့နှံ့သည့် လက္ခဏာကို မတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။ ထူးထူးဆန်းဆန်း ရောဂါခံစားရသည့် ကလေးငယ်များမှာ အပြင်းဖျားပြီးနောက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ခံစားခဲ့ရကြောင်း၊ လူနာအချို့မှာ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများကို ပြသကြောင်း ဒေါက်တာ နီမာအက်စ်ဂါရီက ပြောကြားသည်။ ရောဂါထူးထူးဆန်းဆန်း ဖြစ်ပေါ်စေသော အကြောင်းတရားများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေ့လာလျက်ရှိသည်။ (အင်တာနက်)






1 comment:

  1. အမလေး အဲဒီရောဂါဆန်းဒီဖက်ကူးလာရင်တော့သေပြီဆရာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...