
ယမန်နှစ် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက် မြရတနာအိမ်ရာ၊ မြရတနာလမ်းနေ ဒေါ်ရင်ရင်ရွှေ (၇၀ နှစ်)သည် ကျိုက်ခေါက် ဘုရားလမ်းရှိ သားဖြစ်သူ ကိုယုဝေ ပိုင်ဆိုင်သည့် သုခဝေ စားသောက်ဆိုင်ရှေ့၌
သားဖြစ်သူနှင့်အတူရပ်ကာ စကားပြောနေခဲ့စဉ် အမည်မသိသူ ခုနစ်ဦးတို့ ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး မွန်းလွဲ ၂ နာရီ အချိန်ခန့်က စားသောက်ဆိုင်ရှေ့တွင် လူများ ရှုပ်နေ၍ “လူမိုက်တွေလားမသိဘူး လာကြည့်ပါဦး”ဟု သက်ဆိုင်ရာရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားသည့်အပေါ် မကျေနပ်၍ ပြန်ရောက်လာခြင်းဖြစ်ပြီး “ရဲစခန်းသို့ ဖုန်းဆက်သူမှာ မည်သူနည်း”ဟု မေးရာ ဒေါ်ရင်ရင်ရွှေက ဖုန်းဆက်သူမှာ ၎င်း ဖြစ်ကြောင်း ပြန်ပြောလိုက်ချိန်တွင် လူခုနစ်ဦး အနက် တစ်ဦးက ဒေါ်ရင်ရင်ရွှေ၏ ရှေ့မှောက် ၌ပင် သားဖြစ်သူကို ပါးရိုက်ခဲ့သည်ဟု ဆိုသည်။
ပါးရိုက်ပြီးနောက် ဆိုင်ထဲသို့ အဓမ္မ ဆွဲခေါ်သွားခဲ့ကြချိန်တွင် ဒေါ်ရင်ရင်ရွှေက လမ်းဘေးရှိ တယ်လီဖုန်းဖြင့် သန်လျင် ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီးနောက် ဆိုင်ထဲသို့ ၀င်ရောက်ကြည့်ရှုစဉ် လူစိမ်း ခုနစ်ဦးကို မတွေ့ရတော့ဘဲ သားဖြစ်သူ ကိုယုဝေမှာ ဆိုင်ကောင်တာနောက်၌ ၀ဲလက် ပြင်အောက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ကျောလယ် တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဆီးခုံဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ခဲ့ကာ တိုင်တန်းသဖြင့် သန်လျင် ရဲစခန်းက (ပ)၅၈၄/၁၁ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂/၁၁၄ အရ အရေးယူကာ တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာ၌ ပြစ်မှုကျူးလွန်ခဲ့ကြသော တရားခံ (၁၃)ဦးကို သေဒဏ်အသီးသီး ကျခံစေရန်၊ ၎င်းတရားခံများအားလုံးကို မသေမချင်း ကြိုးကွင်းစွပ်၍ သတ်ရမည်ဟု အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။
Source : Myanmartimes
No comments:
Post a Comment